Healthy Life Ad
Health Tips

သင့်အိမ်သူသက်ထား စိတ်ကျေနပ်သွားစေမည့် အဖြူရောင် မုသားစကား ငါးခွန်း

ကိုထက်

စကားလုံးဆိုတာ အသွားနှစ်ဖက်ပါတဲ့ ဓားလိုပါပဲ။ ချိုချိုသာသာ ပြောတတ်ရင် သင့်အိမ်ထောင်ရေး ကို ပိုမို ကောင်းမွန်သာယာစေပေမယ့် ကြမ်းတမ်းတဲ့ စကားတွေ ပြောမိရင် အိမ်ထောင်ရေးမှာ အဖုအထစ်တွေ ဖြစ်တတ်ပါတယ်။

(၁)-‘မင်း မှန်တယ်’

အသေးအမွှားကိစ္စပဲဖြစ်ဖြစ် ငြင်းခုန်ကြတဲ့အခါ သင်က သင့်ဇနီးနဲ့ သဘောထားချင်း မတိုက်ဆိုင်ရင် တောင်မှ အဲဒီပြဿနာကို အဆုံးသတ်ဖို့ ပြောသင့် တဲ့ စကားက “မင်းမှန်ပါတယ်”ဆိုတဲ့ စကားပါ။ အဲဒီစကားပြောလိုက်တဲ့အခါ ရန်ပွဲကြောင့် ဖြစ်ရတဲ့ ပူလောင်မှု လျော့ကျသွားပြီး အေးအေးဆေးဆေး ဆွေးနွေးနိုင်ပါလိမ့်မယ်။

(၂)-‘ငါ့ မိန်းမ ကြည့်လို့ သိပ်ကောင်းတာပဲ’

“ဒီဂျင်းဘောင်းဘီ ဝတ်လိုက်တော့ ကျွန်မ ဝနေလားဟင်”လို့ သင့်ဇနီးက မေးလာတဲ့အခါ သင်ဖြေသင့်တဲ့ အကောင်းဆုံး အဖြေက “ငါ့မိန်းမ ကြည့်လို့ သိပ်ကောင်းတာပဲ” ဆိုတဲ့ စကားပါ။ သူ့ကို မလှဘူးဆိုတဲ့ သဘောမျိုး ပြောလိုက်မိရင် သင်တို့နှစ်ဦး ဆက်ဆံရေး အဖုအထစ် ဖြစ်သွားနိုင်ပါတယ်။

(၃)-‘တစ်လောကလုံး မင်းကို အချစ်ဆုံးပဲ’

“အရာရာတိုင်းထက် မင်းကိုပိုချစ်တယ်”လို့ အပြောခံရတာက ဇနီးမယားတွေရဲ့စိတ်ကို ကြည်နူးမှုဖြစ်စေပြီး သင်တို့ အိမ်ထောင်ရေး အဆင်ပြေစေ ပါတယ်။ ဒီပေါလ်တက္ကသိုလ်ရဲ့ လတ်တလော လေ့လာမှုအရ အိမ်ထောင်ရေးသာယာတဲ့ ဇနီးမောင်နှံ တွေကို လေ့လာလိုက်တဲ့အခါ ခင်ပွန်းတွေက သူတို့ ဇနီးကို တစ်လောကလုံး မင်းကိုအချစ်ဆုံး ဆိုတဲ့ စကား တစ်ပတ် သုံးကြိမ်လောက် ပြောလေ့ရှိတယ်လို့ သိရပါတယ်။

(၄)-‘ငါ အဆင်ပြေပါတယ်’

သင့်ဇနီးက သင့်ကို အဆင်ပြေရဲ့လားလို့ ဖုန်းဆက်မေးမြန်းတဲ့အခါ အဆင်ပြေတယ်ဆိုတဲ့ စကား ကိုဖြေလိုက်ပါ။ ဘယ်လိုအခြေအနေမှာမဆို သင်က ကိုယ့်ဘာသာ အဆင်ပြေအောင် လုပ်နိုင်တယ်ဆိုတာ သူ သဘောပေါက်ရင် သင့်ဇနီး စိတ်ဖိစီးမှု လျော့ကျပြီး သင့်အပေါ် ယုံကြည်မှု ပိုရှိနေပါလိမ့်မယ်။

(၅)-‘ငါ မင်းကို နားလည်ပါတယ်’

သင့်ဇနီး စိတ်ဆိုးနေတဲ့အခါ၊ အလိုမကျဖြစ်နေ တဲ့အခါ သင် တကယ် နားမလည်ရင်တောင် “ငါ မင်းကို နားလည်ပါတယ်”လို့ ပြောလိုက်ပါ။ စာနာ နားလည်မှုပေးလိုက်တဲ့အခါ သူ့စိတ်ဝေဒနာ လျော့ပါးပြီး အိမ်ထောင်ရေးကို ပိုမို ခိုင်မြဲသွားစေလို့ ဖြစ်ပါတယ်။

Most Popular

Healthy Life Ad
To Top