Healthy Life Ad
Health Tips

လမ်းလျှောက်ခြင်းနှင့်ပြေးခြင်းတို့၏ ကောင်းကျိုး၊ ဆိုးပြစ်များ

တစ်နေ့ အနည်းဆုံး မိနစ် ၃၀နဲ့ တစ်ပတ် ၃-၄ ကြိမ် လေ့ကျင့်ခန်းလုပ်တာကြောင့် စိတ်နဲ့ခန္ဓာကို ကျန်းမာစေ တယ်ဆိုတာ လူတိုင်းသိကြပါတယ်။ လေ့ကျင့်ခန်းကို ပုံမှန်ပြုလုပ်တာကြောင့် ကြွက်သားတွေကို သန်စွမ်းစေ ပြီး နှလုံးရောဂါအန္တရာယ် ကင်းဝေးစေပါတယ်။ လေ့
ကျင့်ခန်းမှာ လမ်းလျှောက်တာနဲ့ ပြေးတာကရိုးစင်းလွယ်ကူတဲ့ နည်းနှစ်မျိုးဖြစ်ပေမယ့် လမ်းလျှောက်ရမလား၊ ပြေးရမလားဆိုတာကို ဝေခွဲမရဖြစ်နေတဲ့ အချိန်တွေ လည်းကြုံဖူးမှာပါ။ ဒါကြောင့်လမ်းလျှောက်တာနဲ့ ပြေးတာအကြား ကောင်းကျိုး၊ ဆိုးကျိုးတွေကို အကြံပြုလိုက် ပါတယ်။

လမ်းလျှောက်ခြင်း၏ ကောင်းကျိုးများ

– အလွန်လွယ်ကူပြီး ငွေကုန်ကြေးကျနည်းပါတယ်

လမ်းလျှောက်တာက ဝေါ့ကင်းရှူးတစ်ရံ ရှိရုံနဲ့ သက်သောင့်သက်သာရှိရှိ၊ အန္တရာယ်ကင်းကင်း လုပ် ဆောင်နိုင် တဲ့ လေ့ကျင့်ခန်းဖြစ်လို့ လွယ်ကူပြီးငွေ ကုန်သက်သာပါတယ်။

– ခန္ဓာကိုယ်အပေါ် သက်ရောက်မှုနည်းပါတယ်

အဆစ်နဲ့ တစ်သျှူးတွေအပေါ် သက်ရောက်မှုနည်းစေတဲ့ လေ့ကျင့်ခန်းဖြစ်တာကြောင့် အသက်အရွယ်မရွေး၊ ကျား-မ မရွေး သင့်တော်တဲ့လေ့ကျင့် ခန်းဖြစ်ပါတယ်။

– ကျန်းမာကြံ့ခိုင်သန်စွမ်းစေပါတယ်

ပုံမှန် လမ်းလျှောက်တာကြောင့် သွေးဖိအားကို ထိန်းညှိပေးပါတယ်။ ပုံမှန် လမ်းလျှောက်တာကြောင့် ခန္ဓာကိုယ် နာကျင်ကိုက်ခဲမှု သက်သာပြီး ကိုယ်အလေးချိန်ကို လျော့ကျစေပါတယ်၊ ဒါ့အပြင် စိတ်ဖိစီးမှုကို တွန်းလှန်ပေး နိုင်ပါတယ်။

လမ်းလျှောက်ခြင်း၏ ဆိုးပြစ်များ

– ခန္ဓာကိုယ်သန်စွမ်းကြံ့ခိုင်လွန်းတဲ့ ပန်းတိုင်ကိုမရရှိစေပါဘူး

ပြေးတာ၊ ရေကူးတာနဲ့ လက်ဝှေ့ထိုးတာလို ပြင်းအားများတဲ့ လေ့ကျင့်ခန်း လုပ်လေ့ရှိရင် လမ်းလျှောက်တာက အဲဒီလေ့ကျင့်ခန်းတွေလို
သင့်ခန္ဓာကိုယ်ကို ကြွက်သားအဖုဖုထစေမှာ မဟုတ်ပါဘူး။

– တစ်နာရီလမ်းလျှောက်ရင်တောင် ကယ်လိုရီအများအပြား မလောင်ကျွမ်းစေပါဘူး

လမ်းလျှောက်တာက ပြေးတာလောက်ပြင်း အားမများတဲ့အတွက် လေ့ကျင့်ခန်းလုပ်ချိန် တစ်နာရီချင်းတူရင်တောင် လမ်းလျှောက်
တာကြောင့်ကယ်လိုရီအများအပြား မလောင်ကျွမ်းစေနိုင်ပါဘူး။

ပြေးခြင်း၏ ကောင်းကျိုးများ

– လေ့ကျင့်ခန်းလုပ်ချိန်ချင်းတူရင်တောင်ပြေးတာ က လမ်းလျှောက်တာထက် ကယ်လိုရီ ပိုမိုလောင် ကျွမ်းစေပါ တယ်

ပြေးတာက လမ်းလျှောက်တာထက် စိန်ခေါ်မှု များတဲ့အတွက် အချိန်တိုအတွင်းမှာ ကယ်လိုရီအများအပြား လောင်ကျွမ်းစေပြီး ကိုယ်အလေးချိန်လျော့ကျစေပါတယ်။

– အချိန်ကြာကြာပေးစရာမလိုဘဲ ထိရောက်တဲ့လေ့ကျင့်ခန်းပါ

ပြင်းအားများတဲ့အတွက် ကယ်လိုရီလောင်ကျွမ်း မှု များစေပြီး ကိုယ်အလေးချိန် လျော့ကျစေပါတယ်။ လေ့ ကျင် ခန်းလုပ်ဖို့ အချိန်များများမ
ပေးနိုင်သူတွေနဲ့ အလုပ်များသူတွေအတွက် အချိန်တိုတိုနဲ့ ထိရောက်တဲ့ လေ့ကျင့် ခန်းပါ။

– လမ်းလျှောက်တာလိုပဲ ငွေကုန်ကြေးကျမများတဲ့ အမျိုးအစားပါ

အားကစားခန်းမကြေးပေးစရာမလို၊ လေ့ကျင့်ခန်း ကိရိယာဝယ်စရာမလိုဘဲ လမ်းလျှောက်တာလိုပဲ ငွေကုန် ကြေးကျ သက်သာတဲ့လေ့
ကျင့်ခန်းပါ။

ပြေးခြင်း၏ ဆိုးပြစ်များ

– ပုံမှန်လေ့ကျင့်ခန်း မလုပ်ဖူးသူတွေအတွက် မသင့်တော်ပါဘူး

အထူးသဖြင့် သင်ကအချိန်ကြာကြာ ထိုင်ရတဲ့ နေထိုင်မှုပုံစံရှိတယ်ဆိုရင် အရင်ဆုံးပြင်းအားနည်းတဲ့ လေ့ကျင် ခန်းကို ရွေးချယ်သင့်ပါ
တယ်။ သင်ပိုကြံ့ခိုင်လာမှသာ ပြေးတာလို စိန်ခေါ်မှုများတဲ့ လေ့ကျင့်ခန်းကို လုပ်ဆောင် သင်တာ ဖြစ်ပါတယ်။

– ပြေးတာက ထိခိုက်ဒဏ်ရာရနိုင်ခြေများပါတယ်

ပြေးတာက သက်ရောက်မှုများတဲ့ လေ့ကျင့်ခန်းဖြစ်တာကြောင့် အလေ့အကျင့်မရှိသူတွေ ပြေးရင်ကြွက်သား တွေ ဒဏ်ဖြစ်တာ၊ နာကျင်တာနဲ့ ထိခိုက်ဒဏ်ရာရတာတို့ ဖြစ်တတ်ပါတယ်။

၊ လရိပ်မေ ၊ (Ref;HD)

Most Popular

Healthy Life Ad
To Top