Healthy Life Ad
Q & A

အဝေးပြေးကား မောင်းသူတွေ ဆီးကျောက်တည်ခြင်း ကင်းဝေးအောင် . . .

မေး. အဝေးပြေးကားတွေ မောင်းရသူ၊ ခရီးဝေးကို မကြာခဏသွားရသူ အများစုက ဆီးအောင့်တာ၊ ဆီးသွားရင် အားမရတာ၊ ဆီးကျောက်တည်တာတွေ အဖြစ်များပါတယ်။ အဲဒီလိုမဖြစ်အောင် ဘယ်လိုကာကွယ် သင့်ပါသလဲဆရာ။
ကိုနေမျိုးသူ၊ ဘုရင့်နောင်။

ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါ အထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ. အဝေးပြေးကားမောင်းသူတွေ ရေသောက်နည်းပြီး ဆီးသွားနည်းလို့ အထူးသဖြင့် အပူအစပ်နဲ့ ရေခဲရည်သောက်သူတွေရဲ့ ဆီးထဲမှာပါဝင်တဲ့ဓာတ်တွေ သိပ်သည်းမှုများပြီး ဆီးအိမ်နံရံကို ထိခိုက်စေလို့ ဆီးစပ်နာတာ၊ အောင့်တာ၊ ဆီးသွားရင်ပူတာ၊ ဆီးသွားလို့ အားမရတာ စတာတွေ ဖြစ်တတ်ပါတယ်။ တချို့ဆီးထဲကို ကျောက်မှုန်ဓာတ်တွေ စွန့်ထုတ်တာ များတဲ့သူတွေမှာ ဆီးအနည်ကျပြီး ကျောက်တည် တတ်ပါတယ်။

အဲဒီလိုမဖြစ်အောင် အလွယ်ကူဆုံး နည်းလမ်းကတော့ တစ်နေ့ ရေနှစ်လီတာလောက် သောက်ပေး ဖို့လိုပါတယ်။ ဆီးအတွင်း အနည်ပါသူ၊ ဆီးကျောက်တည်သူတွေမှာတော့ တစ်နေ့ ရေသုံးလီတာ အထိသောက်ဖို့လိုပြီး ကွမ်းမစားဖို့လည်း လိုအပ်ပါတယ်။

အဝေးပြေးကုန်ကားမောင်းသူတွေနဲ့ ကားရပ်နားပြီး ဆီးသွားနိုင်သလို၊ ဆီးအိုးထဲမှာ ဆီးသွားတာမျိုး ပြုလုပ်နိုင်ပြီး ခရီးသည်တွေအနေနဲ့ကတော့ ဆီးသွားဖို့ ကားရပ်ပေးထားတဲ့အချိန်တွေမှာ ဆီးပုံမှန် သွားပေးမယ်ဆိုရင် ဆီးရောဂါရှိသူတချို့ကလွဲလို့ တခြားသူတွေမှာ ကျန်းမာရေးပြဿနာနည်းပါးပါလိမ့်မယ်။

Most Popular

Healthy Life Ad
To Top