Healthy Life Ad
Life Style

ကမ္ဘာကျော်အနုပညာရှင်တို့၏ ကိုယ်အလေးချိန်ထိန်းချုပ်နည်း လျှို့ဝှက်ချက်များ

၊ ငွေကြယ်စင်ယံ ၊

ကိုယ်နှစ်သက်တဲ့အနုပညာရှင်တွေက ဘာကြောင့်များ ဒီလောက်ကြည့်ကောင်းပြီး သန်စွမ်းတဲ့ခန္ဓာကိုယ်ပုံပန်းသဏ္ဍာန်ကို ပိုင်ဆိုင်နေရတာလဲလို့ သိလိုစိတ်ဖြစ်ပေါ်မိပါသလား။ သူတို့တွေမှာ ကိုယ့်နည်းကိုယ့်ဟန်ထိန်းသိမ်းတဲ့ ကိုယ်အလေးချိန်ထိန်းနည်း လျှို့ဝှက်ချက်တွေရှိကြပါတယ်။

rty

– စတားလုံး (Sylvester Stallone)

စတားလုံးက အထက်တန်းကျောင်းတွေမှာ လုပ်ရတဲ့လေ့ကျင့်ခန်းတွေကို သဘောကျလုပ်ဆောင်သူပါ။ သူ့ခံယူချက်က အခြေခံအကျဆုံးလေ့ကျင့်ခန်းတွေက အကောင်းဆုံးဖြစ်ပါတယ်တဲ့။ သူဟာ လက်ထောက်မှောက်လေ့ကျင့်ခန်း၊ အိပ်-ထ-မတင် လေ့ကျင့်ခန်းစတာတွေကို လုပ်ဆောင်လေ့ရှိသူပါ။

cel1

– ဟူးဂျက်မန်း (Hugh Jackman)

သြစတြေးလျမင်းသားတစ်လက်ဖြစ်တဲ့ ဟူးဂျက်မန်းက အားကစားခန်းမရောက်ချိန်မှာ နှလုံးတိုင်းစက်တစ်ခုတပ်ဆင်ပြီး နှလုံးခုန်နှုန်း ၁၄၀ BPM အထက်ရောက်အောင်ထားကာ လေ့ကျင့်ခန်းလုပ်သူပါ။ နှလုံးခုန်နှုန်း ၁၂၅ BPM အထက်ထားပြီးလေ့ကျင့်ခန်းလုပ်ရင် တစ်နာရီမှာ ကယ်လိုရီ ၁၀ဝ၀ ကျော်လောင်ကျွမ်းနိုင်တယ်လို့ သူကယုံကြည်ထားပါတယ်။ ဒါကသူရဲ့ ကိုယ်ခန္ဓာထိန်းနည်းတစ်ခုပါ။

cel4

– ဗင်ဒီဆယ် (Vin Disel)

အားလပ်ရက် အပန်းဖြေခရီးသွားတာ၊ ရှူတင်ရိုက်တာ . . ဘယ်လိုအခါမှာပဲဖြစ်ဖြစ် ဗင်ဒီဆယ် နေရာသစ်တစ်ခုရောက်တဲ့အခါ သူပထမဆုံးလုပ်လေ့ရှိတဲ့အရာက စက်ဘီးစီးတာပဲဖြစ်ပါတယ်။ နေရာအနှံ့စက်ဘီးစီးပြီးလေ့လာတာက သူ့ခန္ဓာကိုယ်ကိုထိန်းသိမ်းနိုင်တဲ့နည်းလို့ သူယုံကြည်ထားပါတယ်။

cele8

– ဟယ်လီဘယ်ရီ (Halle Berry)

လေ့ကျင့်ခန်းလုပ်တဲ့အခါ ဝိတ်တုံးကြီးတွေ မ,မယ့်အစား အလေးတုံး (Dumbbells) တွေကို မလေ့ရှိပါတယ်။ ဒါကကြွက်သားတွေကို တည်ငြိမ်သန်စွမ်းတင်းရင်းစေရုံသာမက ခန္ဓာကိုယ်ကိုဟန်ချက်ညီမျှစေပါတယ်။

cele7

– ဟေဒီကလမ် (Heidi Klum)

မော်ဒယ်ဟေဒီကလမ်က တင်ပါးကိုအဓိကထားလုပ်ဆောင်ရတဲ့ လေ့ကျင့်ခန်းလုပ်နိုင်တဲ့စက်ပေါ်မှာ အချိန်ဖြုန်းတာများပါတယ်။ အဲဒီလို တင်ပါးတင်းရင်းလှပအောင် လေ့ကျင့်ခန်းလုပ်ပေမယ့် ခြေသလုံး၊ ပေါင်တံ၊ ဝမ်းဗိုက် စတဲ့အစိတ်အပိုင်းတွေကိုလည်း လေ့ကျင့်ပြီးသားဖြစ်သွားတယ်လို့ သူကဆိုပါတယ်။

cel3

– ဂျနီဖာလိုပက်ဇ် (Jennifer Lopez)

လှေကားကနေသွားလာတဲ့အခါ ခြေလှမ်းကိုဖြည်းဖြည်းချင်းတက်ဖို့၊ ဆင်းဖို့ ဂျေလိုကအကြံပြုထားပါတယ်။ လှေကားကနေ မြန်မြန်အတက်၊ အဆင်းလုပ်တာက နှေးနှေးအတက်၊ အဆင်းလုပ်သလို ကယ်လိုရီများစွာ မလောင်ကျွမ်းစေဘူး၊ လှေကားကနေဖြည်းဖြည်းချင်း တက်လိုက်၊ ဆင်းလိုက်လုပ်ပေးတာက ကယ်လိုရီပိုမိုလောင်ကျွမ်းစေတယ်လို့ ဂျေလိုကဆိုပါတယ်။

cel2

– ဂျနီဖာအနစ္စတန် (Jennifer Aniston)

ဂျနီဖာအနစ္စတန်က ဘယ်နေရာရောက်ရောက် သူရဲ့ကိုယ်အလေးချိန် လျှော့ချနည်းလျှို့ဝှက်ချက်တစ်ခုကို ပြောပြလေ့ရှိပါတယ်။ အဲဒါက အမျှင်ဓာတ် ၁၀ ဂရမ်နဲ့ ပရိုတင်းဓာတ် ၃၀ ဂရမ်ပါတဲ့ POPSUGAR မစ်ရှိတ်ခ်ဖျော်သောက်နည်းကို အကြံပေးတာပါ။ အဲဒီမစ်ရှိတ်ခ်က လက်တို့စ်နဲ့သကြားမပါဘဲ ကယ်လိုရီပါဝင်မှုများပေမယ့် နေ့လယ်စာသရေစာအဖြစ် အကောင်းဆုံးစားသင့်တဲ့ အရာဖြစ်တယ်လို့ ဂျနီဖာအနစ္စတန်ကဆိုပါတယ်။

cele6

– ပင်နလိုခရုဇ် (Penelope Cruz)

စပိန်မင်းသမီးလေးပင်နလိုခရုဇ်က အားကစားခန်းမသွားရတာထက် အပြင်ထွက်ပြီးလေ့ကျင့်ခန်းလုပ်ရတာကို ပိုသဘောကျသူပါ။ ပြေးစက်ပေါ်မှာပြေးတာထက် ပန်းခြံထဲမှာ ခပ်သွက်သွက်လမ်းလျှောက်တာက ပိုပျော်စရာကောင်းတဲ့အပြင် လေကောင်းလေသန့် ရရှိစေပါတယ်။

cel5

– ကင်မရွန်ဒိုင်ယက်ဇ် (Cameron Diaz)

ကြည့်ကောင်းတဲ့ခန္ဓာကိုယ်အလှကြောင့် ကင်မရွန်ကလူသိများပါတယ်။ သူကအားကစားခန်းမမှာ အချိန်ဖြုန်းတာထက် ကမ်းခြေမှာပြေးလွှားရတာ ဒါမှမဟုတ် လေ့ကျင့်ခန်းလုပ်ရတာကို ပိုသဘောကျသူပါ။ အားကစားခန်းမသွားစရာမလိုဘဲ ကိုယ်သဘောကျတဲ့အားကစားလုပ်တာက ကိုယ်အလေးချိန်ကျဖို့ အကောင်းဆုံးနည်းလမ်းဖြစ်ပြီး ကိုယ်ခန္ဓာပုံပန်းသဏ္ဍာန်ကို စမတ်ကျစေတယ်လို့ ကင်မရွန်က ယုံကြည်ထားပါတယ်။

cele9

– ကက်သရင်းဇီတာဂျုံးစ် (Catherine ZetaJones)

ကက်သရင်းဇီတာဂျုံးစ်က ဂေါ့ဖ်ရိုက်တာလိုမျိုးထုံးစံမဟုတ်တဲ့ အားကစားနဲ့ကယ်လိုရီတွေ လောင်ကျွမ်းအောင်လုပ်လေ့ရှိသူပါ။ ဂေါ့ဖ်ရိုက်တဲ့အခါ ကွင်းတစ်ကွင်းလုံးလမ်းလျှောက်ရတဲ့အပြင် ဂေါ့ဖ်အိတ်ကိုသယ်ရတဲ့အတွက် တစ်နာရီမှာ ကယ်လိုရီ ၃၀ဝ ကျော် လောင်ကျွမ်းနိုင်ပါတယ်။

(Ref;HD)

Most Popular

Healthy Life Ad
To Top