Healthy Life Ad
Q & A

ရင်ကျပ်ရောဂါ ဘယ်လိုစဖြစ်ပါသလဲ . . .

မေး ။ ရင်ကျပ်ရောဂါဖြစ်ပုံအစ သိချင်လို့ပါရှင့်။
ဆူးခင်းလမ်း (Fb)

ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး) မှ ပြန်လည်ဖြေကြားပေးပါသည်။
ဖြေ ။ ရင်ကျပ်ပန်းနာရောဂါ(Asthma)ဆိုတာ ဓာတ်မတည့်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ခန္ဓာကိုယ်နဲ့ မတည့်တဲ့ အရာဝတ္ထုတွေကို ထိတွေ့မိရင်ပဲဖြစ်ဖြစ်၊ စားသောက်မိရင်ပဲဖြစ်ဖြစ်၊ ရှူသွင်းမိရင်ပဲဖြစ်ဖြစ် ခန္ဓာကိုယ်လေပြွန်လေးတွေ ကျဉ်းမြောင်းသွားတာကို ရင်ကျပ်ပန်းနာရောဂါလို့ ခေါ်ပါတယ်။ ဥပမာပြောရရင် ခန္ဓာကိုယ်နဲ့ မတည့်တဲ့ ဓာတ်ပစ္စည်း တစ်ခုခုက အရေပြားနဲ့ ထိတွေ့တဲ့အခါ အရေပြားမှာ အင်ပြင်ထတာမျိုး ဖြစ်ပါတယ်။ ဒီလိုသဘောပါပဲ . .မတည့်တဲ့ ဓာတ်ပစ္စည်းတွေက အသက်ရှူလမ်းကြောင်းထဲ ရောက်ရှိတဲ့အခါ လေပြွန်တွေ ကျဉ်းပြီး ရောင်ရမ်းလာတာကို ရင်ကျပ်ပန်းနာရောဂါ စတင်ဖြစ်ပေါ်လာပါတယ်။ အဲဒီလို မတည့်တဲ့ အရာဝတ္ထု ဓာတ်ပစ္စည်းတွေနဲ့ တွေ့ထိတိုင်း၊ တွေ့ထိတိုင်း လေပြွန်တွေ ကျဉ်းမြောင်းသွားတာက ရင်ကျပ်ပန်းနာ ရောဂါရဲ့အစပဲ ဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top