Healthy Life Ad
Health Tips

အကြင်နာပေးခြင်း၏ ကျန်းမာရေးကောင်းကျိုးများ

၊ ကိုထက် ၊

အိမ်ထောင်ဖက်တွေကြား အကြင်နာပေးတာကြောင့် သွားတွေကို ကျန်းမာစေတဲ့အပြင် ကယ်လိုရီ လောင်ကျွမ်းစေပါတယ်။

– သွားကျန်းမာရေး ကောင်းမွန်စေပါတယ်

မကြာခဏ အကြင်နာပေးတာကြောင့် ထွက်လာတဲ့ တံတွေးကသင့်သွားတွေကို ကောင်းကျိုးဖြစ်စေတယ်လို့ လေ့လာမှုအရသိရပါတယ်။ တံတွေးတွေက သွားချေးမဖြစ်အောင် ကာကွယ်ပေးနိုင်လို့ပါ။

– သက်ရှည်ကျန်းမာစေပါတယ်

ဇနီးမောင်နှံတွေ၊ ချစ်သူတွေကြား အကြင်နာပေးတာကြောင့် ပိုမိုသက်ရှည်ကျန်းမာစေပါတယ်။ သင့်ချစ်သူကို နံနက်တိုင်း အကြင်နာပေးရင် ဘဝသက်တမ်းကို ငါးနှစ်ပိုရှည်စေတယ်လို့ လေ့လာမှုအရ သိရပါတယ်။

– ကယ်လိုရီတွေကို ပိုမိုလောင်ကျွမ်းစေပါတယ်

ညင်ညင်သာသာ အကြင်နာပေးတာက ၆-၁၂ ကယ်လိုရီကို လောင်ကျွမ်းစေပါတယ်။

– နှလုံး ကျန်းမာစေပါတယ်

အကြင်နာပေးတာကြောင့် ခန္ဓာကိုယ်ကနေ အက်ဒရီနယ်လင် အထွက်တိုးစေပါတယ်။ အက်ဒရီနယ်လင်ဟာ နှလုံးခုန်နှုန်းမြန်စေပြီး သွေးလှည့်ပတ် စီးဆင်းမှုကို အားကောင်းစေပါတယ်။ အကြင်နာပေးတာကပြေးတာနဲ့ စက်ဘီးစီးတာလို လေ့ကျင့်ခန်းလုပ်သလိုမျိုး နှလုံးအပေါ်တူညီတဲ့ အကျိုးသက်ရောက်မှု ဖြစ်စေပါတယ်။

– စိတ်ဖိစီးမှု လျော့ပါးစေပါတယ်

ချစ်မြတ်နိုးရသူကို ခဏတာ အကြင်နာပေးတာကြောင့် စိတ်ဖိစီးမှုနဲ့ တင်းအားတွေကို လျော့ပါးစေပြီး စိတ်ခံစားမှု ကောင်းမွန်စေပါတယ်။ အကြင်နာပေးချိန်မှာ စိတ်ဖိစီးမှုဆိုင်ရာ ကော်တီစောဟော်မုန်း သိသိသာသာ လျော့ကျသွားပါတယ်။

– နာမကျန်းမှုမဖြစ်အောင် ကာကွယ်ပေးပါတယ်

အကြင်နာပေးတဲ့အခါ တံတွေးအထွက်နှုန်းတိုးလာပါတယ်။ တံတွေးထဲမှာ သဘာဝ ပဋိဇီဝပိုးသတ်ဆေး ပါဝင်နေပါတယ်။ တံတွေးထွက်ရှိတာကြောင့် ကိုယ်ခံအားစနစ်ကနေ ရောဂါဝေဒနာနဲ့ ကူးစက်ပိုး အမျိုးမျိုးကို တွန်းလှန်နိုင်အောင် ကူညီပေးပါတယ်။

– ကိုက်ခဲနာကျင်မှုကို သက်သာစေပါတယ်

အကြင်နာပေးတာကြောင့် ကိုက်ခဲနာကျင်မှုကို တွန်းလှန်ပေးပါတယ်။ အကြင်နာပေးတာကြောင့် ဖြစ်ပေါ်လာတဲ့ စိတ်ကြည်နူးပျော်ရွှင်မှုအပြင် ထွက်လာတဲ့ တံတွေးက သင့်ကျန်းမာရေးကို ကောင်းမွန်စေတာဖြစ်ပါတယ်။ တံတွေးမှာ သဘာဝအကိုက်အခဲပျောက်စေတဲ့ ဓာတ်ပါရှိတဲ့အတွက် နာကျင်မှုကို သက်သာစေတာဖြစ်ပါတယ်။

– ကိုယ့်ကိုယ်ကိုယ် လေးစားစိတ် အားကောင်းစေပါတယ်

အကြင်နာပေးတာကြောင့် တစ်ဦးနဲ့တစ်ဦး ပိုချစ်ပြီး ပိုအလေးထားမိစေပါတယ်။ အကြင်နာပေးတာကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနဲ့ လေးစားစိတ်ကို တိုးစေပြီး ပိုမိုကျန်းမာရေးနဲ့ ညီညွတ်စေပါတယ်။ အကြင်နာပေးတာကြောင့် ခန္ဓာကိုယ်ကနေ အင်ဒေါ်ဖင်ဟော်မုန်းနဲ့ သဘာဝ ပဋိဇီဝပိုးသတ်ဆေး အထွက်တိုးလာပြီး စိတ်ဓာတ်ကျတာကို တွန်းလှန်ပေးနိုင်စွမ်းရှိပါတယ်။

– သင့်ရုပ်ရည်ကို ကြည့်ကောင်းစေပါတယ်

အကြင်နာပေးတာကြောင့် သင့်မျက်နှာလှုပ်ရှားမှုဖြစ်စေပြီး မတူညီတဲ့ မျက်နှာကြွက်သားမျိုးစုံကို အလုပ်လုပ်ဖြစ်စေပါတယ်။

– စိတ်တည်ငြိမ်စေပါတယ်

အကြင်နာပေးတာကြောင့် ပူပင်သောကကို လျော့ပါးစေပြီး စိတ်ဖိစီးဒေါသထွက်တဲ့ ခံစားချက်ကို ရပ်သွားစေပါတယ်။ အကြင်နာပေးတာကြောင့် ထွက်လာတဲ့ အောက်ဆီတိုစင်ဟာ စိတ်တည်ငြိမ်စေ တဲ့ဟော်မုန်းဖြစ်ပြီး စိတ်လှုပ်ရှားမှုကို သက်သာစေပါတယ်။

(Ref; HD)

Most Popular

Healthy Life Ad
To Top