Healthy Life Ad
Health Tips

လမ်းလျှောက်ခြင်းဖြင့် ဦးနှောက်စွမ်းအားမြှင့်တင်နိုင်

———၊ ဇွန် ၊———

လေ့ကျင့်ခန်းလုပ်တာက ကျွန်မတို့ရဲ့ ခန္ဓာကိုယ်အတွက် အကျိုးရှိတယ်ဆိုတာ လူတိုင်းသိပြီးသားပါ။

အခုလေ့လာမှုအသစ်အရ လေ့ကျင့်ခန်းဟာ ဦးနှောက်ကိုလည်း စွမ်းအားကောင်းစေတယ်ဆိုတာကို သိရှိရပါတယ်။ တစ်ပတ်မှာ သုံးကြိမ်နဲ့ တစ်ကြိမ်မှာ မိနစ် ၄၀ လောက် လမ်းလျှောက်ပေးတာဟာ ဦးနှောက်ကို ပင်ပန်းနွမ်းနယ်စေတာမျိုး ကင်းဝေးစေပြီး မှတ်ဉာဏ်ကို ကောင်းမွန်စေတယ်လို့ အဆိုပါလေ့လာမှုအသစ်က တွေ့ရှိခဲ့ပါတယ်။

ဦးနှောက်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ဟစ်ပိုကမ်းပက်စ်(Hippocampus)ဟာ အသက် ၅၅ နှစ် နဲ့ ၆၀ ကြား ရောက်လာချိန်မှာ သိမ်သွားတတ်ပါတယ်။ လေ့လာမှုမှာပါဝင်တဲ့ ပျမ်းမျှ အသက် ၆၀ အရွယ်ရှိသူတွေဟာ တစ်ပတ်မှာ သုံးကြိမ်နဲ့ တစ်ကြိမ်မှာ မိနစ် ၄၀ နဲ့ အထက်လမ်းလျှောက်ပေးတဲ့အခါမှာ ဟစ်ပိုကမ်းပက်စ်ဟာ နှစ်ရာခိုင်နှုန်းနီးပါး ကျယ်ပြန့်လာတယ်လို့ သိရပါတယ်။ လေ့လာမှုမှာပါဝင်တဲ့ ကိုယ်လက်လှုပ်ရှားမှု နည်းပါးတဲ့သူတွေကတော့ ဦးနှောက်ထဲက ဟစ်ပိုကမ်းပက်စ်ဟာ တစ်ဒသမလေးဆလောက် ကျုံ့သွားတာကို တွေ့ရပါတယ်။

အသက်အရွယ်ကြီးလာချိန်မှာ ကြွက်သားတွေ ကြီးမားလာအောင်၊ မာရသွန်အပြေးသမားလို ပြေးနိုင်အောင် အလေးမတာလိုမျိုး ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်းလုပ်စရာ မလိုပါဘူး။ လမ်းကို အသင့်အတင့်နဲ့ မှန်မှန် လျှောက်ပေးရုံနဲ့ ဦးနှောက်ကျန်းမာ ရေးကို ကောင်းမွန်စေတာကြောင့် တစ်နေ့ကို မိနစ် ၃၀ လောက် လမ်းလျှောက်ပေးသင့်ပါတယ်။

(Ref;RD)

Most Popular

Healthy Life Ad
To Top