Healthy Life Ad
Life Style

ချောင်းဆိုးတဲ့ဆေး ဖော်ပေးပါ (၂). . .

ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး)

သီးခြင်း (Aspiration)ကို ဘယ်လိုတားဆီးမလဲ၊ ဘယ်လိုကုသမလဲဆိုတာ ဆက်လက်ဖော်ပြလိုက်ပါတယ်။

အစာရည်သီးရင် အသက်အန္တရာယ်ကျရောက်တဲ့အထိ ဆိုးကျိုးတွေရရှိနိုင်လို့ မဖြစ်ခင်ကာကွယ်ဖို့ အရေးကြီးပါတယ်။

လေငန်းဖြစ်သူ၊ အသက်ကြီးသူ၊ သတိလစ်နေသူတွေမှာ အထူးသတိထားရပါမယ်။ အောက်ပါအချက်အလက်တွေကို လိုက်နာရပါမယ်။

(၁) မသီးအောင်၊ အစာအိမ်က အက်ဆစ်ရည်စားချဉ့်မပြန်အောင် ခေါင်းရင်းကို ၃၀-၄၅ ဒီဂရီမြှင့်ပြီး သိပ်ရပါမယ်။

(၂) အိပ်ဆေးတွေကို အလွန်အကျွံမသုံးသင့်ပါဘူး။ အိပ်ဆေးပေးရင် ချောင်းဆိုးချင်တဲ့ဆန္ဒကိုလျော့နည်းစေပြီး အစာပိုဝင်တတ်ပါတယ်။

(၃) အစာမျိုရခက်ရင် အစာပိုက်နဲ့ပဲကျွေးရပါမယ်။ အစာပိုက်ကမကျွေးဘဲ ဒီအတိုင်းကျွေးရင် အဆုတ်တွင်းပိုးဝင်ပြီး အဆုတ်ရောင်လာပါမယ်။

(၄) အစာပိုက်သုံးတဲ့အခါ စနစ်တကျသုံးရပါမယ်။ စနစ်တကျမသုံးစွဲတတ်ပါက အစာအိမ်ကအစာရည်တွေပြန်တက်လာပြီး သီးတတ်ပါတယ်။ အစာပိုက်ကနေ တစ်ကြိမ်မှာနည်းနည်းစီပဲ သွင်းရပါမယ်။ အစာအိမ်တင်းပြီး ပျို့ချင်လာရင်၊ အန်ရင်အစာကိုဆက်မသွင်းရပါဘူး။

(၅) အစာသီးပြီးမောကျပ်လာရင် ချွဲစုပ်စက်နဲ့စုပ်ထုတ်ရပါမယ်။ သီးပြီဆိုရင် ဘေးစောင်းပြီး မှောက်လျက်ထားရပါမယ်။ ချွဲစုပ်လို့မကုန်ဘဲ လေပြွန်ပိတ်ဆို့ပြီးအမောဖောက်တာ သိပ်ဆိုးရင် လေပြွန်ထဲပိုက်သွင်းပြီး အောက်ဆီဂျင်ပေးရပါမယ်၊ လူနာသတိလစ်ပြီးအသက်မရှူနိုင်ရင် ဒီလိုအသက်ရှူစက်တပ်ရပါတယ်။

လူနာတွေကို အထူးကြပ်မတ်ခန်းမှာထားပြီး ပြုစုရပါတယ်။

အစာနဲ့အတူ ပိုးတွေလည်းဝင်သွားတဲ့အတွက် သင့်တော်တဲ့ ပဋိဇီဝပိုးသတ်ဆေးတွေကိုလည်းပေးရပါတယ်။ ပိုးကင်းစင်အောင် ရက်ပေါင်းအတော်ကြာကြာပေးရပါမယ်။ ဒါကြောင့် သီးတာလေးပဲဆိုပြီး ပေါ့ဆမနေသင့်ပါဘူး။ တချို့လေဖြတ်ထားသူတွေ၊ အသက်ကြီးရွယ်အိုတွေမှာ သီးမှန်းမသိလိုက်တဲ့ Silent Aspiration သီးခြင်းတွေဖြစ်တတ်ပါတယ်။ ဒါကတော့ချောင်းဆိုးတဲ့ တုန့်ပြန်မှုတွေနည်းနေလို့ဖြစ်ပါတယ်။

လည်ချောင်းနဲ့ လေပြွန်တွေမှာရှိတဲ့ Substance P လို့ခေါ်တဲ့ ဓာတ်တွေနည်းနေလို့ ချောင်းဆိုးချင်တဲ့အာရုံခံစားမှုတွေ လျော့နေတာဖြစ်ပါတယ်။ ဒီ Substance P တွေ ပြန်များအောင်လုပ်ပြီး ချောင်းဆိုးချင်အောင် ပြန်လုပ်ပေးနိုင်ရင် Aspiration Pneumonia အဆုတ်ရောင်တာ လျော့နည်းသွားစေတာတွေ့ရှိရပါတယ်။

ချောင်းဆိုးတာကို အားပေးတဲ့ဆေးတော့ တိတိကျကျဖော်ထားတာမရှိသေးပါဘူး။ ACEI သွေးကျဆေးအုပ်စုတွေဖြစ်တဲ့ အီနာလာပရီးလ်၊ ပရင်ဒိုပရီးလ်၊ ရာမီပရီးလ် (Enalapril၊ Parindopril၊ Ramipril) အစရှိတဲ့ဆေးတွေ သောက်တဲ့အခါဖြစ်ပေါ်တတ်တဲ့ ဘေးထွက်ဆိုးကျိုးတစ်ခုကတော့ ချောင်းဆိုးတတ်တာပဲ ဖြစ်ပါတယ်။

သုတေသနတစ်ခုမှာ လေဖြတ်ထားလို့ သီးတတ်တဲ့သူတွေကို ACEI သွေးကျဆေးတွေ ပေးထားကြည့်တဲ့အခါ ဆေးမပေးထားသူတွေနဲ့နှိုင်းယှဉ်ရင် အဆုတ်ရောင် Pneumonia ဖြစ်တာ ပိုနည်းတာတွေ့ရပါတယ်။ ACEI သွေးကျဆေးတွေဟာ ချောင်းဆိုးချင်တဲ့ Substance Pတွေ များလာစေလို့ ဖြစ်ပါတယ်။

“ချောင်းဆိုး”အောင်လုပ်တဲ့ ဆေးတွေသုံးပြီး ချောင်းပိုဆိုးစေတာက အကျိုးကျေးဇူးတွေရှိကြောင်း တွေ့ရှိရပါ တယ်။ ဒါကြောင့် ချောင်းဆိုးတိုင်း ချောင်းမဆိုးအောင် ဆေးတိုက်ကျွေးတာဟာ တစ်ခါတစ်ရံ ဆိုးကျိုးတွေ ဖြစ်နိုင်ပါတယ်။ ဒီလိုမသိမသာသီးတဲ့သူတွေ (Silent Aspriation) အတွက် ထိရောက်တဲ့ ချောင်းဆိုးစေတဲ့ ဆေးတွေကိုလည်း ဖော်ထုတ်ဖို့လိုအပ်ကြောင်း တင်ပြအပ်ပါတယ် . . .

နောက်တစ်နည်းက Capsaicin လို့ခေါ်တဲ့ ငရုတ်သီးမှာပါတဲ့ဓာတ်ကို အစာနဲ့ရောကျွေး ကြည့်တဲ့အခါ ဒီ Substance P လို့ခေါ်တဲ့ ဓာတ်တွေပိုများစေတာကြောင့် အဆုတ်ရောင်ရောဂါ (Aspiration Pneumonia) ြဖစ်နှုန်း ပိုနည်းတာတွေ့ရပါတယ်။ “ချောင်းဆိုး”အောင် လုပ်တဲ့ ဆေးတွေသုံးပြီး ချောင်းပိုဆိုးစေတာက အကျိုးကျေးဇူးတွေရှိကြောင်းတွေ့ရှိရပါတယ်။

ဒါကြောင့် ချောင်းဆိုးတိုင်း ချောင်းမဆိုးအောင် ဆေးတိုက်ကျွေးတာဟာ တစ်ခါတစ်ရံ ဆိုးကျိုးတွေဖြစ်နိုင်ပါတယ်။ ဒီလိုမသိမသာ သီးတဲ့သူတွေ (Silent Aspiration) အတွက် ထိရောက်တဲ့ချောင်းဆိုးစေတဲ့ ဆေးတွေကိုလည်း ဖော်ထုတ်ဖို့ လိုအပ်ကြောင်း တင်ပြအပ်ပါတယ်။

Most Popular

Healthy Life Ad
To Top