Healthy Life Ad
Health Tips

မိမိကိုယ်ကိုယ် ချစ်တတ်အောင် သင်ယူပါ . .

၊ ငွေကြယ်စင်ယံ ၊

လူမှုအဖွဲ့အစည်းထဲမှာ ကိုယ့်ကိုယ်ကိုယ်ချစ်တတ်အောင် သင်ယူဖို့ဆိုတာကြီးမားတဲ့အရာ ဖြစ်လာပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ အချိန်တိုင်းကိုယ်လုပ်တဲ့အရာတိုင်းပေါ်မှာ ဝေဖန်တဲ့သူတွေ ရှိနေတတ်လို့ပါပဲ။ သူများတွေဘယ်လို ပြစ်တင်ဝေဖန်သည်ဖြစ်စေ၊ ဘယ်လိုချီးကျူးဂုဏ်ပြုသည်ဖြစ်စေ ကိုယ့်ကိုယ်ကိုယ်နည်းမှန်လမ်းမှန် ချစ်မြတ်နိုးတတ်တဲ့သူဆိုရင် ဘဝမှာပိုမိုအောင်မြင်လာမှာ ဖြစ်ပါတယ်။

– အခြားသူနှင့် ဘယ်တော့မှမနှိုင်းယှဉ်ပါနှင့်

မိမိကိုယ်ကိုယ်တခြားသူနဲ့ ဘယ်တော့မှမယှဉ်ပါနဲ့။ ဘဝကို ဗီဒီယိုဂိမ်းတစ်ခုလို စိတ်ကူးယဉ်ကြည့်လိုက်ပါ။ တခြားသူက ဂိမ်းအဆင့် ၃၂ ရောက်ကောင်းရောက်နေမှာဖြစ်ပေမယ့် သင်ကဂိမ်းအဆင့် ၁၂ ပဲ ရှိနေသေးတယ်ဆိုပါစို့။ ကိုယ်ရောက်နေတဲ့ဂိမ်းအဆင့်မှာ ဘယ်လိုလုပ်ဆောင်ပြီး ဘယ်လိုကျော်ဖြတ်မယ ်ဆိုတာကိုပဲတွေးသလိုပဲ ဘဝမှာလည်းအဲဒီလိုပဲ လျှောက်လှမ်းလိုက်ပါ။

– အာဟာရမျှတစွာစားသုံးပြီး လေ့ကျင့်ခန်းလုပ်ပါ

စိတ်ရောကိုယ်ပါကျန်းမာနေဖို့ အာဟာရမျှမျှတတစားသုံးပြီး လေ့ကျင့်ခန်းလုပ်ဆောင်ပါ။ ခန္ဓာကိုယ်ကို ကြံ့ခိုင်သန်စွမ်းအောင်လုပ်ဆောင်ပြီး မိတ်ဆွေသူငယ်ချင်း၊ ချစ်ခြင်းမေတ္တာ၊ အမှတ်တရကောင်းနဲ့ ဗဟုသုတ . . စတာတွေနဲ့ ပျော်ရွှင်ဖွယ်ရာနေ့ရက်တွေကို ဖန်တီးပါ။

– နေ့တိုင်းအသစ်ကို လေ့လာပါ

သင်အမြဲသင်ယူချင်တဲ့ ဘာသာရပ် (ဝါသနာ) တစ်ခုခုကို ရွေးချယ်လေ့လာပါ၊ ဘာသာစကားအသစ် / တူရိယာအသစ်ကို လေ့လာသင်ယူပါ။ ကောင်းမွန်တဲ့သင်ယူမှုကို ဘယ်တော့မှရပ်မပစ်ပါနဲ့။

– ခွင့်လွှတ်ပါ၊ မေ့မပစ်ပါနှင့်

အတိတ်တုန်းက ခါးသီးဖွယ်ရာအမှတ်တရတွေနဲ့ ကိုယ့်အပေါ်မကောင်းခဲ့တဲ့လူတွေရှိလာရင် ခွင့်လွှတ်လိုက်ပါ။ ဒါပေမဲ့ ကိုယ်သင်ယူကြုံတွေ့ခဲ့ရတဲ့သင်ခန်းစာတွေကို မေ့မပစ်လိုက်ပါနဲ့။

– ကြာရှည်သုံးမည့်အရာများအတွက် ငွေကုန်ခံပါ

သင့်အနေနဲ့ ကြာကြာသုံးဖို့ရည်ရွယ်ထားတဲ့ လက်ကိုင်ဖုန်း၊ လက်ကိုင်အိတ် စတာတွေအတွက် အမျိုးအစားကောင်းတာကို ဝယ်ယူပါ။ ဒါတွေအတွက်ငွေကုန်သွားလို့ အပြစ်ရှိသလိုမခံစားပါနဲ့။

– ဝမ်းနည်းစေမည့်အတွေးများကို တွန်းလှန်ပါ

မိမိကိုယ်ကိုယ်မပျော်ရွှင်အောင်လုပ်နေတဲ့ အတွေးတွေကိုတွန်းလှန်ပြီး မေ့ပစ်လိုက်ပါ။ အဲဒီအတွေးတွေက သင့်ကိုပိုပြီးညစ်နွမ်းအောင် လုပ်ဆောင်နေတတ်ပါတယ်။

– မိမိအားနည်းချက်ကို လက်ခံပါ

လူတိုင်းစင်းလုံးချော မဟုတ်ပါဘူး။ ကိုယ့်အားနည်းချက်နဲ့အပြစ်ကို နားလည်လက်ခံပြီး အားသာချက်နဲ့အစားထိုးနိုင်ဖို့ ကြိုးစားပါ။ တခြားသူတွေလက်ခံလာစေဖို့နဲ့ ချစ်ခင်လာစေဖို့ ဆုတောင်းမနေပါနဲ့။ ချစ်ခင်စိတ်နဲ့သာ ပြောဆိုဆက်ဆံလိုက်ပါ။

– တစ်ချိန်တွင် ခြေလှမ်းတစ်လှမ်းသာ လှမ်းပါ

ဘဝမှာ အောင်မြင်ချင်တယ်ဆိုပေမယ့် ခြေလှမ်းမကျဲပါနဲ့။ ဖြေးဖြေးမှန်မှန်လျှောက်လှမ်းရင်း ဘဝအောင်မြင်မှုကို အရယူပါ။ အောင်မြင်မှုတိုင်းအတွက် ကိုယ့်ကိုယ်ကိုယ်အသိအမှတ်ပြုပါ၊ လေးစားတန်ဖိုးထားပါ။

(Ref;HD)

Most Popular

Healthy Life Ad
To Top