Healthy Life Ad
Health Tips

ခုနစ်ရက်အတွင်း ၁၇ ပေါင်လျော့ကျအောင် ဘယ်လိုလုပ်သင့်သလဲ

၊ သဒ္ဒါထက် ၊

ကိုယ်အလေးချိန်များနေလို့ ဒါမှမဟုတ် အဝ လွန်နေလို့ တစ်ပတ်အတွင်း ၁၇ ပေါင်လောက်လျော့ ကျချင်တယ်ဆိုရင် အောက်ပါ အစာစားနည်းကို လုပ်ဆောင်သင့်ပါတယ်။

ပထမနေ့ – သစ်သီးကလွဲပြီး ဘာမှ မစားခြင်း
ပထမဆုံးနေ့မှာ သစ်သီးဝလံတွေကို များများစားသင့်ပါတယ်။ ဗိုက်ဆာနေတဲ့အခါ သစ်သီးကို သရေစာအဖြစ် စားပါ။ အကောင်းဆုံး စားသင့်တဲ့ သစ်သီးတွေက ဖရဲသီး၊ စတော်ဘယ်ရီသီး၊ မက်မွန်သီး၊ သြဇာသီး၊ ပန်းသီး စတာတွေ ဖြစ်ကြပါတယ်။ ရေဆာနေတဲ့အခါ ရေကို အနည်းဆုံး ရှစ်ဖန်ခွက်သောက်ပေးပါ။ ဘယ်အသီးမဆို စားလို့ရပေမယ့် ငှက်ပျောသီးကိုရှောင်ပါ။

ဒုတိယနေ့ – ဟင်းသီးဟင်းရွက်များ စားခြင်း
သစ်သီးဝလံအစား ဟင်းသီးဟင်းရွက်တွေကိုပဲ စားသင့်ပါတယ်။ ဟင်းသီးဟင်းရွက်တွေကို အစိမ်း လိုက်စားနိုင်သလို ချက်ပြုတ်ပြီး စားနိုင်ပါတယ်။ ချက်ပြုတ်တဲ့အခါ ဆီမထည့်ပါနဲ့။ ရေဆာတိုင်း ရေ ကိုပဲ သောက်ပေးပါ။ တခြားအချိုရည်တွေမသောက်ပါနဲ့။

တတိယနေ့ – သစ်သီးနှင့် ဟင်းသီးဟင်းရွက် ပေါင်းစားခြင်း
ဒီနေ့မှာ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေကို စားနိုင်ပါတယ်။ ဒါပေမဲ့ ငှက်ပျောသီးနဲ့ အာလူးကို မစားပါနဲ့။ ရေများများ သောက်ပါ။

စတုတ္တနေ့ – ငှက်ပျောသီးနှင့် နွားနို့ စားသောက်ခြင်း
ငှက်ပျောသီးကို အနည်းဆုံး ရှစ်လုံး စားပြီး နွားနို့ကို ၃-၄ ဖန်ခွက်ခန့် သောက်ပေးပါ။

ပဉ္စမနေ့ – ထမင်းနှင့် ခရမ်းချဉ်သီးစားခြင်း
နေ့လယ်စာစားချိန်မှာ ထမင်းတစ်ခွက် (အကြမ်းပန်းကန်လုံး တစ်ခွက်စာ)နဲ့ ခရမ်းချဉ်သီး ခြောက်လုံးကို စားပေးပါ။ ရေများများ သောက်ပေးရပါမယ်။ ခရမ်းချဉ်သီးစားပြီးချိန်မှာ ခန္ဓာကိုယ်ကနေ ယူရစ်အက်ဆစ် အထွက်တိုးတာကြောင့် ရေများများ သောက်ပေးဖို့ လိုအပ်တာ ဖြစ်ပါတယ်။

ဆဋ္ဌမနေ့ – ထမင်းနှင့် ဟင်းသီးဟင်းရွက်စားခြင်း
နေ့လယ်စာစားချိန်မှာ ထမင်းတစ်ခွက် (အကြမ်းပန်းကန်လုံး တစ်ခွက်စာ)နဲ့ သင်ကြိုက်တဲ့ ဟင်းသီးဟင်းရွက်ကို ရွေးချယ်စားပါ။ ဒီနေ့မှာ ရေ ၈-၁၂ ဖန်ခွက် သောက်ရပါမယ်။

သတ္တမနေ့ – ထမင်း၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီး ဖျော်ရည် စားသောက်ခြင်း
ထမင်းတစ်ခွက် (အကြမ်းပန်းကန်လုံး တစ်ခွက်စာ)၊ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဖျော်ရည် စ တာတွေကိုစားပေးပါ။ လတ်လတ်ဆတ်ဆတ်ဖျော်ထားတဲ့ သစ်သီးဖျော်ရည်က သင့်ကိုယ်တွင်းစနစ်ထဲ က အဆိပ်အတောက်တွေကို ကင်းစင်စေပါတယ်။
(Ref;SN)

Most Popular

Healthy Life Ad
To Top