Healthy Life Ad
Health Tips

အူလမ်းကြောင်းထဲက ကပ်ပါးကောင်များကို အလွယ်ဖယ်ရှားရအောင် . . .

၊ မီမိုး(ဆေးဝါးတက္ကသိုလ်)၊

အစာအိမ်အူလမ်းကြောင်းဟာ ကပ်ပါးကောင်တွေရဲ့ ခိုနားရာဖြစ်တတ်ပြီး သန်ကောင်တွေရှိတဲ့အခါ ဗိုက်အောင့်၊ ဗိုက်နာတာ၊ ဝမ်းကိုက်တာနဲ့ အန်တာတို့ ဖြစ်တတ်ပါတယ်။ ဒီကပ်ပါးကောင်လေးတွေက သာမန်မျက်စိနဲ့လည်း မမြင်ရတဲ့အတွက် ဒါတွေကိုဖယ်ရှားပေးနိုင်မယ့် နည်းလမ်းတွေကို အကြံပြုလိုက်ပါတယ်။

web_carrot

– မုန်လာဥနီ

မုန်လာဥနီဟာ Threadworm လို့ခေါ်တဲ့ ချည်မျှင်တုပ်ကောင်လေးတွေကို တွန်းလှန်ပေးနိုင်ပါတယ်။ မုန်လာဥနီမှာပါတဲ့ ဗီတာမင်အေနဲ့ ဘီတာကယ်ရိုတင်းတွေဟာ ချည်မျှင်တုပ်ကောင်သားလောင်းလေးတွေကို တွန်းလှန်ပေးနိုင်စွမ်း ရှိပါတယ်။ ပျားရည်ထည့်ထားတဲ့ မုန်လာဥနီဖျော်ရည်သောက်တာကြောင့် ပင်အပ်ပုံစံ တုပ်ကောင်တွေကြောင့်ဖြစ်တဲ့ ကူးစက်ပိုးဝင်မှုကို ဖယ်ရှားပေးနိုင်ပါတယ်။

web_garlic

– ကြက်သွန်ဖြူ

ကြက်သွန်ဖြူဟာ ခန္ဓာကိုယ်ထဲကရောဂါဝေဒနာအမျိုးမျိုးကို ကုသနိုင်စွမ်း ရှိပါတယ်။ တုပ်ကောင်နဲ့ သန်ကောင်တွေကြောင့် အစာခြေလမ်းကြောင်းမှာ ကူးစက်ပိုးဝင်တဲ့အန္တရာယ် ဖြစ်တတ်ပေမယ့် ကြက်သွန်ဖြူက ဝေဒနာအတော်များများကို သက်သာစေတဲ့အစွမ်း ရှိပါတယ်။

web_punkkinseed

– ဖရုံစေ့

ရွှေဖရုံစေ့မှာပါတဲ့ အမိုင်နိုအက်ဆစ်၊ ဖက်တီးအက်ဆစ်နဲ့ ကာဗိုဟိုက်ဒရိတ်တွေက လူတွေမှာ ကောင်းကျိုးများစွာ ရရှိစေပါတယ်။ ရွှေဖရုံစေ့မှာ ဗီတာမင်နဲ့ သတ္တုဓာတ်ပါဝင်မှုများပြီး သန်လုံးကောင်နဲ့ တုပ်ပြားကောင်တွေကို ကောင်းကောင်းကုသ ပေးနိုင်ပါတယ်။ သစ်သီးဖျော်ရည်ထဲ ရွှေဖရုံစေ့ထည့်သောက်တာ၊ ပဲနို့ထဲ ရွှေဖရုံစေ့ထည့်သောက်တာကြောင့် သန်လုံးကောင်ကို ကင်းစင်စေပါတယ်။

ကပ်ပါးကောင်တွေက ခန္ဓာကိုယ်ထဲမှာ နာကျင်မှုနဲ့မသက်မသာဖြစ်မှုတို့ ဖြစ်စေနိုင်တဲ့အတွက် ခြောက်လတစ်ကြိမ် သန်ချဆေးသောက်ဖို့ ကျွမ်းကျင်သူတွေက အကြံပြုလေ့ရှိပါတယ်။

(Ref;HD)

Most Popular

Healthy Life Ad
To Top