Healthy Life Ad
Health Tips

အရပ်ရှည်စေမည့် ထိပ်တန်းလေ့ကျင့်ခန်းများ

၊ ကိုထက် ၊

အခုခေတ်မှာ ဆယ်ကျော်သက်တွေ၊ အထူးသဖြင့် ယောကျာ်းလေးတွေက အရပ်ရှည်ချင်ကြတဲ့အတွက် ဘယ်လိုလေ့ကျင့်ခန်းတွေလုပ်ရင် အရပ်ရှည်လာမှာလဲဆိုပြီး မေးလေ့ရှိကြပါတယ်။ ဒါကြောင့် ဒီတစ်ပတ်မှာ အရပ်ရှည်စေမယ့် လေ့ကျင့်ခန်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

Untitled-6
– ဆွဲဆန့်လေ့ကျင့်ခန်းလုပ်ခြင်း
အရင်က ဆွဲဆန့်လေ့ကျင့်ခန်းကို မလုပ်ဖူးဘူးဆိုရင် အခုလုပ်ကြည့်ပါ။ ဒီလေ့ကျင့်ခန်းလုပ်တဲ့အခါ အနေအထားတစ်မျိုးတည်းကို ၃၀-၆၀ စက္ကန့်ကြာနေပေးပါ။

Untitled-4
– ဘားတန်းဆွဲခြင်း
ဘားတန်းဆွဲတဲ့နည်းက အရပ်ရှည်စေတာမှန်ပေမယ့် ခန္ဓာကိုယ်ကို ဖြောင့်တန်းတဲ့အနေအထားနဲ့ လုပ်သင့်ပါတယ်။ ဒါပေမဲ့ တစ်နေ့ ၅ ကြိမ်လောက်ပဲလုပ်ပါ။ ခန္ဓာကိုယ်ကို အလွန်အမင်း ဒဏ်ဖြစ်စေတဲ့အထိ မလုပ်ပါနဲ့။

Untitled-8
– ရေကူးခြင်း
ရေကူးတဲ့အားကစားက အရပ်ရှည်စေတဲ့ လေ့ကျင့်ခန်းပါ။ တစ်ပတ်မှာ ငါးနာရီလောက် ရေကူးပေးမယ် ဆိုရင်တောင် လန်းဆန်းပြီး အား  ပြည့်နေပါလိမ့်မယ်။ ခန္ဓာကိုယ်တစ်ခုလုံးကို ဆန့်ထွက်လှုပ်ရှားဖြစ်စေတဲ့ လေ့ကျင့်ခန်းဖြစ်ပါတယ်။

Untitled-9
– ခြေထောက်ကန်ခြင်း
ကြမ်းပြင်ပေါ်မှာမတ်တတ်ရပ်ပြီးပေါင်ကို မရွေ့လျားဘဲ ခြေထောက်တွေကို ပြင်းပြင်းထန်ထန် ကန်ပေးရမှာ ဖြစ်ပါတယ်။ ဒီနည်းက ဒူးအောက်ပိုင်းကို သန်စွမ်းစေပြီး ကြီးထွားမှုကို အကူအညီပေးပါတယ်။

Untitled-10
– ဘတ်စကတ်ဘောကစားခြင်း
ဘတ်စကတ်ဘောကစားတာကြောင့် သင့်ကို ကြီးထွားနှုန်းပိုမြန်စေတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဘတ်စကတ်ဘောကစားတာကြောင့် အရပ်မြင့်လာသလို စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်တည်ငြိမ်မှုရှိလာပါတယ်။ အများနဲ့ပေါင်းသင်းဆက်ဆံမှု ကောင်းမွန်စေတဲ့ အားကစားဖြစ်လို့ပါ။

Untitled-11
– မြွေဟောက်ပုံစံ လေ့ကျင့်ခန်း
မြွေဟောက်ပုံစံ လေ့ကျင့်ခန်းကလည်း သင့်ကို အရပ်ရှည်စေပါတယ်။ ဖျာပေါ်မှာ မှောက်လျက်လှဲလျောင်းပြီး ခန္ဓာကိုယ်အပေါ်ပိုင်းကိုမြှင့်ကာ သင်ဆွဲဆန့်နိုင်သလောက်ဆွဲဆန့်ပေးပါ။ မြွေဟောက်ပုံစံ အနေအထားမျိုး လုပ်ရမှာဖြစ်ပါတယ်။

Most Popular

Healthy Life Ad
To Top