Healthy Life Ad
Health Tips

မိဘက အရပ်ပုနေရင်တောင် သားသမီးအရပ်ရှည်စေမည့် နည်းလမ်း (၁၅) ရပ်

မျိုးရိုးလိုက်ပြီး အရပ်ရှည်တာက ၂၀ ရာခိုင်နှုန်းရှိပါတယ်။ မိဘတွေအနေနဲ့ ကိုယ့်ကလေးကို အရပ်ရှည်အောင် လုပ်ပေးနိုင်တာက ၈၀ ရာခိုင်နှုန်း ရှိပါတယ်။

အရပ်ရှည်အောင်လုပ်ပေးနိုင်တဲ့ နည်းလမ်းတွေကတော့-

(၁) မျှတကောင်းမွန်တဲ့ အစားအသောက်တွေကို နေ့စဉ်စားပါ။

(၂) နေ့တိုင်း အရပ်ရှည်စေမယ့် လေ့ကျင့်ခန်းတစ်မျိုး (ဥပမာ-ကြိုးခုန်တာ၊ ဘားတန်းခိုတာ) လုပ်ပေးပါ။

(၃) အရည်ရှည်စေမယ့် အားဆေးတစ်မျိုးသောက်ပါ။

(၄) နို့နဲ့ နို့ထွက်ပစ္စည်း စားသောက်ပါ။

(၅) ဟင်းနုနယ်ရွက်လို အစိမ်းရောင် ဟင်းသီးဟင်းရွက်စားပါ။

(၆) ကိုယ်ခံအားစနစ်ကောင်းအောင် နေထိုင်ပါ။

(၇) ကိုယ်နေဟန်ကို တည့်မတ်အောင် ကြိုးစားပါ။

(၈) ကြီးထွားမှုကို ဟန့်တားစေတဲ့ မူးယစ်ဆေးဝါးတွေကို ရှောင်ကြဉ်ပါ။

(၉) ကိုယ်အလေးချိန်ကို ပုံမှန်ဖြစ်အောင် ထိန်းပါ။

(၁၀) အစားအသောက်ထဲ ပဲပုပ်စေ့ ထည့်စားပါ။

(၁၁) ဒိန်ချဉ်ကို မကြာခဏ စားသောက်ပါ။

(၁၂) အခါအခွင့်သင့်တိုင်း ရေကူးပါ။

(၁၃) ကဖင်းဓာတ်များတဲ့ အစားသောက်တွေကို ရှောင်ပါ။

(၁၄) ကျန်းမာရေးနဲ့ ညီညွတ်ပြီး အာဟာရပြည့်ဝတဲ့ နံနက်စာကို ပုံမှန်စားပေးပါ။

(၁၅) အိပ်ရေးဝဝ အိပ်စက်အနားယူပါ။

Most Popular

Healthy Life Ad
To Top