Healthy Life Ad
Health Tips

ဂေါက်အဆစ်ရောင်နာရောဂါရှိသူတို့အတွက် လုပ်သင့်သော လေ့ကျင့်ခန်း

ကိုထက်
ဂေါက်အဆစ်ရောင်နာရောဂါရှိသူတွေဟာ အရိုး၊ အဆစ်တွေပေါ် ဒဏ်မကျရောက်စေဘဲ အရိုးနဲ့အဆစ်တွေ သန်စွမ်းမှုရှိစေမယ့် လေ့ကျင့်ခန်းတွေကို လုပ်ဆောင်ပေးသင့်ပါတယ်။ အဲဒီလို အရိုး၊အဆစ်တွေပေါ် သက်ရောက်မှုနည်းတဲ့ လေ့ကျင့်ခန်းတချို့ ရှိပါတယ်။

လမ်းလျှောက်ခြင်း
ဂေါက်အဆစ်ရောင်နာရောဂါ ခံစားနေရသူအတွက် အလွယ်ဆုံးနဲ့ စိတ်ပျော်ရွှင်စရာအကောင်းဆုံး လေ့ကျင့်ခန်းပါ။ အန္တရာယ်ကင်းတဲ့ လူသွားလမ်းမှာ သီချင်းနားထောင်ရင်း ဒါမှမဟုတ် မိတ်ဆွေတစ်ဦးနဲ့အတူ စကားပြောရင်း လမ်းလျှောက်တာကြောင့် အပျင်းပြေစေပါတယ်။

ရေကူးခြင်း
ရေကူးကန်မှာ ရေကူးတာကြောင့် အဆစ်တွေပေါ် သက်ရောက်မှုမများစေဘဲ အဆစ်လှုပ်ရှားမှုကို ကောင်းမွန်စေပါတယ်။ ရေကူးတာကြောင့် အသက်ရှူလမ်းကြောင်းစနစ်ကို ကျန်းမာစေပါတယ်။

ကခုန်ခြင်း
ပျော်စရာကောင်းပြီး စိတ်လွတ်ကိုယ်လွတ် လုပ်ဆောင်ရတဲ့ ကခုန်တဲ့လေ့ကျင့်ခန်းဟာ အဆစ်နဲ့ ကြွက်သားတွေကို ကျန်းမာသန်စွမ်းစေပါတယ်။ ကခုန်တဲ့ လေ့ကျင့်ခန်းကြောင့် ကယ်လိုရီလောင်ကျွမ်းစေပြီး ကိုယ်အလေးချိန်ပိုတွေကို လောင်ကျွမ်းစေပါတယ်။

လှေကားတက်ခြင်း
လှေကားတက်တဲ့ လေ့ကျင့်ခန်းဟာ ခြေကျင်းဝတ်၊ ဒူးနဲ့ပေါင်တံတွေလို အဆစ်တွေအတွက် အကျိုးရှိပါတယ်။ ဒီလေ့ကျင့်ခန်းက ဝမ်းဗိုက်ချပ်ရပ်စေပြီး တင်ပါးတင်းရင်းလှပစေပါတယ်။

စက်ဘီးစီးခြင်း
စက်ဘီးစီးတာက အဆစ်တွေအတွက် အကျိုးရှိတဲ့ လေ့ကျင့်ခန်းပါ။

Most Popular

Healthy Life Ad
To Top