Healthy Life Ad
Health Tips

ပန်းနာရင်ကျပ်ရောဂါထခြင်းကို တွန်းလှန်ပေးနိုင်မည့် ဖျော်ရည်များ

၊ မီမိုး(ဆေးဝါးတက္ကသိုလ်) ၊

ပန်းနာရင်ကျပ်ရောဂါထစေတဲ့ အခြေအနေတွေကို ရှောင်တာ ဒါမှမဟုတ် ဆရာဝန်ညွှန်ကြား တဲ့ ဆေးတွေကိုမှီဝဲတာ စတဲ့နည်းတွေနဲ့ ပန်းနာရင်ကျပ်ရောဂါကို ထိန်းချုပ်နိုင်ပါတယ်။ ဒါ့အပြင် ကျန်းမာရေးနဲ့ညီညွတ်တဲ့ ဖျော်ရည်တွေကို ရွေးသောက်ရင်လည်း ပန်းနာရင်ကျပ်ရောဂါထခြင်း သက်သာစေနိုင်ပါတယ်။

web_appleJuice

– ပန်းသီးဖျော်ရည်

ပန်းသီးဖျော်ရည်မှာ ဖလေနွိုက်ပါဝင်တဲ့အတွက် ပန်းနာရင်ကျပ်ရောဂါမထအောင် ကာကွယ်ပေးနိုင်ပါတယ်။ ပန်းသီးမှာပါတဲ့ ကီလင်ဖလေနွိုက်ဟာ အသက်ရှူလမ်းကြောင်းရှိ ကြွက်သားတွေကို အနားရစေပြီး ကောင်းကောင်း အသက်ရှူနိုင်စေပါတယ်။

web_gengerTea

– ချင်း (ဂျင်း) လက်ဖက်ရည်

ချင်း (ဂျင်း) ဟာ ရောင်ရမ်းမှုကိုလျော့ကျစေတဲ့ အစွမ်းရှိပြီး ချင်းလက်ဖက်ရည်ကြမ်းသောက်ရင် ပန်းနာရင်ကျပ်ရောဂါထနှုန်းကို သက်သာစေပါတယ်။

web_bananaJuice

– ငှက်ပျောသီးဖျော်ရည်

ငှက်ပျောသီးဖျော်ရည် တစ်ခွက်သောက်တာကြောင့် ပန်းနာရင်ကျပ်ရောဂါထစေတဲ့ ဝေဒနာတွေကို သိသိသာသာလျော့ပါးစေတယ်လို့ လေ့လာမှုအမျိုးမျိုးအရ သိရပါတယ်။ ငှက်ပျောသီးဖျော်ရည်မှာ ပိုတက်ဆီယမ်ပါဝင်တဲ့အတွက် နှလုံးကို ကျန်းမာစေပါတယ်။ ငှက်ပျောသီးဖျော်ရည်က ဝမ်းချုပ်တာနဲ့ ဝမ်းလျှောတာတို့မဖြစ်အောင် ကာကွယ်ပေးပါတယ်။

web_carrotJuice

– မုန်လာဥနီဖျော်ရည်

မုန်လာဥနီဖျော်ရည်မှာ ဗီတာမင်အေပါဝင်မှုများတဲ့အတွက် ပုံမှန်သောက်ပေးရင် ပန်းနာရင်ကျပ်ရောဂါထခြင်းမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဗီတာမင်အေက မျက်စိကျန်းမာစေပြီး ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပါတယ်။

web_pusiTea

– ပူဒီနာ (ပူစီနံ) ခတ်ထားသည့် လက်ဖက်ရည်ကြမ်း

ပူစီနံခတ်ထားတဲ့ လက်ဖက်ရည်ကြမ်းသောက်ပေးရင် ပန်းနာရင်ကျပ်ရောဂါထတဲ့ ဝေဒနာလက္ခဏာတွေကို သက်သာစေပါတယ်။ ဒါ့အပြင် အသက်ရှူလမ်းကြောင်းကို ကြည်လင်စေပြီး ရင်ပူဝေဒနာမရအောင်လည်း ကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်။

web_blackTea

– ဘလက်ကော်ဖီ

ကော်ဖီတစ်ခွက်သောက်တာကြောင့် ပန်းနာရင်ကျပ်ရောဂါထနှုန်းကို တွန်းလှန်ပေးနိုင်ပါတယ်။ ကော်ဖီမှာ အင်တီအောက်ဆီးဒင့် ပါဝင်မှုများတဲ့အတွက် အသက်ရှူလမ်းကြောင်းကို အပန်းပြေစေပြီး မမောပန်းဘဲ အသက်ရှူရ လွယ်စေပါတယ်။ နို့နဲ့နို့မှုန့်တွေက ပန်းနာရင်ကျပ်ထစေတဲ့အတွက် ဘလက်ကော်ဖီကိုပဲ သောက်သင့်ပါတယ်။

web_tea

– လက်ဖက်ရည်ကြမ်း

ကော်ဖီလိုပဲ လက်ဖက်ရည်ကြမ်းသောက်တာကြောင့် အသက်ရှူလမ်းကြောင်းကို အပန်းပြေစေပါတယ်။ ကော်ဖီနဲ့စာရင် ကဖင်းဓာတ်ပါဝင်မှုနည်းတဲ့အတွက် ပန်းနာရင်ကျပ်ရောဂါရှိသူတွေအတွက် ဓာတ်မတည့်မှုဖြစ်နှုန်း လျော့နည်းစေပါတယ်။ ဒါပေမဲ့ နို့မထည့်ရပါဘူး။

web_avocadoJuice

– ထောပတ်သီးဖျော်ရည်

အစွမ်းထက်ဆုံး အင်တီအောက်ဆီးဒင့်တစ်မျိုးက I – glutathione ဖြစ်ပြီး ပန်းနာရင်ကျပ်ရောဂါထသူတွေအတွက် အလွန်အကျိုးရှိတဲ့ဓာတ် ဖြစ်ပါတယ်။ ထောပတ်သီးမှာ I – glutathione ပါဝင်မှုများတာကြောင့် ထောပတ်သီးဖျော်ရည်သောက်တဲ့နည်းနဲ့ ပန်းနာရင်ကျပ်ရောဂါထနှုန်းကို သက်သာစေပါတယ်။

web_water

– ရေ

ပန်းနာရင်ကျပ်ရောဂါထတာကို ကာကွယ်ဖို့ အရိုးစင်းဆုံးနည်းတစ်ခုက ရေအလုံအလောက်သောက်တာပဲ ဖြစ်ပါတယ်။ ပန်းနာရင်ကျပ်ရောဂါထစေတဲ့ အကြောင်းရင်းတစ်ခုက ရေဓာတ်ခမ်းခြောက်လို့ဖြစ်ပြီး နေ့စဉ် ရေ ၈ – ၁၂ ဖန်ခွက်သောက်တဲ့နည်းနဲ့ ကာကွယ်နိုင်ပါတယ်။ ရေသောက်တာကြောင့် ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေ ကင်းစင်သွားစေပါတယ်။
(Ref;HD)

Most Popular

Healthy Life Ad
To Top