Healthy Life Ad
Health Tips

အဝလွန်ခြင်းနှင့် ဒူးနာခြင်း

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

အဝလွန်တဲ့ သူတွေဟာ အထူးသဖြင့် လမ်းလျှောက်များတာ၊ လှေကားအတက်အဆင်း လုပ်တာများတာတွေကြောင့် ဒူးနာတတ်ပါတယ်။ တိုက်ခန်း အထပ်မြင့်မှာ နေရတဲ့သူတွေက ငယ်တုန်းမှာတော့ ဒူးနာတာမဖြစ်ပေမယ့် အသက်ကြီးလာရင် အဝလွန်တာနဲ့ဆက်စပ်ပြီး ဒူးနာလာနိုင်ပါတယ်။

– ကိုယ်အလေးချိန် လျှော့ချပါ
ဒူးနာတတ်သူတွေအနေနဲ့ ကိုယ်အလေးချိန်ကို မဝအောင် ထိန်းပေးဖို့လိုပါတယ်။ အစားအသောက်အနေနဲ့ မဝအောင် စားသောက်တဲ့ ပုံစံကို လိုက်နာသင့်ပါတယ်။

– လေ့ကျင့်ခန်းနှင့် ကိုယ်လက်လှုပ်ရှားမှုကို အသင့်အတင့်သာ ပြုလုပ်ပါ
လှုပ်ရှားမှုလုပ်မယ်ဆိုရင် ဒူးမနာလောက်တဲ့ အတိုင်းအတာမျိုးပဲ လုပ်သင့်ပါတယ်။ ဥပမာ- လမ်းလျှောက်တာ တစ်နာရီကြာသွားလို့ ဒူးနာတတ်တယ်ဆိုရင် ၄၅မိနစ်ပဲ လမ်းလျှောက်သင့်ပါတယ်။ အထပ်မြင့်ကို သုံးထပ်တက်လို့ ဒူးနာတယ်ဆိုရင် နှစ်ထပ်အထိပဲ တက်ပါ။

– အလေးမလေ့ကျင့်ခန်း မလုပ်သင့်ပါ
ဒူးနာတဲ့သူက အလေးမတဲ့ လေ့ကျင့်ခန်းကိုတော့ လုပ်လို့ မရပါဘူး။ လေ့ကျင့်ခန်းလုပ်တာက စိတ်ရောကိုယ်ပါ ကျန်းမာစေတယ်ဆိုပေမယ့် လေ့ကျင့်ခန်းကြောင့် ထိခိုက်ဒဏ်ရာမရအောင် ဂရုစိုက်ပေးဖို့လိုပါတယ်။
ဒူးနာတတ်သူတွေအနေနဲ့ ဒူးနာသက်သာအောင် လေ့ကျင့်ခန်းကို ပုံမှန် လုပ်ပေးရပါမယ်။

ဒူးနာသက်သာစေမည့် ဒူးလေ့ကျင့်ခန်း
ဒူးလေ့ကျင့်ခန်းအနေနဲ့ ဒူးကိုဆန့်ထားပြီး ပက်လက်အိပ်ပါ။ ပြီးရင် ဒူးကို အပေါ်ကို မယတဲ့ လေ့ကျင့်ခန်း၊ ထိုင်ရင်း ဒူးကို အပေါ်ကို မယပြီး ဖြည်းဖြည်းချင်းမပြီး ဖြည်းဖြည်းချင်း ပြန်ချတဲ့ လေ့ကျင့်ခန်းတို့ကို လုပ်ဆောင်ပေးနိုင်ပါတယ်။ ဒီလေ့ကျင့်ခန်းကို ဘယ်ဘက် ၁၀ကြိမ်၊ ညာဘက် ၁၀ကြိမ် တစ်နေ့သုံးကြိမ်လောက် လုပ်ပေးပါ။ ဒူးနာ သက်သာလာပါလိမ့်မယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top