Healthy Life Ad
Life Style

နေ့စဉ်လိင်ဆက်ဆံခြင်းဖြင့် အိမ်ထောင်သည်များ ပိုပျော်ရွှင်ပြီး ပိုကျန်းမာနိုင်

ကိုထက်
အိမ်ထောင်သည်တွေဟာ နေ့စဉ် လိင်ဆက်ဆံတာကြောင့် စိတ်နဲ့ခန္ဓာကို အနာကျက်စေနိုင်ပြီး တချို့ရောဂါတွေကို ကာကွယ်နိုင်တယ်လို့ သုတေသီတွေက ဆိုပါတယ်။

ပျော်ရွှင်မှုရရှိစေခြင်း
အိမ်ထောင်သည်တွေဟာ နေ့စဉ်နေ့တိုင်း လိင်ဆက်ဆံမှုရှိတာကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပိုရှိပြီး ပိုမို ဆွဲဆောင်မှုရှိတယ်လို့ လေ့လာမှုအရ သိရပါတယ်။ အကြောင်းကတော့ စိတ်ဖိစီးမှုနဲ့ ပူပင်သောကလျော့နည်းကြလို့ပါ။

အိုမင်းမှုကို ဟန့်တားပေးခြင်း
ပျော်ရွှင်ပြီးစိတ်တက်ကြွတဲ့အတွက် နေ့စဉ်နေ့တိုင်း ဒါမှမဟုတ် တစ်ပတ်သုံးကြိမ်ခန့် အိမ်ထောင်ဖက်နဲ့ အတူနေနိုင်တယ်ဆိုရင် ဒီအချက်က သင့်ကိုပိုမိုအရွယ်တင်နုပျိုစေနိုင်ပါတယ်။ လိင်ဆက်ဆံမှုက အိုမင်းမှုကို တွန်းလှန်ပေးနိုင်တယ်လို့ တော်ဝင်အီဒင်ဘာ့ဂ်ဆေးရုံမှ စိတ်ပညာရှင် ဒေးဗစ်က ဆိုပါတယ်။

ခန္ဓာကိုယ်ကျန်းမာစေခြင်း
နေ့စဉ် လိင်ဆက်ဆံမှုပြုလုပ်တဲ့ အိမ်ထောင်သည်တွေဟာ အားကစားခန်းမမှာ လေ့ကျင့်ခန်း လုပ်သလိုမျိုး ကိုယ်လက်လှုပ်ရှားမှုကို ရရှိစေတယ်လို့ လေ့လာသူတွေကဆိုပါတယ်။ ခန္ဓာကိုယ်လှုပ်ရှားဖြစ်တဲ့အတွက် သွေးတွင်းကိုလက် စထရောနဲ့ သွေးဖိအားကိုကျစေပြီး ကိုယ်ခံစွမ်းအားစနစ် လုပ်ငန်းဆောင်တာကို ပိုမို ကောင်းမွန်စေပါတယ်။ ကယ်လိုရီလောင်ကျွမ်းစေပြီး ခန္ဓာကိုယ်ကို သွယ်လျအောင်ထိန်းပေးနိုင်ပါတယ်။
Ref; SN

[Unicode]
Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top