Healthy Life Ad
Life Style

ဂျူးဂျူးကေ ၏ ကျန်းမာလှပ လူမှုဘဝ

လတ်တလော အနုပညာလှုပ်ရှားမှု …
ညီမက အခု တယောသင်တန်းဖွင့်ထားပါတယ်။ ပြီးတော့ တယောပွဲတွေ လက်ခံပါတယ်။ သီချင်းတွေလည်း ဆိုပေးဖြစ်ပါတယ်။ ဇာတ်ကားတွေက ရိုက်ဖြစ်တာ သိပ်မရှိသေးပါဘူး။

ကျန်းမာရေးစောင့်ရှောက်မှုပုံစံ …
အစားအစာတွေစားရင် အဆီရှောင်တယ်။ အဓိက ရေများများသောက်တယ်။ တခြားကျန်းမာရေးဗဟုသုတတွေကိုလည်းလေ့လာပြီး ဂရုစိုက်ဖြစ်ပါတယ်။

ခန္ဓာကိုယ်ဝိတ် အတက်အကျ သိပ်မရှိ …
ညီမက ခန္ဓာကိုယ်ဝိတ် အရမ်းတက်တာ၊ ကျတာမျိုးမရှိပါဘူး။ ပုံမှန်လေးပဲ အစားအသောက်၊ အနေအထိုင်ကို ဂရုစိုက်တယ်။

"/

အစားအသောက်ကို အိမ်မှာစားတာများ …
တစ်ခါတလေ အပြင်စာတွေစားဖြစ်ပါတယ်။ အတတ်နိုင်ဆုံးတော့ အဆီအအိမ့်များတဲ့ အစားအစာတွေကို ရှောင်တယ်။ များသောအားဖြင့် အိမ်ကအမေချက်ကျွေးတဲ့ ထမင်း၊ ဟင်းစားတာ များတယ်။ အိမ်မှာက ဆီကိုလျှော့သုံးတယ်။ အချိုမှုန့်ဆို သိပ်မစားဘူး။ ကျန်းမာရေးနဲ့အညီ ချက်စားဖြစ်ပါတယ်။

ကိုယ်လက်လှုပ်ရှားမှု ပုံမှန်လုပ် …
Gym ဆော့ဖြစ်တယ်။ အိမ်မှာနေရင်းလည်း ကိုယ်လက်လှုပ်ရှားမှု လုပ်ဖြစ်ပါတယ်။

နယ်ခရီးဝေးသွားတိုင်း ဆေးဝါးအစုံအလင်ယူဆောင်သွားဖြစ်
ညီမက နယ်ခရီးတွေသွားရင် ဆေးဝါးအစုံအလင် ယူဆောင်သွားဖြစ်ပါတယ်။ နေရာဒေသတွေက အစားအသောက်ပြောင်းလဲမှုရှိတော့ အစာအိမ်ဆေးကို အဓိက ယူဆောင်သွားတယ်။ ညီမကိုယ်တိုင်လည်း အစာမကြေဖြစ် တတ်လို့ပါ။

မိုးတွင်း ကျန်းမာရေး စောင့်ရှောက်မှု …
ညီမက မိုးတွင်းမှာကျန်းမာရေးချူချာတာမျိုးသိပ်မရှိဘူး။ အဆင်ပြေတယ်။ အဓိက နွေရာသီမှာသာ အပူအအေးမမျှလို့ မဆင်ခြင်လို့ ကျန်းမာရေးမကောင်းဖြစ်တတ်တယ်။

ဝါသနာပါတဲ့ အလုပ်ရွေးချယ်လုပ်ဖြစ် …
အနုပညာအလုပ်အပြင် အခုဖွင့်ထားတဲ့ တယောသင်တန်းကလည်း စီးပွားဖြစ်တော့မဟုတ်ဘူး။ ညီမကိုယ်တိုင် လည်း ဝါသနာပါတယ်။ အနုပညာနဲ့လည်း ဆက်စပ်မှုရှိ တော့ လုပ်ဖြစ်သွားတာပါ။ တကယ် ကိုယ်ဝါသနာပါတဲ့ အရေးကြီးတဲ့ အလုပ်ကို ရွေးချယ်ပြီး လုပ်သွားမှာပါ။

ကောလာဟလမထွက်အောင်နေထိုင် …
ညီမက ကောလာဟလတွေ မထွက်အောင်တော့ အတတ်နိုင်ဆုံးတော့နေတယ်။ မိဘတွေကလည်း သေချာဆုံးမပေးတယ်။ အခုအချိန်ထိတော့ ကောလာဟလ၊ အတိုက်အခိုက်တွေ အရမ်းကြုံရတာမျိုး မရှိသေးပါဘူး။

စိတ်ဖိစီးမှုဖြစ်လာရင် တစ်ယောက်တည်းနေတတ် …
ညီမက စိတ်ဖိစီးမှုတွေ၊ အရမ်းစိတ်ညစ်စရာတွေရှိလာရင် ဘယ်သူနဲ့မှ စကားမပြောချင်တော့ဘူး။ တစ်ယောက်တည်း အိပ်ပစ်လိုက်တယ်။ တစ်ခါတလေ သီချင်းနားထောင်တယ်။ တီဗွီကြည့်တယ်။

အားလပ်ချိန်တွေမှာ လုပ်ဖြစ်တာလေးတွေ
အားလပ်ချိန်တွေမှာ တယောနဲ ့ပတ်သက်တာတွေ လေ့လာတယ်။ ပြီးတော့ ညီမတို ့ဖွဲ့ထားတဲ့ ထာဝရအလင်းအိမ်ဆိုပြီး ပရဟိတလေး ရှိပါတယ်။ သုံးလတစ်ကြိမ် ချိုတဲ့တဲ့ နေရာတွေမှာ သွားလှူဒါန်းဖြစ်တယ်။ အပတ်စဉ် တနင်္ဂနွေနေ့မှာလည်း အသံလှူဒါန်းတဲ့ အစီအစဉ်ရှိတယ်။ အသံလှူဒါန်းတာက မျက်မမြင်တွေအတွက်ကို စာဖတ်ပြတယ်။ အသံဖိုင်တွေကို Studio မှာသွင်းပြီး သွားရောက်လှူဒါန်းပါတယ်။

ပရိသတ်တွေအတွက် ကျန်းမာရေး အကြံပြုချက် …
အခုလိုမိုးတွင်းမှာ ကျန်းမာရေး ဂရုစိုက်ကြပါ။ အသွားအလာ၊ အနေအထိုင်တွေလည်း ဂရုစိုက်ကြပါ။ အားလုံး ကျန်းမာကြပါစေ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top