Healthy Life Ad
Health Tips

အနမ်းများစွာနဲ့ ထုပ်ပိုးထားတဲ့ လက်ဆောင်

———၊ စူး (ဆေးဝါးတက္ကသိုလ်) ၊———

တစ်ရက်မှာ ဦးနိုင်ထွန်းဟာ သူရဲ ့ငါးနှစ်အရွယ်သမီးလေးကို ရွှေရောင်ပါကင်စက္ကူလိပ်တွေ ဖြုန်းတီးတယ်ဆိုပြီး ဆူပူပါတယ်။ သမီးလေးက ရွှေရောင်ပါကင်စက္ကူတွေကို ထုပ်ပိုးပြီး လက်ဆောင်ဘူးလေးတွေ လုပ်နေလို့ပါပဲ။

သမီးလေးက ဆူပူနေတဲ့ဖခင်ကို အရေးမထားဘဲ လက်ဆောင်ဘူးတစ်ဘူးကိုယူပြီး “ဒါက ဖေဖေ့အတွက်”ဆိုပြီး ပေးလိုက်ပါတယ်။

ဖခင်ဖြစ်သူက ဘူးကို ဖွင့်ကြည့်လိုက်တော့ ဘာမှမပါတဲ့အတွက် ပိုစိတ်ဆိုးပြီး သမီးဖြစ်သူကို အော်ပါတော့တယ်။

“တစ်ယောက်ယောက်ကို လက်ဆောင်ပေးတယ်ဆိုရင် အထဲမှာ တစ်ခုခုထည့်ထားရတယ်ဆိုတာ မသိဘူးလား၊ အခုတော့ ပါကင်စက္ကူတွေ ဖြုန်းတီးရာရောက်တာပေါ့”

သမီးလေးက သူ့ဖခင်ကိုကြည့်ပြီး မျက်ရည်တွေတွေကျကာ ငိုရင်းပြောပါတယ်။

“မဟုတ်ဘူး ဖေဖေ၊ အထဲမှာ ဘာမှမပါတာမဟုတ်ဘူး။ လက်ဆောင်ဘူးထဲမှာ သမီးအနမ်းတွေစုထည့်ထားတာ။ အဲဒီအနမ်းတွေအားလုံးက ဖေဖေ့အတွက်”

သမီးလေးရဲ့စကားကိုကြားမှ ဖခင်လည်း အံ့သြသွားပြီး သမီးလေးကို ပွေ့ဖက်ရင်း တောင်းပန်စကားဆိုလိုက်ပါတယ်။

နောက်မကြာခင်မှာ မတော်တဆထိခိုက်မှု တစ်ခုဖြစ်ပြီး သမီးလေးဆုံးပါးသွားခဲ့ပါတယ်။ ဦးနိုင်ထွန်းရဲ့ အိပ်ရာဘေးမှာ ရွှေရောင်စက္ကူထုပ်ပိုးထားတဲ့ လက်ဆောင်ဘူးလေးကို နှစ်ပေါင်းများစွာကြာတဲ့အထိ သိမ်းဆည်းထားပါတယ်။ သူ့အနေနဲ့ စိတ်ဓာတ်ကျတိုင်း၊ သတ္တိမရှိတော့တဲ့အခါတိုင်း၊ လဲပြိုချင်စိတ်ဖြစ်တဲ့အခါတိုင်း ရွှေရောင်စက္ကူဘူးထဲက သမီးလေးရဲ့အနမ်းတွေကို ရယူရင်း အားတင်းနေထိုင်နိုင်ခဲ့ပါသတဲ့။

ဒီစာစုလေးဟာ ချစ်ခြင်းမေတ္တာဆိုတာ ကမ္ဘာလောကကြီးထဲမှာ တန်ဖိုးအရှိဆုံးလက်ဆောင် ဖြစ်တယ်ဆိုတာကို ပြသနေတာပါ။

Most Popular

Healthy Life Ad
To Top