Healthy Life Ad
International

ပေါင် ၇၀ ဝိတ်ကျသွားသူအား သူငယ်ချင်းများကပင် မမှတ်မိ

၊ မိုးမင်းထွန်း ၊

ယူကေနိုင်ငံ၊ ဘရက်ဖို့ဒ်မှာနေထိုင်တဲ့ အသက် ၂၅ နှစ်အရွယ် ကီလီဖာရာဟာ အသက် ၂၁ နှစ်အရွယ်တုန်းက ကိုယ် အလေးချိန် ၂၂၄ ပေါင်ရှိခဲ့ပြီး ယခုအခါ ကိုယ်အလေးချိန်ပေါင် ၇၀ နီးပါး ကျသွားခဲ့ပါတယ်။ ခက်ခဲပင်ပန်းတဲ့ လေ့ကျင့်ခန်းတွေလုပ်တာနဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေကြောင့် ကိုယ်အလေးချိန် ကျဆင်းခဲ့တာပါ။ အခုအခါမှာ သူရဲ့သူငယ်ချင်းတွေကတောင် ဖေ့စ်ဘွတ်ခ်ပေါ်က သူ့ဓာတ်ပုံတွေကိုကြည့်ပြီး သူမှန်းမမှတ်မိကြတော့ဘူးလို့ သိရပါတယ်။

လျှပ်စစ်ပစ္စည်းဆိုင်က အဝယ်တော်ဖြစ်တဲ့ကီလီဟာ ယခင်ကညနေစာတွေအဖြစ် အမြန်စာအစားအစာတွေ၊ ဘာဂါတွေ၊ အာလူးချောင်းကြော်တွေကို အဝအပြဲစားသောက်လေ့ရှိပြီး မုန့်ကြွပ်ကြော်တွေ၊ ချောကလက်တွေကို အဆာပြေစားသောက်လေ့ ရှိပါတယ်။ အသက် ၂၁ နှစ်အရွယ်မှာ ဝလွန်းတာကြောင့် အင်္ကျီအရွယ်အစား ၁၈ အထိကို ဝတ်ဆင်ခဲ့ရပါတယ်။

“ ကျွန်မက အမြဲဒီပုံစံနဲ့ပဲ နေထိုင်သွားရတော့မယ်လို့ ထင်ခဲ့တာပါ။ ဒါပေမဲ့ ခန္ဓာကိုယ်သွယ်လျစေတဲ့ သင်တန်းကိုတက်ခဲ့ပြီး ကိုယ်အလေးချိန်အနည်းငယ် ကျလာတဲ့အခါမှ ငါလည်းပြောင်းလဲလို့ ရနိုင်တယ်ဆိုတဲ့ ယုံကြည်မှုရှိခဲ့တာပါ” လို့ ကီလီက ပြောပြပါတယ်။၂၀၁၁မှာ ဒီသင်တန်းကိုတက်ခဲ့တဲ့ကီလီဟာ ကိုယ်အလေးချိန် ၅၆ ပေါင်ကျဆင်းခဲ့ပါတယ်။

ဒါပေမဲ့ သူအမြဲအိပ်မက်မက်ခဲ့တဲ့ ခန္ဓာကိုယ်ကိုရရှိခဲ့တာကတော့ ဘီကီနီခန္ဓာကိုယ်ရနည်း လမ်းညွှန်စာအုပ်ကြောင့်လို့ ဆိုပါတယ်။
ဒီစာအုပ်ကို အွန်လိုင်းကဝယ်ယူခဲ့တာဖြစ်ပြီး စာအုပ်မှာ ပင်ပန်းတဲ့ကိုယ်ကာယလေ့ကျင့်ခန်း ပြုလုပ်နည်းတွေနဲ့ အတူအာဟာရရှိအောင် စားသောက်နေထိုင်ပုံတွေကို လမ်းညွှန်ထားတယ်လို့ ဆိုပါတယ်။

ကီလီနဲ့ သူအချစ်ဆုံးသူငယ်ချင်းတို့ဟာ တစ်ယောက်ကိုတစ်ယောက် တွန်းအားပေးရင်း စာအုပ်ရဲ့ လမ်းညွှန်ချက်တွေကို လိုက်နာကျင့်သုံးခဲ့တယ်လို့ ဆိုပါတယ်။
“ ကိုယ်ခန္ဓာရဲ့ခက်ခဲတဲ့နေရာတွေမှာ အဆီကျဖို့ လုပ်နိုင်ခဲ့ပါပြီ။ အရင်က ဘယ်တော့မှမဖြစ်နိုင်တော့ဘူးလို့ ထင်ထားတဲ့ခန္ဓာကိုယ်ကိုလည်း ရရှိခဲ့ပါပြီ။ ဘာကြောင့်လဲလို့မေးရင် ကျွန်မရဲ့ ပြင်းပြတဲ့ဆန္ဒကြောင့်ပဲလို့ ဆိုရမှာပါ” လို့ ကီလီကပြောပြပါတယ်။ အခုအခါမှာ ခန္ဓာကိုယ်သွယ်လျလှပနေပြီဖြစ်တဲ့ ကီလီက တခြားသူတွေကိုလည်း တိုက်တွန်းချင်တာက ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်စားတာ၊ လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ပေးတာတွေနဲ့အတူ ခိုင်မာတဲ့စိတ်ဆန္ဒရှိခြင်းဟာ လိုအပ်တဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်စေမှာဖြစ်ကြောင်း အကြံပေးသွားခဲ့ပါတယ်။

(Ref;DM)

Most Popular

Healthy Life Ad
To Top