Healthy Life Ad
Health Tips

ဂျူးမြစ်၊ ဂျူးဖူး စားသင့်ပါသလား

…၊ ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကုဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။ ၊…

ဂျူးမြစ်ပင်ကို ရှမ်းပြည်ဘက်တွေမှာ အဓိကစိုက်ပျိုးကြပါတယ်။ ဂျူးမြစ်ကို သုပ်စားတာလည်းရှိတယ်၊ အခြောက်လှမ်းပြီး ကြော်စားတာလည်းရှိတယ်၊ အစိမ်းလိုက်ရေစိမ်ထားပြီး ငါးထမင်းနယ်စားတဲ့အခါ အတို့သဘောမျိုး စားကြသလို ချဉ်ရည်ဟင်းလည်း ချက်စားကြပါတယ်။

ဂျူးမြစ်မှာ အမျှင်ဓာတ်၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပါဝင်ပါတယ်။ ဒီတော့ ယေဘုယျအားဖြင့် ပြောရရင် ဂျူးမြစ်က ကျန်းမာရေးအရ ကောင်းတယ်လို့ ပြောလို့ရပါတယ်။ ဂျူးမြစ်အပင်စိုက်ရင် အရွက်ကနေတဆင့် အဖူးထွက်လာတယ်၊ အဲဒါကို ဂျူးဖူးလို့ခေါ်တယ်။ ဂျူးဖူးကိုလည်း ကြော်စားတာ၊ အသားတွေနဲ့ ကြော်စားတာတို့ လုပ်ကြပါတယ်။ ဂျူးမြစ်ရော ဂျူးဖူးရော ဗီတာမင်၊ သတ္တုဓာတ်တွေ ပါဝင်ပါတယ်။ ဗီတာမင်အေကော ဗီတာမင်အီးကော ပါတယ်။ တစ်ခုပဲ ဂျုးမြစ်ရော ဂျူးဖူးရောမှာ ပိုတက်ဆီယမ်ပါတယ်။ တခြားအပင်ထွက် အစာတွေထက် နည်းနည်းလေးပိုပါနေတယ်။ အဲဒီလို ပိုပါနေတဲ့အတွက် ဥပမာ-ပိုတက်ဆီယမ်တက်နေတဲ့သူတွေ၊ ကျောက်ကပ်သမား ပိုတက်ဆီယမ်တက်နေရင် မစားသင့်ပါဘူး။ ဂျူးဖူးစားချင်တယ်ဆိုရင် အဲဒီဂျူးဖူးကို ရေနွေးနဲ့ဖျောပြီး ပိုတက်ဆီယမ် ဖယ်ပစ်လိုက်ရမယ်။

ခြုံပြောရရင် ဂျူးဖူး၊ ဂျူးမြစ်က သာမန်လူတွေအတွက် ကောင်းတယ်၊ ဂျူးဖူး၊ ဂျူးမြစ်တွေကို ဟင်းအရံအနေနဲ့ နည်းနည်းပဲ စားလေ့ရှိတဲ့အတွက် စားလို့သင့်ပါတယ်။ ကာဗိုဟိုက်ဒရိတ်၊ ပရိုတင်းဓာတ်ပါတဲ့အတွက် အာဟာရဖြစ်တယ်။ လူအတော်များများလည်း ကြိုက်ကြတယ်။ ဒါပေမဲ့ ကျောက်ကပ်ရောဂါရှိသူတွေမှာတော့ တတ်နိုင်သမျှ မစားတာကောင်းပါတယ်။

Most Popular

Healthy Life Ad
To Top