Healthy Life Ad
Health Tips

နွေကာလ လေ့ကျင့်ခန်းလုပ်သူတို့ သိထားသင့်သည့်နည်းလမ်းများ

၊ လရိပ်မေ ၊

အားလပ်ချိန်များများရတဲ့ နွေရာသီမှာရေကူးတာ၊ စက်ဘီးစီးတာ စတဲ့လေ့ကျင့်ခန်းတွေလုပ်ရတာ ပျော်စရာ ကောင်းပါတယ်။ ဒါပေမဲ့ အပူရှိန်ကပြင်းထန်လွန်းတဲ့အတွက် ခန္ဓာကိုယ်ကရေဓာတ်နဲ့ ဓာတ်ဆားဓာတ် ပြည့်ဝနေဖို့ အရေးကြီးပါတယ်။ ချွေးထွက်တဲ့အခါ ခန္ဓာကိုယ်ကနေ ရေဓာတ်သာမက ဆားဓာတ်လည်း ဆုံးရှုံးသွားပါတယ်။ အဲဒီအခါ ခန္ဓာကိုယ်က ရေဓာတ်နဲ့ဆားဓာတ် ဟန်ချက်မညီတော့ဘဲ ခန္ဓာကိုယ် လုပ်ငန်းဆောင်တာ ထိခိုက်ရတတ်ပါတယ်။ အဲဒီလိုမဖြစ်စေဖို့ လေ့ကျင့်ခန်းလုပ်ချိန်အတွင်း လိုက်နာသင့်တဲ့ နည်းလမ်းကောင်းတွေကို မျှဝေလိုက်ပါတယ်။

(၁) တစ်နေ့တာလုံး လေ့ကျင့်ခန်းလုပ်မည့်အချိန်ကအရေးပါ
တစ်နေ့တာလုံး မနက် ၁၀ နာရီနဲ့ ည ၃ နာရီကြား အပူဆုံးအချိန်မှာ လေ့ကျင့်ခန်းမလုပ်ပါနဲ့။ ယေဘုယျအား ဖြင့် မနက်စောစော လေ့ကျင့်ခန်းလုပ်တာက အကောင်းဆုံးအချိန်ဖြစ်ပါတယ်။

(၂) အရောင်ဖျော့ဖျော့အဝတ်အစားကို လျော့တိလျော့ရဲဝတ်ဆင်ပါ
အရောင်ဖျော့ဖျော့ အဝတ်အစားတွေက အပူဒဏ်ကို ပြန်လည်တွန်းကန်စေပြီး ချည်သားအဝတ်အစားတွေက ချွေးတွေကို အငွေ့ပျံစေပါတယ်။ ဒါကြောင့် အရောင်ဖျော့ဖျော့ ချည်သားဝတ်စုံဟာ လေ့ကျင့်ခန်းလုပ်ဖို့ အသင့်တော်ဆုံး အဝတ်အစားပါ။

(၃) နေကာခရင်မ်လိမ်းပါ
လေ့ကျင့်ခန်းလုပ်မယ်ဆိုရင် နေကာနိုင်စွမ်း SPE ၄၅ ဆက အန္တရာယ်အကင်းဆုံးနဲ့ အသားအရေကို အကာအကွယ်ပေးနိုင်ဆုံးဖြစ်ပါတယ်။ တိမ်ထူတဲ့နေ့ရက်တွေမှာတောင် အရေပြားက နေဒဏ်ခံရနိုင်တဲ့အတွက် နေကာခရင်မ်ကို အမြဲလိမ်းပေးသင့်ပါတယ်။

(၄) ရေသောက်ပါ

လေ့ကျင့်ခန်းမလုပ်ခင် ရေတစ်ဖန်ခွက် ဒါမှမဟုတ် နှစ်ဖန်ခွက်လောက်သောက်ပေးပါ။ အချိန် ၁၅မိနစ်ကြာတိုင်း ရေသောက်ပေးပါ။ ရေမဆာနေရင်တောင် ရေသောက်ပေးပါ။ လေ့ကျင့်ခန်းလုပ်ပြီးတာနဲ့ ရေအနည်းငယ် သောက်ပေးပါ။

(၅) လေ့ကျင့်ခန်းလုပ်စဉ် ဓာတ်ဆားနှင့်ရေဓာတ်ဖြည့်တင်းပါ
လေ့ကျင့်ခန်းလုပ်နေစဉ်မှာ ဓာတ်ဆားရည်သောက်ပေးပါ။

(၆) အရိပ်ရသောနေရာတွင် နေထိုင်ပါ
ဖြစ်နိုင်ရင် လေ့ကျင့်ခန်းကို အရိပ်ရတဲ့နေရာ၊ သစ်ပင်ရိပ်အောက်မှာ လုပ်ဆောင်ပေးပါ။

(၇) လေ့ကျင့်ခန်းမလုပ်မီ ရာသီဥတုခန့်မှန်းပါ
လေ့ကျင့်ခန်းမလုပ်ခင် လေထုညစ်ညမ်းမှုဘယ်လောက်ရှိသလဲ၊ အပူဒဏ် ဘယ်လောက်ပြင်းထန်သလဲ စတာတွေကို ခန့်မှန်းပါ။ ညစ်ညမ်းတဲ့လေထုနဲ့ အပူဒဏ်တွေကသင့်အဆုတ်ကို ထိခိုက်စေနိုင်ပါတယ်။

(၈) ခန္ဓာကိုယ်အသံကို နားထောင်ပါ
သင့်အနေနဲ့ မောပန်းနွမ်းနယ်ရင်၊ မူးဝေရင်၊ ဖျော့တော့နေရင် လေ့ကျင့်ခန်းလုပ်တာကို ချက်ချင်းရပ်လိုက်ပါ။

(Ref;HD)

Most Popular

Healthy Life Ad
To Top