Healthy Life Ad
Health Tips

အရက်ကြောင့် မဟုတ်သော အသည်းအဆီဖုံးခြင်း သက်သာစေရန်

(၁) အဝလွန်နေရင် ဒါမှမဟုတ် ကိုယ်အလေးချိန်က ပုံမှန်ထက်များနေရင် ကိုယ်အလေးချိန် လျှော့ချပါ။

(၂) ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်ဆောင်ပါ။ လမ်းများများ လျှောက်ပေးပါ။

(၃) အဆီ၊ ဆီကြော်စာ စတာတွေကို တတ်နိုင်သမျှရှောင်ပါ။ အဆင်သင့်အစာတွေကို မစားပါနဲ့။

(၄) အရက်ကို လုံးဝမသောက်ပါနဲ့။ အချိုရည်ကို လျှော့သောက်ပါ။

(၅) အစေ့အဆန်တွေနဲ့ အခွံမာသီးတွေကို များများစားပေးပါ။

(၆) သစ်သီးဝလံနဲ့ဟင်းသီးဟင်းရွက်တွေကို များများစားပေးပါ။

(၇) ကိတ်မုန့်နဲ့ အချိုအဆိမ့်များတဲ့ သရေစာတွေကို ရှောင်ပါ။

(၈) ထမင်းဖြူအစားဖြစ်နိုင်ရင် ဆန်လုံးညိုကို ရွေးစားပါ။ ပေါင်မုန့်ဖြူအစား အညိုရောင် ပေါင်မုန့်ကိုရွေးစားပါ။

(၉) ဟင်းချက်တဲ့အခါ ဆီကို လျှော့သုံးပါ။

(၁၀) ကော်ဖီ အလွန်အကျွံ မသောက်ပါနဲ့။

Most Popular

Healthy Life Ad
To Top