Healthy Life Ad
Health Tips

ဆံပင်တွေ သိသိသာသာ ကျွတ်နှုန်းများနေပြီလား

လရိပ်မေ

ဆံပင်တွေက သိသိသာသာ အကျွတ်များနေ တယ်ဆိုရင်၊ ဆံပင်တွေ ကျဲပါးနေတယ်ဆိုရင် ဘဝ နေထိုင်စားသောက်မှုပုံစံ မှားယွင်းတာကြောင့် ဖြစ်တတ်တဲ့အတွက် ပြန်လည် ဆင်ခြင်ပြုပြင်နိုင်ဖို့ မျှဝေ လိုက်ရပါတယ်။

(၁) ရေပူသုံးပြီး ခေါင်းလျှော်ခြင်း

ရေပူနဲ့ ခေါင်းလျှော်တာကြောင့် ဆံပင်သား နွမ်းနယ်ခြောက်သွေ့ကာ ကြွပ်ဆတ်စေပြီး ဆံပင် ကျွတ်နိုင်ပါတယ်။ ခေါင်းလျှော်တာကြောင့် ဆံပင်သားရဲ့ အကာအကွယ်ဆီတွေကို ကင်းစင်စေတဲ့ အပြင် ဆံပင်အရင်းကို ထိခိုက်စေကာ ဆံပင်ကျွတ် စေနိုင်ပါတယ်။

– ဆံပင်မကျွတ်အောင် – ဆောင်းတွင်းမှာ ကြက်သီးနွေးရေနဲ့ ရေချိုးလို့ရပေမယ့် ဆံပင်ကိုတော့ တတ်နိုင်ရင် ရေအေးနဲ့ ရေချိုးသင့်ပါတယ်။

(၂) ဆံပင်ပူပြင်းစေမည့် ပုံသွင်းကိရိယာများ သုံးခြင်း

ဆံပင်ပူပြင်းစေမယ့် ဆံပင်ဖြောင့်တာ၊ ကောက် တာတို့ သုံးရင် ဦးရေပြားကို ထိခိုက်စေပြီး ဆံပင် ကျွတ်လွယ်စေပါတယ်။

– ဆံပင်မကျွတ်အောင် – ဆံပင်ကို လေမှုတ်ကိရိယာနဲ့ အခြောက်ခံမယ်ဆိုရင် အလွန်ဆုံး တစ်ပတ် ၂-၃ကြိမ်ပဲ လုပ်ဆောင်ပါ။ အပူဒဏ် ကာကွယ်ပေးမယ့် စပရေးဖျန်းပြီးမှ ဖြောင့်တာ၊ ကောက်တာ လုပ်ဆောင်ပါ။

(၃) အစာကို အလွန်အမင်း လျှော့စားခြင်း

အစာကို အလွန်အမင်း လျှော့စားတာကြောင့် နှလုံးနဲ့ ဦးနှောက် အလုပ်လုပ်ပုံအပေါ် တိုက်ရိုက်ထိ ခိုက်စေနိုင်ပါတယ်။ အစားလျှော့ရင် အာဟာရဓာတ် ချို့တဲ့ရာက ဆံပင်ပါ ကျွတ်တတ်ပါတယ်။

– ဆံပင်မကျွတ်အောင် – ငါး၊ ကြက်သား၊ ပဲနီလေး နဲ့ပဲသီးလို အဆီနည်းတဲ့ ပရိုတင်းဓာတ် များများရအောင စားပေးပါ။ ဆံပင်သားက ပရိုတင်းဓာတ် နဲ့ အဓိက ဖွဲ့စည်းထားတာကြောင့် ပရိုတင်းဓာတ် အလုံအလောက်မရရင် ဆံပင် ကျွတ်တတ်ပါတယ်။

(၄) စိုနေသော ဆံပင်များကို ခေါင်းဖြီးခြင်း

ဆံပင်တွေက ရေစိုနေချိန်မှာ ကျိုးပြတ်လွယ်နှုန်း အများဆုံး ဖြစ်ပါတယ်။ ခေါင်းလျှော်နေတုန်းမှာ ဘီးဖြီးပေးရင် ဆံပင်ကျွတ်တတ်ပါတယ်။

– ဆံပင်မကျွတ်အောင် – ဆံပင်မစိုခင် ဘီးဖြီးပေးပါ။ ခေါင်းလျှော်ပြီးချိန်မှာ နူးညံ့တဲ့ တဘက်နဲ့ ဆံပင်ကို သုတ်ပေးပါ။

(၅) ဆံပင်ကို တင်းကျပ်အောင် ထုံးဖွဲ့ခြင်း

ဆံပင်ကို ပိုနီတေးစည်းတာ၊ ဆံထုံးထုံးဖွဲ့တာ စတာတွေကြောင့် ဆံချည်မျှင်အိတ်ကို ဖိအားသက်ရောက်မှု များစေပြီး ဦးရေပြားကို နာကျင်ထိခိုက်စေ ပါတယ်။ အဲဒီအခါ ဆံပင်ပေါက်ဖို့ မဖြစ်နိုင်တော့ပါဘူး။

– ဆံပင်မကျွတ်အောင် – ဆံပင်ကို ခပ်လျော့လျော့ ထုံးဖွဲ့ပါ။ ဆံပင်စည်းပြီး အိပ်ရင် ဦးရေပြားကို ပွတ်တိုက်မှု ဖြစ်စေနိုင်ပါတယ်။

(၆) ကြာရှည်ခံ ဆံပင်သုံးပစ္စည်းများ လိမ်းခြင်း

ဆံပင်ကို ဖျန်းဆေးတွေ လိမ်းရင် အယ်လ်ကိုဟော ပါဝင်မှုများတဲ့အတွက် ဆံပင်သား ခြောက်သွေ့ ပြီး ကြွပ်ဆတ်စေနိုင်ပါတယ်။ ခေါင်းဖြီးတဲ့အခါ ဆံပင်သုံး ပစ္စည်း အကြွင်းအကျန်တွေကြောင့် ဆံပင်ကျွတ် ပြီး ဆံပင်သားတွေ ပြတ်ထွက်နိုင်ပါတယ်။

– ဆံပင်မကျွတ်အောင် – ဆံပင်စေးကပ်မှု ဖြစ်စေနိုင်တဲ့ အရာတွေ ရှောင်ပါ။ ပိုပြီး နူးညံ့တဲ့ ဆံပင်လိမ်း ခရင်မ်အမျိုးအစားကို သုံးသင့်ပါတယ်။

(၇) သန္ဓေတားသောက်ဆေး မှီဝဲခြင်း

ဟော်မုန်းအပြောင်းအလဲ ဖြစ်တာကြောင့် ဆံပင်ပါးရင် ဒါမှမဟုတ် ဆံပင်ကျွတ်တတ်ရင် ဟော်မုန်းပါတဲ့ သန္ဓေတားဆေးတွေကြောင့် ဆံပင်အားနည်း ထိခိုက်တတ်ပါတယ်။ အန်ဒရိုဂျင်ဟော်မုန်း ပါတဲ့ ဆေးမှီဝဲတာကြောင့် ဆံပင်ကျွတ်နှုန်း များတတ်ပါတယ်။

– ဆံပင်မကျွတ်အောင် – ဟော်မုန်းပါတဲ့ သန္ဓေတားဆေး မှီဝဲတာကြောင့် ဆံပင်ကျွတ်နှုန်း များနေတယ်လို့ သံသယရှိရင် တခြား သန္ဓေတားနည်း ပြောင်းသုံးဖို့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

(၈) ခေါင်းကုတ်ခြင်း

အဆီပြန်ကာ ဦးရေပြား ယားယံတဲ့ ဝေဒနာဖြစ်ရင် ခေါင်းကုတ်တာကြောင့် ဆံပင်ကျွတ်နိုင်ပါတယ်။

– ဆံပင်မကျွတ်အောင် – ဆီလီနီယ်၊ ဇင့်ပိုင်ရီ သီအုန်း၊ လက်ဖက်ဆီ စတာတွေပါတဲ့ ရှမ်ပူကို ရွေးချယ်ပါ။ ဒါဆိုရင် ခေါင်းယားတာကို သက်သာစေပါ လိမ့်မယ်။

(၉) နေပူဒဏ်ခံရလွန်းခြင်း

နေပူဒဏ် ခံရလွန်းတာကြောင့် ဆံချည်မျှင်အိတ် ကို အားနည်းထိခိုက်စေပြီး ဆံပင်ကြွပ်ဆတ်ကာ ဆံပင်ကျွတ်တတ်ပါတယ်။

– ဆံပင်မကျွတ်အောင် – ဦးထုပ်ဆောင်းပါ။ ဦးထုပ်မဆောင်းဖြစ်တဲ့ အခါတိုင်း နေကာနိုင်စွမ်းပါရှိ တဲ့ ဆံပင်လိမ်းလိုးရှင်းကို သုံးသင့်ပါတယ်။

(၁၀) ခေါင်းသေချာမလျှော်ခြင်း

တချို့ရက်တွေမှာ ခေါင်းမလျှော်နိုင်ရင် ရေမလို တဲ့ ခေါင်းလျှော်ရည် (Dry Shampoo) ကို သုံးသင့်ပါတယ်။ ဦးရေပြားမှာ ဗောက်တွေ တအားများတာကြောင့် ဆံချည်မျှင်အိတ်မှာ အဆီပိတ်ပြီး ဆံပင် ပေါက်ဖို့ ခက်ခဲပါတယ်။

– ဆံပင်မကျွတ်အောင် – တစ်နေ့ တစ်ကြိမ် ခေါင်းလျှော်ဖို့ မလိုပေမယ့် ဦးရေပြားမှာ အညစ်အကြေး၊ အဆီနဲ့ ဖုန်မှုန့်တွေ ရှိရင် ဆံချည်မျှင်အိတ်တွေ ပိတ်ဆို့စေနိုင်ပါတယ်။ အထူးသဖြင့် ချွေးထွက်ရင် ဒါမှမဟုတ် ဆံပင်သုံးပစ္စည်းတွေ အလွန်အမင်း သုံးရင် နှစ်ရက်ကြာတိုင်း ခေါင်းလျှော်သင့်ပါတယ်။ ဦးရေပြား ခြောက်သွေ့လွန်းတာကို ကာကွယ်ဖို့ ဆာလဖိတ် မပါတဲ့ ရှမ်ပူကို ပြောင်းသုံးဖို့ လိုပါတယ်။

(၁၁) ဆေးဝါးအချို့ မှီဝဲနေရခြင်း

စတေတင်ဆေးပြား၊ စိတ်ကျရောဂါ ကုသဆေး၊ စိုးရိမ်စိတ်ပျောက်စေတဲ့ ဆေး၊ သွေးတိုးရောဂါ ကုသဆေး စတာတွေကို မှီဝဲတာကြောင့် ဆံပင်ကျွတ်နိုင် ပါတယ်။ ဒီဆေးတွေက ဆံပင်ကြီးထွားတဲ့ ပုံမှန်ဖြစ်စဉ်ကို အနှောင့်အယှက် ဖြစ်စေနိုင်သလို ဆံပင်ကို ကျွတ်စေနိုင်ပါတယ်။

– ဆံပင်မကျွတ်အောင် – ဆံပင်ကျွတ်နှုန်း သက်သာစေမယ့် တခြား ဆေးဝါးကုထုံးအတွက် ဆရာဝန် နဲ့ တိုင်ပင်သင့်ပါတယ်။

Most Popular

Healthy Life Ad
To Top