Healthy Life Ad
Health Tips

ကြင်နာသော အနမ်းတစ်ပွင့်၏ အစွမ်းသတ္တိ

၊ ကိုထက် ၊

ကိုယ်ချစ်ခင်တဲ့သူတွေကို အကြင်နာအနမ်းပေးတာကြောင့် သင့်စိတ်နဲ့ ခန္ဓာကို သန်စွမ်းကျန်းမာစေပါတယ်။ ဒါပေမဲ့ ချစ်သူနှစ်ဦးစလုံးက အအေးမိ၊ တုပ်ကွေးဖျားနာတဲ့ ဝေဒနာကင်းနေဖို့တော့ လိုပါတယ်။

(၁) ကိုယ်ခံစွမ်းအားစနစ်ကို ကောင်းမွန်စေခြင်း
အကြင်နာပေးတာကြောင့် ခန္ဓာကိုယ်ရဲ့ ခုခံစွမ်းအားစနစ်ကို သန်စွမ်းကျန်းမာစေပြီး ရောဂါပိုးမွှားတွေကို တွန်းလှန်နိုင်စွမ်းရှိပါတယ်။ ဆေးပညာဂျာနယ်ရဲ့ လေ့လာမှုတစ်ခုအရ အကြင်နာပေးတာကြောင့် အမျိုးသမီးတွေမှာ ကိုယ်ခံစွမ်းအားကောင်းစေပြီး Cytomegalovirus ဗိုင်းရပ်စ်ကို တွန်းလှန်ဖယ် ရှားနိုင်စွမ်းရှိကြောင်း သိရပါတယ်။ ဒီဗိုင်းရပ်စ်ကို ကိုယ်ဝန်ဆောင်ချိန်အတွင်း သယ်ဆောင်သူအဖြစ် ရှိရင် သန္ဓေသားမှာ မျက်စိမမြင်တာနဲ့ မွေးရာပါ ချို့ ယွင်းချက်ပါတာကို ဖြစ်စေနိုင်ပါတယ်။

(၂) ကယ်လိုရီကို လောင်ကျွမ်းစေခြင်း
အကြင်နာပေးချိန် တစ်မိနစ်ကြာတိုင်း ၂-၆ ကယ် လိုရီကို လောင်ကျွမ်းစေတယ်လို့ လေ့လာမှုမှတ်တမ်း အမျိုးမျိုးအရ သိရပါတယ်။ ကိုယ်အလေးချိန်များလို့ ပိန်ချင်သူတွေအတွက် သတင်းကောင်းပါ။

(၃) မျက်နှာကြွက်သားများကို သန်စွမ်းစေခြင်း
ပေါင်၊ ဝမ်းဗိုက်တွေမှာ ဆဲလ်လူးလိုက်အဆီပို ကင်းပြီး သန်စွမ်းကြံ့ခိုင်နေရင် ကျန်းမာတာမှန်ပေမယ့် မျက်နှာကြွက်သားတွေ သန်စွမ်းကျန်းမာဖို့လည်း လို အပ်ပါတယ်။ အကြင်နာပေးတာကြောင့် မျက်နှာပြင် ရှိ ကြွက်သား ၃၀ ခုကို လှုပ်ရှားမှု ဖြစ်စေကာ ပါးပြင် ကို တင်းရင်းစေတယ်လို့ သိရပါတယ်။

(၄) အပန်းပြေစေခြင်း
အကြင်နာပေးတာကြောင့် ခန္ဓာကိုယ်မှ စိတ်အပန်းပြေ ကြည်နူးစေတဲ့ အောက်ဆီတိုစင် ထုတ်လုပ်မှုအဆင့်ကို မြင့်တက်စေတယ်လို့ သိပ္ပံနည်းကျ လေ့လာမှုအရ သိရပါတယ်။ အကြင်နာပေးတာကြောင့် စိတ်ခံစားမှုကောင်းစေတဲ့ အန်ဒေါ်ဖင်ဓာတ်လည်း အထွက်တိုးပါတယ်။ အကြင်နာပေးတာကြောင့် အချင်းချင်း သံယောဇဉ်တိုးစေတဲ့ ဒိုပါမင်း အထွက်တိုး စေပါတယ်။

(၅) အကောင်းဆုံး ဘဝအဖော်ကို ရွေးချယ်နိုင်ခြင်း
Cranial နာ့ဗ်ကြော ၁၂ ခုအနက် ငါးခုက ပါးစပ်တစ်ဝိုက်မှာရှိတဲ့ အချက်အလက်တွေကို ရယူပါတယ်။ အကြင်နာပေးတဲ့အချိန်မှာ ကျန်းမာရေး၊ မျိုးဆက်ပွားမှုနဲ့ မျိုးဗီဇစတာတွေကို လက်ခံတဲ့ ဖြစ်စဉ်ကို လှုံ့ဆော်ပေးပါတယ်။ ဒါကြောင့် ချစ်သူတွေ ပထမဆုံး အကြင်နာပေးကြတဲ့အခါ ရှေ့ဆက်တွဲသင့်၊ မတွဲသင့် အဆုံးအဖြတ် ရသွားလေ့ရှိတယ်လို့ နယူးယောက်တက္ကသိုလ်က ပါမောက္ခဂျော်ဒန်က ရှင်းပြပါတယ်။

(၆) ခံတွင်း ကျန်းမာစေခြင်း
အကြင်နာပေးတာကြောင့် တံတွေးစီးဆင်းမှု တိုးစေကာ ပါးစပ်၊ သွားနဲ့ သွားဖုံးတွေကို ကျန်းမာစေပါတယ်။ အပိုထွက်ရှိလာတဲ့ တံတွေးတွေက သွားကြိုသွားကြားက စားကြွင်းစားကျန်တွေကို ဖယ်ရှားပေးနိုင်ကာ ပိုးမွှားတွေကို ကင်းစင်စေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top