Healthy Life Ad
International

သုံးလအတွင်း ပေါင် ၄၀ ကျပြီး ခန္ဓာကိုယ်ပုံစံ လုံးဝပြောင်းသွားသဖြင့် ဒေါ်လာငါးသောင်းဆုရခဲ့

၊ မိုးမင်းထွန်း ၊

အိုဟိုင်းအိုးပြည်နယ်၊ ဇီနီယာမြို့က မက်မန်နင်းဟာ သုံးလအတွင်း သူ့ခန္ဓာကိုယ်ကို ပေါင် ၄၀ ကျအောင် လုပ်ဆောင်ရင်း အသွင်းပြောင်းနိုင်ခဲ့ပြီး ဝမ်းဗိုက်ကြွက်သား (Six Packs)တွေ ရရှိခဲ့တဲ့အတွက် ဆုအဖြစ် ဒေါ်လာငါးသောင်း ရရှိခဲ့ပါတယ်။

ဇန်နဝါရီလရောက်တိုင်း Bodybuilding.com ဝက်ဘ်ဆိုက်က ၁၂ ပတ်အတွင်း ခန္ဓာကိုယ် ပုံစံပြောင်းလဲအောင် လုပ်နိုင်သူ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးကို ဒေါ်လာငါးသောင်းစီ ဆုပေးမယ်ဆိုပြီး ကြေညာလေ့ ရှိပါတယ်။ ဒီအစီအစဉ်ကို အာဟာရဖြည့်စွက်ဆေးတစ်ခုက ပံ့ပိုးခဲ့ပါတယ်။

အဲဒီသတင်းက အသက် ၄၅ နှစ်အရွယ် မန်နင်းကို စိတ်တက်ကြွလာအောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။

“ကျန်းမာရေးနဲ့ပတ်သက်ပြီး ကျွန်တော့်မှာ ကြောက်စိတ်နည်းနည်း ရှိပါတယ်။ လွန်ခဲ့တဲ့ခြောက်လတုန်းက ရင်ဘတ်အောင့်ခဲ့ဖူးတော့ ကျွန်တော့်အဖေလို နှလုံးအဆို့ရှင် အစားထိုးကုသမှုခံယူရမှာလားဆိုပြီး စိုးရိမ်ခဲ့ပါတယ်။ ကျွန်တော့်ကလေးတွေနဲ့ ကြာကြာမနေရတော့မှာကိုလည်း စိတ်ပူခဲ့ပါတယ်”

ဒါနဲ့ မန်နင်းဟာ သူရဲ့ ဘဝနေထိုင်စားသောက်မှုပုံစံ တစ်ခုလုံးကို ပြောင်းလဲပစ်ခဲ့ပြီး ကျန်းမာရေးနဲ့ ပိုညီညွတ်တဲ့ အစားအသောက်တွေ ထည့်စားကာ တစ်ကြိမ်မှာ နည်းနည်းစီပဲ စားခဲ့ပါတယ်။ ဒါ့အပြင် အားကစားခန်းမကို ပုံမှန်သွားလေ့ရှိခဲ့ပါတယ်။

နောက်ဆုံးမှာတော့ သူဟာ Bodybuilding.com ဝက်ဘ်ဆိုက်ကပေးတဲ့ သုံးလအတွင်း ခန္ဓာကိုယ်ပုံစံ ပြောင်းနိုင်တဲ့ ဆုရရှိပြီး ဒေါ်လာငါးသောင်း ပိုင်ဆိုင်ခဲ့ပါတယ်။

“ဒါက စိတ်ပိုင်းဆိုင်ရာ ခွန်အားကြောင့်ပါပဲ၊ ခင်ဗျားတို့လည်း စိတ်ခွန်အားကိုအရယူပြီး ကျန်းမာကြံ့ခိုင်တဲ့ ခန္ဓာကိုယ်ပုံစံ ပြောင်းနိုင်ပါတယ်”လို့ မန်နင်းက တခြားသူတွေကို အားပေးစကား ပြောကြားထားပါတယ်။

(Ref;MD)

Most Popular

Healthy Life Ad
To Top