Healthy Life Ad
Health Tips

မိုးကျသော နေ့ရက်များတွင် ဆံပင်နှင့် အသားအရေ လှပကြည့်ကောင်းနေအောင် . . .

ငွေကြယ်စင်ယံ
မိုးကျတဲ့နေ့ရက်တွေ ရောက်လာပါပြီ။ လူအများစုဟာ မိုးသည်းတဲ့အခါ အိမ်ထဲ၊ ရုံးခန်းထဲမှာ နေတာများကြပါတယ်။ စိုထိုင်းဆ ပြောင်းလဲမှုကြောင့် အသားအရေနဲ့ ဆံပင်သားမှာ ထိခိုက်မှုတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် မိုးတွင်းကာလမှာ အသားအရေ ကြည်လင်တောက်ပြောင်ပြီး ဆံပင်သား ကြည့်ကောင်းနေစေဖို့ ပြောင်းလဲထိန်းသိမ်းသင့်တဲ့ နည်းလမ်းကောင်းတွေကို မျှဝေလိုက်ပါတယ်။

အသားအရေ ခြောက်သွေ့ခြင်း
မိုးရွာတဲ့ နေ့တွေမှာ လေထုစိုထိုင်းဆနည်းတဲ့အတွက် အသားအရေ ခြောက်သွေ့တတ်ပါတယ်။ အရေပြားမှာ အစိုဓာတ် ဆုံးရှုံးမှုကြောင့် အသားအရေယားယံပြီး စပ်ဖျဉ်းဖျဉ်းဖြစ်တတ်ပါတယ်။ ဒါ့အပြင်ကြမ်းတမ်းတဲ့ ဆပ်ပြာနဲ့တခြား အသားအရေ ထိန်းပစ္စည်းတွေကြောင့်လည်း အသားအရေခြောက် သွေ့တတ်ပါတယ်။ ရေချိုးလွန်းရင်လည်း နှင်းခူနဲ့ အရေပြားရောင်ရမ်းတာလို အရေပြားရောဂါတွေ ဖြစ်တတ်ပါတယ်။

မျက်နှာအတွက်
ပျော့ပျောင်းတဲ့ မျက်နှာသစ်ဆပ်ပြာသုံးပြီး အသားအရေကို အစိုဓာတ်ထိန်းပါ။ မျက်နှာအသားအရေ ထိန်းသိမ်းဖို့ အစိုဓာတ်ထိန်း ခရင်မ်လိမ်းပါ။ အရေပြား ကြေးချွတ်လွန်းတာကို ရှောင်ပါ။ ညတိုင်း မျက်နှာပေါ် ပျားရည်နဲ့ နွားနို့လိမ်းပြီး ပေါင်းတင်ပေးပါ။

ခန္ဓာကိုယ်အတွက်
ရေချိုးတဲ့အခါ အပျော့စားဆပ်ပြာကို ရွေးချယ်သုံးပါ။ ရေချိုးတဲ့အခါ ကြက်သီးနွေးရေနဲ့ ချိုးပါ။ အရေပြားကို အလွန်အမင်းခြောက်အောင် ပွတ်သုတ်တာကို ရှောင်ပါ။ အရေပြားကို ညင်ညင်သာသာ သုတ်ပေးတာက အကောင်းဆုံးနည်းပါ။ အရေပြားမှာ အစိုဓာတ်ကောင်းကောင်းရှိနေ အောင် လိုးရှင်းအလုံအလောက် လိမ်းပါ။ ကာဗွန်နဲ့ ကဖင်းပါတဲ့ သောက်စရာတွေကို အများကြီး မသောက်ပါနဲ့ အဲဒါတွေက အသားအရေကို လွယ်လင့်တကူ ခမ်းခြောက်မှုဖြစ်စေနိုင်လို့ပါ။ အပြင်သွားတဲ့အခါတိုင်း အသားအရေကို ကာကွယ်နိုင်ဖို့ သင့်တော်တဲ့ မိုးကာ၊ ထီး စသဖြင့် ဆောင်သွားပါ။

အဆီပြန်သည့် အသားအရေအတွက်
မိုးရာသီအတွင်း အဆီပြန်တဲ့ အသားအရေရှိသူတွေမှာ အဆီဂလင်းကနေ ဆီပိုထွက်နိုင်ပါတယ်။ ဖုန်မှုန့်နဲ့ အညစ်အကြေးတွေနဲ့ ရောသွားတဲ့အခါချွေး ပေါက်ပိတ်ပြီး ဆားဝက်ခြံအမည်းနဲ့ ဝက်ခြံဖုတွေ ပေါက်တတ်ပါတယ်။အဆီပြန်တဲ့ အသားအရေကို ထိန်းသိမ်းနိုင်ဖို့ ပုံမှန်မျက်နှာသစ်ပေးပါ၊ တိုနာ (Toner)လိမ်းပါ၊ ရှားစောင်းလက်ပပ်အနှစ်သားကို နေ့တိုင်းလိမ်းပါ။

နှုတ်ခမ်းကွဲခြင်းအတွက်
မိုးရာသီမှာ နှုတ်ခမ်းကွဲတာလည်း အဖြစ်များပါ တယ်။ နှုတ်ခမ်းသားခြောက်သွေ့အက်ကွဲတာက တစ်ခါတလေ နာကျင်တတ်ပြီး တစ်ခါတစ်ရံ ရောင်ရမ်းတတ်ပါတယ်။ အေးမြခြောက်သွေ့တဲ့အခါနဲ့ ရေဓာတ်ခမ်းခြောက်တဲ့အခါတွေမှာ ဖြစ်တတ်ပါတယ်။နှုတ်ခမ်းဆိုးဆေး (Lip baln)လိမ်းတာနဲ့ အရည်များများသောက်တာတို့ လိုက်နာပြီး နှုတ်ခမ်းသားစိုပြည်အောင် ထိန်းသိမ်းပါ။

ဆံပင်သား မွဲခြောက်ခြင်းအတွက်
မိုးရာသီမှာ မကြာခဏ မိုးရေစိုတဲ့ ဆံပင်သားက နွမ်းနယ်ခြောက်သွေ့တတ်ပါတယ်။ ဓာတုပစ္စည်းပါဝင်တဲ့ ဆံပင်သုံးအလှကုန်တွေကို ရှောင်ပါ။ ကွန်ဒီရှင်နာကို ပုံမှန်သုံးပေးပါ။ပရိုတင်း ပါဝင်မှုများတဲ့ အစာစားပြီး ဆံပင်သားကို အားဖြည့်ပါ။ ရေများများ သောက်ပေးပါ။

ဗောက်ထခြင်းအတွက်
မိုးရာသီမှာ စိုထိုင်းဆများတာ၊ ကုတ်ခြစ်တာနဲ့ စိတ်ဖိစီးမှုများတာတို့ကြောင့် ဗောက်ထတာအဖြစ် များပါတယ်။ ဗောက်ထစေတဲ့ အချက်တွေက ဆီကြည်ထွက်တာ၊ ကိုယ်ခံအားစနစ် အားနည်းတာနဲ့ ဇင့်(သွပ်)ဓာတ်နဲ့ နိုင်ယာစင်ဓာတ် ချို့တဲ့တာတို့ပဲ ဖြစ်ပါတယ်။

မိုးတွင်းကာလ ဆံပင်နှင့် အသားအရေ ကျန်းမာစေရန်

(၁) နေ့ခင်းမှာသာမက ညဘက်မှာလည်း အစိုဓာတ်ထိန်းပါ။ အသားအရေက ညဘက်မှာ သူ့အလိုလို ပြန်လည်ပြုပြင်ပေးပြီး အစိုဓာတ်ထိန်းခရင်မ်က အသားအရေထဲ စိမ့်ဝင်နေပါလိမ့်မယ်။

(၂) တစ်ပတ် အနည်းဆုံးတစ်ခါ အရေပြားကြေး ချွတ်ပါ။ အရေပြားဆဲလ်သေတွေ ကင်းစင်စေပြီး အသားအရေ ခြောက်သွေ့မှုကင်းကာ စိုပြည်တောက်ပ နေပါလိမ့်မယ်။

(၃) နေကာခရင်မ်လိမ်းပါ။ နေမပူရင်တောင် နေကာခရင်မ်လိမ်းပေးပါ။

(၄) မိုးစိုထားတဲ့ ဆံပင်ကို ခေါင်းလျှော်ပေးပါ။

(၅) အသားအရေနဲ့ ဆံပင်မှာ တစ်ခုခု ပြောင်းလဲမှု ဖြစ်တာနဲ့ အရေပြားအထူးကု ဆရာဝန်ထံ ပြသပါ။

Ref; HD

Most Popular

Healthy Life Ad
To Top