Healthy Life Ad
Life Style

ကိုယ်ဝန်မရှိဘဲ ရာသီမလာရသည့် အကြောင်းများ

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)
သန္ဓေတားဆေးသောက်တာ၊ သန္ဓေတားဆေးထိုးတာ စတဲ့ကိုယ်ဝန်တားတဲ့နည်းတချို့ဟာ ဘေးထွက်ဆိုးကျိုးအနေနဲ့ ရာသီမလာဘဲ ပျောက်နေတတ်ပါတယ်။

– လေ့ကျင့်ခန်းကို အလွန်အမင်းလုပ်ခြင်း
အမျိုးသမီး အားကစားသမားတွေက လေ့ကျင့်ခန်းကို အပြင်းအထန်လုပ်ဆောင်လေ့ရှိတာကြောင့် ရာသီသွေးမလာတာနဲ့ အရိုးပါးရောဂါတို့ ဖြစ်နိုင်ခြေများပါတယ်။ လတ်တလောလေ့လာမှုအသစ်အရ လေ့ကျင့်ခန်းလုပ်လွန်းတာကြောင့် အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ပုံပန်းသဏ္ဌာန်ကို သက်ရောက်မှုရှိစေပြီး ဟော်မုန်းစနစ်ကို ထိခိုက်စေတယ်လို့ သိရပါတယ်။

– သားဥအိမ်တွင် ရေအိတ်ငယ်လေးများရှိခြင်း
သားဥအိမ်မှာ ရေအိတ်ငယ်လေးတွေရှိတဲ့ ရောဂါစု (PCOS)က ရာသီသွေးမလာတာကို ဖြစ်စေနိုင်ပါတယ်။ အမျိုးသမီးတွေမှာ အဖြစ်များဆုံး ဟော်မုန်းပြောင်းလဲစေတဲ့ ရောဂါစုဖြစ်ပြီး မျိုးအောင်နိုင်စွမ်း ထိခိုက်မှုကို ၇၀ ရာခိုင်နှုန်းအထိ ဖြစ်စေနိုင်ပါတယ်။ သားဥအိမ်မှာ အရည်အိတ်ငယ်လေးတွေ ကြီးထွားလာတာနဲ့ ကျားဟော်မုန်း တက်စတိုစတီရုန်း အဆင့်မြင့်တက်တာကြောင့် ဖြစ်လာတဲ့ရောဂါစုပါ။ တခြားလက္ခဏာတွေအနေနဲ့ ကိုယ်အလေးချိန် မြင့်တက်တာ၊ ရာသီမမှန်တာ၊ ဝက်ခြံပေါက်တာ၊ မျက်နှာမှာ အမွေးအမှင်တွေ ပေါက်လွန်းတာတို့လို လက္ခဏာတွေ ဖြစ်တတ်ပါတယ်။

– ကိုယ်အလေးချိန် လျင်မြန်စွာကျခြင်း
ကိုယ်အလေးချိန်များလွန်းတာ ဒါမှမဟုတ် ကိုယ်အလေးချိန်နည်းလွန်းတာက ရာသီမလာတာကို ဖြစ်စေတဲ့အကြောင်းရင်းတွေပါ။ ကိုယ်အလေးချိန် ရုတ်တရက်ကျသွားရင်လည်း ရာသီမလာတာမျိုး ဖြစ်တတ်ပါတယ်။ ကိုယ်အလေးချိန်ကျလွန်းတဲ့အတွက် ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မစနစ်ထိခိုက်ရာက မျိုးဆက်ပွားစနစ်ကို ထိခိုက်စေတာဖြစ်ပါတယ်။

– အိပ်ရေးပျက်လွန်းခြင်း
အိပ်စက်ချိန် ပုံမမှန်တဲ့ အမျိုးသမီးတွေကလည်း ရာသီလာတာ ရပ်သွားတတ်ပါတယ်။ အိပ်ရေးမလုံလောက်တာ၊ အိပ်စက်မှုစနစ် မကောင်းတာတွေက ရာသီပုံမမှန်တာနဲ့ ရာသီမလာတာတို့ ဖြစ်တတ်ပါတယ်။ အိပ်စက်မှုက အမျိုးသမီးတစ်ယောက်ရဲ့ ကျန်းမာရေးအတွက် အလွန်အရေးပါတဲ့အရာပါ။

– သွေးဆုံးအကြိုကာလဖြစ်ခြင်း
သွေးဆုံးအကြိုကာလမှာ ရာသီသွေးမဆင်းတာ ဖြစ်တတ်ပါတယ်။

– စိတ်ဖိစီးမှု များလွန်းခြင်း
စိတ်ဖိစီးမှုများတာကြောင့် သွေးဆုံးအကြိုကာလမှာ ရာသီမလာတာနဲ့ ရာသီပုံမမှန်တာတို့ ဖြစ်တတ်ပါတယ်။ စိတ်ဖိစီးမှုများလွန်းရင် ဟော်မုန်းအဆင့် ကမောက်ကမဖြစ်ပြီး ရာသီသွေးပျောက်သွားတတ်ပါတယ်။

– အာဟာရချို့တဲ့ခြင်း
သဘာဝဟင်းသီးဟင်းရွက်တွေကို စားတာကြောင့် ရာသီပုံမမှန်တာနဲ့ ရာသီသွေးရပ်တာတို့ ဖြစ်တတ်ပါတယ်။ အာဟာရဓာတ်၊ အထူးသဖြင့် သံဓာတ်ချို့တဲ့တာကြောင့် ရာသီသွေးပျောက်ဆုံးတတ်ပါတယ်။

– အားဆေးမှီဝဲခြင်း
ဆေးဖက်ဝင်အပင်နဲ့ လုပ်ထားတဲ့ အားဆေးတွေက အမျိုးသမီးတွေရဲ့ ဟော်မုန်းတွေကိုထိခိုက်စေပြီး ရာသီစက်ဝန်းတွေကို သက်ရောက်မှုရှိစေပါတယ်။

– အခြေခံ ကျန်းမာရေးပြဿနာရှိခြင်း
သားဥအိမ်ဆိုင်ရာ ရောဂါ၊ ပီကျူထရီဂလင်း ထိခိုက်မှုနဲ့ သားအိမ်ဆိုင်ရာ ပြဿနာတွေရှိရင် လစဉ် ရာသီစက်ဝန်းကို ကမောက်ကမ ဖြစ်စေနိုင်ပါတယ်။ ကင်ဆာရောဂါ၊ သိုင်းရွိုက်ဟော်မုန်းချို့တဲ့တာနဲ့ လိင်မှတစ်ဆင့် ကူးစက်တဲ့ရောဂါတွေရှိရင်လည်း ရာသီသွေးမလာတာဖြစ်နိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top