Healthy Life Ad
Health Tips

ဆံပင်သန်စွမ်းစေသည့် ကြက်သွန်နီ

လရိပ်မေ

လူအများစုဟာ ဆံပင်ကျွတ်တဲ့ ပြဿနာကို ရင်ဆိုင်နေရပါတယ်။ တစ်နေ့မှာ ဆံပင် ၅၀-၁၀ဝ ကျွတ်တာက ပုံမှန်ပဲဆိုပေမယ့် စိတ်ဖိစီးမှုများတဲ့ သူတွေမှာ ဆံပင်ပိုကျွတ်တတ်ပါတယ်။ ဆံပင်ကျွတ်တာက လူတစ်ယောက်ရဲ့ အသွင်အပြင်နဲ့ ယုံကြည်မှုကို လျော့ကျစေပါတယ်။ ဒါကြောင့် ကြက်သွန်နီကို သုံးပြီး ဆံပင်သားသန်စွမ်းအောင် ပြန်လည်ပြုပြင် ပေးသင့်ပါတယ်။

စိတ်ချရသည့် သဘာဝကုထုံး
ဆံပင်မကျွတ်စေဖို့နဲ့ ဆံပင်သန်စွမ်းစေဖို့အတွက် ကြက်သွန်နီကို ဓာတ်မတည့်မှုနဲ့ ဘေးထွက်ဆိုးကျိုးမရှိဘဲ အန္တရာယ်ကင်းကင်း သုံးနိုင်ပါတယ်။ ဆံပင်အကျွတ်များပြီး ဆံပင်ထိပ်ကွက်နေရင်တောင် ကြက်သွန်နီကို သုံးလို့ရပါတယ်။

ကြက်သွန်နီက ဆံပင်သန်စွမ်းစေနိုင်သလော
သိပ္ပံနည်းကျ လေ့လာမှုတွေအရ ကြက်သွန်နီအရည်ကို ဦးရေပြားပေါ်မှာ သုတ်လိမ်းပေးတာကြောင့် ဆံပင်ကျွတ်တာကို ထိန်းချုပ်ပေးနိုင်တဲ့အပြင် ဗောက်ထတာနဲ့ ဖန်းဂတ်စ်မှိုပိုးဝင်တာတို့ကို သက်သာစေတယ်လို့ သိရပါတယ်။ ကြက်သွန်နီက အရွယ်မတိုင်ခင် ဆံပင်ဖြူတာကိုလည်း ထိထိရောက်ရောက် ကာကွယ်ပေးပါတယ်။

ဆံပင် ဘယ်လိုပေါက်စေသလဲ
ကြက်သွန်နီက ဆံပင်သန်စွမ်းစေတယ်ဆိုတာကို လူအများစုဟာ သတိမပြုမိကြပါဘူး။ ကြက်သွန်နီမှာ ဆာလဖာပါဝင်မှု များပါတယ်။ ဦးရေပြားမှာ ကြက်သွန်နီထောင်းထားတဲ့ အရည်ကို လိမ်းပေးတာကြောင့် ဦးရေပြားမှာ သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပါတယ်။ ဆာလဖာဒြပ်ပေါင်းက ဆံပင်ပေါက်ဖို့နဲ့ ဆံပင်သန်စွမ်းဖို့ လိုအပ်တဲ့ကော်လာဂျင်တစ်သျှူးအထွက် တိုးစေပါတယ်။

ကြက်သွန်နီမှာပါတဲ့ ဆာလဖာဒြပ်ပေါင်းဟာ ဘက်တီးရီးယားတွေကို ကင်းစင်စေပြီး ဖန်းဂတ်စ်မှို ပေါက်ပွားမှု မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ကြက်သွန်နီအရည် လိမ်းတာကြောင့် ဆံပင်သန်စွမ်းစေပြီး ဆံပင်ကျဲပါးတာနဲ့ ကျိုးပြတ်တာတို့ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဦးရေပြားကို ကြက်သွန်နီအရည် ပုံမှန်သုတ်လိမ်းပေးတာကြောင့် ဆံပင်သား ထူထဲကျန်းမာစေပါတယ်။
Ref; HD

Most Popular

Healthy Life Ad
To Top