Healthy Life Ad
Health Tips

အတွေးလွန်တာကို ဘယ်လို ရပ်တန့်မလဲ

ငွေကြယ်စင်ယံ

လေ့လာမှုအရ အမျိုးသမီး ၅၂ ရာခိုင်နှုန်းက အရာရာကိုအတွေးလွန်၊ အစဉ်းစား လွန်နေတတ်တယ်လို့ လေ့လာမှုအရ သိရပါတယ်။ ဒီလို အတွေးလွန်၊ အစဉ်းစားလွန်တာက ဦးနှောက်ကိုပူပင်သောကတွေနဲ့ ထိခိုက်စေတယ်လို့ စိတ်ပညာရှင်စူဇန်က ဆိုပါတယ်။ ဒါကြောင့်သင့်အနေနဲ့ အကြောင်းအရာတစ်ခုခုကို အဖြေထွက်ဖို့ စဉ်းစားနေရတဲ့အခါ အောက်ပါနည်းလမ်းတွေကို သုံးသင့်ပါတယ်။

(၁) ဒုတိယအကြံဉာဏ်ကို တောင်းပါ
သင့်အနေနဲ့တစ်ယောက်တည်း ဆုံးဖြတ်ချက်ကို မချရဲတာမျိုးဖြစ်နေရင် သင်တကယ်ယုံကြည် စိတ်ချရသူတစ်ဦးကို တိုင်ပင်ကြည့်ပါ။ ဦးနှောက်နှစ်ခုက ဦးနှောက်တစ်ခုထက်တော့ ပိုကောင်းတာအမှန်ပါပဲဆိုတဲ့ ရှေးစကားပုံတစ်ခုတောင် ရှိနေပါသေးတယ်။

(၂) အဟန့်အတားကို ကြည့်ပါ
သင့်အနေနဲ့ အလွန်အကျွံတွေးနေမိပြီဆိုရင် လက်ရှိထိုင်နေတဲ့ နေရာကနေထပြီး နေရာသစ်ကိုပြောင်းလိုက်ပါ။ လေ့လာမှုတွေအရ မြင်ကွင်းသစ်ကို ရောက်ရှိသွားတာကြောင့် ထက်မြက်တဲ့အတွေးသစ်တွေ ထွက်ရှိလာနိုင်တယ်လို့ ဆိုထားပါတယ်။

(၃) ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ပါ
အတွေးတွေလွန်ပြီး အချိန်ယူတာများလွန်းနေရင် စိတ်ပူပင်သောကတွေများကာ ပိုပြီးဝေခွဲမရ ဖြစ်ရတတ်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ပြီး တိုင်းစာရွက်ပေါ်မှာ ချရေးထားလိုက်ပါ။

(၄) စိတ်ကို အေးအေးထားပါ
ဆုတောင်းတာ၊ တရားထိုင်တာတွေက သင့်ဆုံးဖြတ်ချက်အပေါ် အကောင်းဖြစ်လာဖို့ ပံ့ပိုးတယ်လို့ သင့်စိတ်ကို ခံစားရစေပါတယ်။ ဒါကြောင့် အတွေးတွေနဲ့ရှုပ်ထွေးပြီး ဘာလုပ်ရမှန်းမသိဖြစ်နေရင် မိမိယုံကြည်တဲ့ ဘာသာတရားကို ကိုင်းရှိုင်းပါ။

(၅) အစိုးရိမ်လွန်၊ အတွေးလွန်သောသူငယ်ချင်းများကို မတိုင်ပင်ပါနှင့်
ဆုံးဖြတ်ချက်တစ်ခုချမှတ်ပြီးချိန်မှာ သင့်လိုပဲတစ်ခုခုအပေါ် အစိုးရိမ်လွန်၊ အတွေးလွန်တဲ့ သူငယ်ချင်းတွေနဲ့ ဝေးဝေးမှာနေပါ။ အကောင်းမြင်တတ်တဲ့သူတွေနဲ့ တိုင်ပင်တာကသာ သင့်ကို စိတ်ချမ်းသာပျော်ရွှင်ပြီး ပေါ့ပေါ့ပါးပါး ထားနိုင်စေပါလိမ့်မယ်။

(Ref;RD)

Most Popular

Healthy Life Ad
To Top