Healthy Life Ad
Q & A

၀နေရင် ပိန်အောင်လုပ်တာက အရေးကြီးဆုံး ဆေးကုခြင်း

—–၊ ဒေါက်တာစိုးလွင် (သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။ ၊—–

Q. သမီးက အိမ်ထောင်သက် ၄ နှစ်ရှိပါပြီ။ အသက် ၃၁ နှစ်ပါ။ သားသမီးမရသေးပါ။ ရာသီမမှန်ပါ။ အာထရာဆောင်းရိုက်ကြည့်တာ အရွယ်မကြီးတဲ့ သားဥတွေများနေလို့လို့ ပြောပါတယ်ဆရာ။ အဲဒါ ဘယ်လိုနေထိုင်သင့်ပါသလဲရှင့်။

A. သားဥလေးတွေ၊ ရေအိတ်သေးသေးလေးလို များနေတာကို “PCOS” Polycystic Ovarian Syndrome လို့ခေါ်တယ်။ ဟော်မုန်းမမှန်တော့ ရာသီမမှန်ဘူး။ ဝဖြိုးတတ်တယ်။ ဝက်ခြံတွေပေါက်တတ်တယ်။ အဆင်မသင့်ရင် မျက်နှာမှာ အမွေးလေးတွေ ထွက်တတ်တယ်။ ဥပမာ-နှုတ်ခမ်းမွေး။ သားဥမကြွေလို့ ကလေးရဖို့ခက်တယ်။ အရေးအကြီးဆုံးက ဝနေရင် ပိန်အောင်လုပ်ဖို့။ ဝလေ ရောဂါပိုဆိုးလေ။

အသက်ကြီးလာရင် ဆီးချို၊ သွေးတိုး၊ နှလုံးသွေးကြောပိတ်တာတွေ ဖြစ်တတ်တယ်။ ဒါကြောင့် အစားလျှော့စား၊ လေ့ကျင့်ခန်းလုပ်၊ ဘဝနေထိုင်မှုဟန်ပန်ကို ပြောင်းဖို့အရေးကြီးတယ်။ အိုဂျီနဲ့သေချာပြပြီး ဆေးကုဖို့လိုမယ်။

Most Popular

Healthy Life Ad
To Top