Healthy Life Ad
Health Tips

အိုမင်းမှုကို ဟန့်တားပေးသည့် အကောင်းဆုံး ဟင်းခတ်အမွှေးအကြိုင်များ

၊ ငွေကြယ်စင်ယံ ၊

ရုပ်ရည်အိုမင်းမှုကို ဟန့်တားပေးတဲ့ ဟင်းခတ် အမွှေးအကြိုင်တွေကို စားသင့်ပါတယ်။

– နနွင်း
နနွင်းမှုန့်မှာ အနာကျက်နိုင်စွမ်းရှိပြီး အသားအရေကို ထိန်းသိမ်းပေးပါတယ်။ ဘက်တီးရီးယားကို ဆန့်ကျင်ပေးပြီး ရောင်ရမ်းမှုကို လျော့ကျစေပါတယ်။ နနွင်းမှုန့်မှာ ပါဝင်တဲ့ ကာကူမင်ဒြပ်ပေါင်းဟာ နနွင်း မှုန့်ကို ဝါစေတဲ့အပြင် အိုမင်းမှုကို ဟန့်တားပေးပါတယ်။

– ဂျင်စင်း
ဂျင်စင်းဟာ အာရှနဲ့အမေရိကမှာ ရေပန်းစားတဲ့ ဟင်းခတ်အမွှေးအကြိုင် တစ်မျိုးပါ။ အိုမင်းမှုကို ဟန့်တားပေးပြီး သွေးတိုးကျစေကာ စိတ်ဖိစီးမှုကို သိသိသာသာ လျော့ကျစေပါတယ်။ ဂျင်စင်းဟာ အသား အရေကို ကြည်လင်တောက်ပစေပြီး ခန္ဓာကိုယ်ကို ကျန်းမာရေးကောင်းမွန်စေပါတယ်။ အသက်ကြီးချိန်မှာ သက်လုံတိုးစေပါတယ်။

Most Popular

Healthy Life Ad
To Top