Healthy Life Ad
Life Style

ရန်ရန်ချန်းနှင့်ချီလီ မိသားစုကျန်းမာရေး အကျင့်ကောင်းများ

H2

– အစ်မတို့အိမ်ထောင်ရေးမှာ တစ်ယောက်ကျန်းမာရေးကိုတစ်ယောက်က ဘယ်လိုဂရုစိုက် အကြံပေးဖြစ်ပါသလဲ။

အစ်မတို့နှစ်ယောက်စလုံးကတော့ Gym အတူတူဆော့ဖြစ်ကြတယ်။ ပြီးတော့ အစ်မကအစားအသောက်ကို ဂရုတစိုက်စားသောက်တယ်။ ကိုရန်ရန်ချန်းကိုကျတော့ အစားအသောက်နဲ့ပတ်သက်ပြီး ဂရုစိုက်ပေးရတာမျိုး ရှိတယ်။ သူက ညအိပ်ခါနီးဗိုက်ဆာရင် ထစားတာမျိုးရှိတော့ ကျန်းမာရေးနဲ့ပတ်သက်ပြီး အဆင်မပြေဖြစ်နိုင်တဲ့အတွက် ဂရုစိုက်ပြောပြတာမျိုးရှိတယ်။ ကိုရန်ချန်းဆိုလည်း အစ်မအပေါ်အများကြီးဂရုစိုက်တယ်၊ ရည်စားသက်တမ်းနဲ့ အိမ်ထောင်သက်တမ်း ၁၆ နှစ်မှာ သူကအစ်မအပေါ်အများကြီး ဂရုစိုက်ပေးတယ်။ အစ်မကလည်း သူ့ကိုဘာလုပ်လုပ် တိုင်ပင်ဖြစ်ပါတယ်။

H6

– အပြင်စာနဲ့အိမ်စာ ဘယ်ဟာစားဖြစ်တာများလဲ.. အကြိုက်တူတာမျိုးရှိလား။

အစ်မတို့ကအိမ်စာကော အပြင်စာပါစားဖြစ်တယ်။ အပြင်စာကို အရမ်းကြီးမစားဘူး၊ အဓိကဆီကြော်မုန့်တွေကို ရှောင်ဖြစ်တာများတယ်၊ အကြိုက်ချင်းကတော့ များသောအားဖြင့် တူတာများပါတယ်၊ နောက်တစ်ခုအစ်မတို့က ရေများများသောက်တဲ့အကျင့် လုပ်ထားတယ်၊ တစ်ယောက်ကရေသောက်နည်းတယ်ဆိုရင် တစ်ယောက်ကသတိပေးတာမျိုး ရှိတယ်။ အိမ်မှာချက်စားဖြစ်တာက အသီးအရွက်များများ စားဖြစ်တယ်။

– မိသားစုလိုက်ခရီးတွေသွားဖြစ်ရင် ကျန်းမာရေးအတွက် ဘယ်လိုဂရုစိုက်ပြင်ဆင်ဖြစ်လဲ။

မိသားစုလိုက်ခရီးထွက်ဖြစ်ရင်တော့ အဓိကသားသားလေးရဲ့ကျန်းမာရေးကို ပိုဂရုစိုက်ပေးဖြစ်ပါတယ်။ အစ်မနဲ့ကိုရန်ချန်းကတော့ ကျန်းမာနေအောင် နေ့စဉ်ပုံမှန်လေးဂရုစိုက်ဖြစ်တော့ ခရီးတွေသွားဖြစ်ရင် အရမ်းကြီးဂရုစိုက်ရတာမျိုးတော့ မရှိပါဘူး။ ပြီးတော့အစ်မတို့က ဆေးဝါးတွေအရမ်းသောက်တာမျိုး မရှိဘူး၊ ဆေးသောက်ခဲတယ်၊ ကျန်းမာအောင် အစားအသောက်၊ အနေအထိုင်ကို ပိုဂရုစိုက်ဖြစ်တယ်။

H8

– နေမကောင်းဖြစ်ပြီဆိုရင် ဘယ်လိုကုသမှုတွေ ဆောင်ရွက်ဖြစ်လဲ။

နေမကောင်းဖြစ်တာနဲ့ ဆရာဝန်ဆီအရင်ပြသတယ်။ ကိုယ်သိတယ်ဆိုပြီး အရမ်းမကုပေးဘူး။ ကိုယ်တွေထက်ဆရာဝန်တွေက ပိုနားလည်တော့စိတ်ချရ တယ်။

– ကျန်းမာရေးအတွက် အကျိုးရှိစေတဲ့ဗဟုသုတတွေကို လေ့လာလိုက်စားဖြစ်တာမျိုး ရှိလား။

အစ်မငယ်ငယ်လေးကတည်းက အားကစားလုပ်ရတာ သဘောကျတယ်၊ လေ့လာလိုက်စားဖြစ်တယ်၊ အားကစားလုပ်တာက ကျန်းမာရေးအတွက် အထောက်အကူပြုစေတယ်၊ ပြီးတော့ အစားအသောက်နဲ့ပတ်သက်ပြီး လေ့လာတယ်၊ ဘယ်လိုအစားအစာက ကျန်းမာရေးအတွက် အကျိုးရှိစေလဲဆိုတာမျိုး လေ့လာဖြစ်ပါတယ်၊ တခြားစာပေဗဟုသုတတွေလည်း လေ့လာဖြစ်ပါတယ်။

H4

– အစ်မအတွေ့အကြုံအရ အားကစားလုပ်တာက ကျန်းမာရေးအတွက် ဘယ်လိုထိရောက်ပါသလဲ။

ငယ်ငယ်တုန်းကတော့ ကျန်းမာရေးလုပ်တာက လှချင်လို့လုပ်တာများတယ်၊ အခုအချိန်မှာတော့ လှချင်တာထက် ကျန်းမာရေးအတွက် တကယ်အထောက်အကူပိုရတာဆိုတာ သိလိုက်ရတယ်၊ အလုပ်ကိစ္စတွေ၊ လူမှုရေးတွေမှာ စိတ်ဖိစီးမှုတွေဖြစ်လာတယ်ဆိုရင် အားကစားလုပ်လိုက်တာက စိတ်ကိုပေါ့ပါးလန်းဆန်းသွားစေပါတယ်၊ လူတိုင်းကိုလည်း အားကစားလုပ်စေချင်ပါတယ်။

– အစ်မတို့မိသားစုကိုအားပေးနေတဲ့ ပရိသတ်တွေအတွက် ကျန်းမာရေးအကြံပြုချက်လေး ပြောပြပေးပါ။

အားလုံးကျန်းမာပျော်ရွှင်ကြပါစေ။ ရေများများသောက်တာက ကျန်းမာရေးအတွက် အထောက်အကူပြုပါတယ်လို့ ပြောချင်ပါတယ်။ ချမ်းသာခြင်းထက် ကျန်းမာရေးကပိုအရေးကြီးတဲ့အတွက် ဂရုစိုက်ကြပါ၊ ကျန်းမာမှအလုပ်လုပ်နိုင်ပြီး ငွေရှာနိုင်မှာဖြစ်တဲ့အတွက် ကျန်းမာရေးဂရုစိုက်ကြပါလို့ ပြောချင်ပါတယ်။

Most Popular

Healthy Life Ad
To Top