Healthy Life Ad
Health Tips

ထူထဲသန်စွမ်းသော ဆံပင်ရှည် ပိုင်ဆိုင်လိုလျှင်

၊ လရိပ်မေ ၊

(၁) ဗီတာမင်စီ၊ ဇင့်(သွပ်)ဓာတ်၊ သံဓာတ်နဲ့ အိုမီဂါ ၃ ဖက်တီးအက်ဆစ်တို့ ပါဝင်မှုများတဲ့ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေစားပါ။

(၂) လိုအပ်ရင် ဆံပင်အဖျားတွေကိုတိပေးပါ။ ဆံပင်ကျိုးပြတ်တာကို ရှောင်လွှဲနိုင်ဖို့ အဖျားနှစ်ခွဖြစ်နေတဲ့ ဆံပင်တွေကို ဒီအတိုင်းမထားပါနဲ့။ ညှပ်ပေးပါ။

(၃) ဆံပင်အဖျားတိတဲ့အခါ ဆံပင်ညှပ်တဲ့ ကတ်ကြေးသုံးပါ။ စက္ကူညှပ်တဲ့ ကတ်ကြေးသုံးရင် ဆံပင်အဖျားတွေ နှစ်ခွဖြစ်တတ်ပါတယ်။

(၄) ခေါင်းဖြီးပြီး ခေါင်းလျှော်တာကြောင့် ဆံပင်သားကျိုးပြတ်မှုနဲ့ ဆံပင်ရှုပ်ထွေးမှုတို့မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

(၅) ဦးရေပြားကို ကြက်ဆူဆီလိမ်းပြီး နှိပ်ပေးရင် ဦးရေပြားဆီ သွေးလှည့်ပတ်စီးဆင်းမှုကောင်းစေပြီး ဆံပင်သန်စွမ်းစေပါတယ်။

(၆) နေ့စဉ် ရေ ၈- ၁၂ ဖန်ခွက် သောက်ပေးသင့်ပါတယ်။

(၇) ခေါင်းမလျှော်ခင် ဆံပင်ကို သဘာဝအဆီ တစ်မျိုး (ဥပမာ- အုန်းဆီ၊ သံလွင်ဆီ)လိမ်းပေးပါ။ ဆံပင်သန်စွမ်းထူထဲစေပါတယ်။

(၈) ဆံပင်သန်စွမ်းစေဖို့ ၆-၈ ပတ်ကြာတိုင်း တစ်ခါပေါင်းတင်ပေးပါ။

(၉) တစ်ပတ်တစ်ခါ ဆံပင်ကို ခေါင်းလျှော်ပြီး ကွန်ဒီရှင်နာလိမ်းကာ အနည်းဆုံး မိနစ် ၃၀ လောက်ထားပေးပါ။ ပြီးမှ ရေနဲ့ ဆေးချလိုက်ပါ။

(၁၀) လေ့ကျင့်ခန်းလုပ်တာနဲ့ ဦးရေပြား နှိပ်နယ်တာကြောင့် ဆံပင်သား သန်စွမ်းစေပါတယ်။
(Ref;HD)

Most Popular

Healthy Life Ad
To Top