Healthy Life Ad
Men

သာယာသော အိမ်ထောင်ရေးအတွက် အိပ်ရေးဝ၀ အိပ်စက်အနားယူမှုရှိရန် အရေးကြီး

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

အိမ်ထောင်ရေးမှာ ခင်ပွန်းသည်တွေ သိထားသင့်တဲ့ စကားတစ်ခွန်းရှိပါတယ်။ ‘ပျော်ရွှင်ချမ်းမြေ့တဲ့ အိမ်ထောင်ရေးဖြစ်လိုရင် သင့်ဇနီးက လုံလောက်တဲ့ အနားယူမှုရှိဖို့လိုအပ်တယ်’ဆိုတာ ပါပဲ။

အိပ်ရေးမဝတဲ့ အမျိုးသမီးတွေက ခင်ပွန်းသည်တွေနဲ့ အတူနေထိုင်တဲ့အခါ အဆင်မပြေတာတွေအဖြစ်များကြောင်း ပစ်စဘာ့ဂ်တက္ကသိုလ်ရဲ့ အိပ်စက်မှုဆိုင်ရာ လေ့လာမှုအသစ်တစ်ရပ်အရ သိရပါတယ်။ သူတို့ဇနီးသည်တွေ ပင်ပန်းနေချိန်မှာ အမျိုးသားတွေအနေနဲ့ သာယာတဲ့တုန့်ပြန်မှုကို မရရှိဘူးလို့ အမျိုးသားတွေက ဆိုပါတယ်။ အလားတူ အမျိုးသားတွေအနေနဲ့ အိပ်ချင်စိတ်ဖြစ်ပေါ်နေရင်လည်း အိမ်ထောင်ရေးမှာ အဆင်မပြေတတ်ပါဘူး။

“အမျိုးသမီးတွေက စိတ်ဖိစီးမှု ဖြစ်ပေါ်နေချိန်မှာ သူတို့ရဲ့ပေါင်းသင်းဆက်ဆံရေးနဲ့ပတ်သက်ပြီး ပိုမိုစိတ်မပါတာမျိုး ဖြစ်လွယ်ပါတယ်”လို့ လေ့လာသူဝမ်ဒီက ဆိုပါတယ်။ ဒါကြောင့် အမျိုးသမီးတစ်ယောက်ရဲ့ အိပ်စက်မှုဆိုင်ရာ ပြဿနာက သူတို့အတွက်ရော၊ သူတို့ရဲ့ခင်ပွန်းသည်တွေအတွက်ပါ ထိခိုက်စေနိုင်ပါတယ်။ ဒါ့အပြင် တစ်နေ့တာအတောအတွင်း နားလည်မှုရှိပြီး အဆင်ပြေတဲ့စုံတွဲတွေက အတူနေရာမှာ ပိုမိုကျေ နပ်ပျော်ရွှင်လေ့ရှိတယ်လို့လည်း လေ့လာသူတွေက ဆိုပါတယ်။

ဒီလေ့လာမှုရဲ့ ရလဒ်က သိသာထင်ရှားတာကြောင့် အိပ်စက်မှုဟာ တစ်နေ့တာအတွင်း လှုပ်ရှားသွားလာနိုင်ဖို့၊ အလုပ်လုပ်ဖို့နဲ့ တွေးခေါ်နိုင်ဖို့အတွက် အရေးပါရုံသာမက စိတ်ခံစားမှုပိုင်းနဲ့ ပေါင်းသင်းဆက်ဆံရေးမှာပါ အဓိကကျနေပါတယ်လို့ အိပ်စက်မှုအကြောင်း ကျွမ်းကျင်သူ လော်ရန်ဟေးက သုံးသပ်ပြောဆိုထားပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top