Healthy Life Ad
Health Tips

ပိုတက်ဆီယမ်အကြောင်း သိကောင်းစရာ

၊ ငွေကြယ်စင်ယံ ၊

– ပိုတက်ဆီယမ်က သွေးဖိအားနဲ့ သွေးတွင်းသကြားဓာတ်ကို တည်ငြိမ်အောင် ထိန်းပေးနိုင်ပါတယ်။

– ဆီးကျောက်တည်တာနဲ့ အရိုးပါး/အရိုးပွရောဂါ ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။

– မျက်စိကျန်းမာရေး ကောင်းမွန်စေပြီး သွေးတိုး ရောဂါမဖြစ်အောင် ကာကွယ်ပေးပါတယ်။

အမျိုးသမီး – တစ်နေ့ ၄၇၀ဝ မီလီဂရမ်လိုအပ်။
အမျိုးသား – တစ်နေ့ ၄၇၀ဝ မီလီဂရမ်လိုအပ်။

ပိုတက်ဆီယမ်ပါဝင်မှုမြင့်မားသော အစာများ

အာလူး၊ ခရမ်းချဉ်သီး၊ ဟင်းနုနယ်ရွက်၊ မုန်လာဥနီ၊ ပဲသီး၊ ကုလားပဲ၊ ပဲနီလေး၊ ဒိန်ချဉ်၊ ငှက်ပျောသီးနဲ့ ငါးတွေမှာ ပိုတက်ဆီယမ်ပါဝင်မှု မြင့်မားပါတယ်။

Tips

– နံနက်စာစားတဲ့အခါ ငှက်ပျောသီးထည့်စားပါ။

– ဟင်းချိုချက်တဲ့အခါ မုန်လာဥနီထည့်စားပါ။

– ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေ စားတဲ့နည်းနဲ့ ဗီတာမင်အေ၊ စီနဲ့ ကေ ပမာဏကို မြင့်တက်လာ စေပါတယ်။

(Def;HD)

Most Popular

Healthy Life Ad
To Top