Healthy Life Ad
Health Tips

ရောဂါဝေဒနာများ မဖြစ်စေရန် စူပါအစာ ခြောက်မျိုး

———၊ စူး (ဆေးဝါးတက္ကသိုလ်) ၊———

ဖြည့်စွက်ဆေးတွေထက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစာတွေကနေ အာဟာရဓာတ်တွေ ရယူသင့်ပါတယ်။ ဒီလို ပြီးပြည့်စုံတဲ့ အာဟာရဓာတ်ကို ရရှိဖို့ဆိုရင် ရောင်စုံဟင်းသီးဟင်းရွက်တွေကို စားမှသာ အင်တီအောက်ဆီးဒင့်နဲ့ ရောဂါကာကွယ်နိုင်တဲ့ အာဟာရဓာတ်တွေကို ရရှိမှာဖြစ်လို့ပါ။

alignnone size-medium wp-image-58397
(၁) ခရမ်းချဉ်သီး

လေ့လာမှုတွေအရ ခရမ်းချဉ်သီးနဲ့ ပြုလုပ်ထားတဲ့ အစားအသောက်တွေကို စားတာကြောင့် အမျိုးသားတွေမှာ ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေကို လျော့ကျစေကြောင်း သိရပါတယ်။ အမေရိကန် FDA ကလည်း ခရမ်းချဉ်သီးနဲ့ ခရမ်းချဉ်သီးဆော့စ်အနှစ် (ခွင့်ပြုဆိုးဆေးပါတဲ့ အမျိုးအစား)လို ခရမ်းချဉ်သီး အခြေခံအစားအသောက်တွေက ကျန်းမာရေးနဲ့ ညီညွတ်တဲ့အတွက် ခွင့်ပြုထားပါတယ်။ အကြောင်းက ခရမ်းချဉ်သီးမှာပါတဲ့ အစွမ်းထက်လိုင်ကိုပင်း အင်တီအောက်ဆီးဒင့်ဟာ ရောဂါဝေဒနာတွေကို ကာကွယ်နိုင်စွမ်း ရှိတာကြောင့်ပါ။

alignnone size-medium wp-image-58398
(၂) ဟင်းနုနယ်ရွက်နှင့် အခြားသော အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များ

ဟင်းနုနယ်ရွက်၊ ကိုက်လန်နဲ့ မုန်ညင်းတို့လို အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေကို စားတာကြောင့် နှလုံးရောဂါ၊ ကင်ဆာရောဂါတချို့နဲ့ တခြားနာမကျန်းမှု ဝေဒနာအမျိုးမျိုးတို့ရဲ့ ဖြစ်နိုင်ခြေကို လျော့ကျစေပြီး ကျန်းမာရေးကို ကောင်းမွန်အောင် ပံ့ပိုးပေးနိုင်စွမ်း ရှိပါတယ်။ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေမှာ ဘီတာကယ်ရိုတင်း၊ ဖောလိတ်ဓာတ်၊ ဗီတာမင်စီ၊ ဗီတာမင်အီးနဲ့ ဗီတာမင်ကေတို့ ပါဝင်ကာ ဆဲလ်တွေကို ထိခိုက်စေတဲ့ ဖရီးရယ်ဒီကယ်တွေကို တွန်းလှန်ပေးနိုင်စွမ်း ရှိပါတယ်။ အစိမ်းရင့်ရောင် ဟင်းရွက်တွေကို ပုံမှန်စားပေးတာကြောင့် သွေးတိုးတာနဲ့ သွေးတွင်းကိုလက်စထရောအဆင့်ကို လျော့ကျစေပြီး မျက်စိအမြင်အာရုံကို ကောင်းမွန်စေပါတယ်။

alignnone size-medium wp-image-58399
(၃) သလဲသီး

ဝိုင်နီနဲ့ ကိုကိုးမှုန့်မှာပါတဲ့ ဖလေဗိုးနွိုက် အင်တီအောက်ဆီးဒင့်က သလဲသီးမှာလည်း ပါဝင်နေပါတယ်။ လတ်တလောလေ့လာမှုတွေအရ သလဲသီးဖျော်ရည် သောက်တာကြောင့် နှလုံးရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်ကြောင်း သိရပါတယ်။

alignnone size-medium wp-image-58400
(၄) ဘလူးဘယ်ရီသီး

လေ့လာမှုတွေအရ ဘလူးဘယ်ရီသီးမှာ ပါဝင်တဲ့ ရောင်ခြယ်ပစ္စည်းထွက်တဲ့ အင်သိုဆိုင်ယာနင် အပါအဝင် အင်တီအောက်ဆီးဒင့်တွေဟာ ကင်ဆာကာကွယ်ပေးနိုင်ကြောင်း သိရပါတယ်။ ဒီအန်သိုဆိုင်ယာနင်ဓာတ်ကာ သွေးတိုးကို ကျစေပါတယ်။ ဒါ့အပြင် ဘလူးဘယ်ရီသီးဟာ မျက်စိအတွင်းတိမ်ရောဂါ မဖြစ်အောင် ကာကွယ်ပေးပြီး အိုမင်းတဲ့အခါ ဖြစ်တတ်တဲ့ ရေတိုမှတ်ဉာဏ် ဆုံးရှုံးမှုမဖြစ်အောင် ကာကွယ်ပေးပါတယ်။

alignnone size-medium wp-image-58401
(၅) သစ်ကြားသီး

တခြားအခွံမာတဲ့ အစေ့အဆန်တွေလိုပဲ သစ်ကြားသီးမှာ ပရိုတင်းဓာတ်၊ အမျှင်ဓာတ်နဲ့ ကောင်းတဲ့အဆီဓာတ် အများအပြား ပါဝင်ပါတယ်။ တခြားအခွံမာသီးတွေနဲ့ မတူတာက သစ်ကြားသီးမှာ ALA (Alpha- linolenic acid), အိုမီဂါ ၃ ဖက်တီးအက်စစ်တို့ ပါဝင်တာကြောင့် ရောင်ရမ်းမှုလျော့ကျစေတဲ့ အာနိသင်နဲ့ အင်တီအောက်ဆီးဒင့် အာနိသင်တို့ ရရှိတာပဲ ဖြစ်ပါတယ်။

alignnone size-medium wp-image-58402
(၆) ကန်စွန်းဥ

ကန်စွန်းဥမှာပါဝင်တဲ့ ကာရိုတီးနွိုက်၊ ဗီတာမင် စီ၊ ကယ်လ်စီယမ်နဲ့ ပိုတက်စီယမ်တို့ကြောင့် သွေးတွင်းမကောင်းတဲ့ ကိုလက်စထရော(LDL)ကို လျော့ကျစေတဲ့အပြင် သွေးတိုးရောဂါကိုလည်း ထိန်းချုပ်ပေးနိုင်ပါတယ်။ အသက်ကြီးတဲ့ဖြစ်စဉ်နဲ့ ဆက်စပ်နေတဲ့ မက်ကူလာယိုယွင်းပျက်စီးမှုနဲ့ အတွင်းတိမ်ရောဂါတို့ ဖြစ်နှုန်းကိုလည်း လျော့ကျစေကာ အအေးမိတာနဲ့ ကူးစက်ပိုးဝင်တာတွေကို တွန်းလှန်ပေးနိုင်စွမ်း ရှိပါတယ်။ ဘီတာကယ်ရိုတင်း ပါဝင်မှုများပြားတဲ့ တခြားအစာတွေက မုန်လာဥနီနဲ့ မက်မွန်သီးတို့ပဲ ဖြစ်ကြပါတယ်။

Most Popular

Healthy Life Ad
To Top