Healthy Life Ad
Health Tips

ရေအေးသောက်ခြင်းနှင့် ရေနွေးသောက်ခြင်းတို့၏ ကောင်းကျိုးများ

၊ စူး (ဆေးဝါးတက္ကသိုလ်) ၊

လူ့ခန္ဓာကိုယ်ရဲ့ ၆၀ ရာခိုင်နှုန်းလောက်က ရေတွေနဲ့ဖွဲ့စည်းထားတာပါ။ အစာမရှိဘဲ ရက်သတ္တပတ်များစွာ အသက်ရှင်နိုင်ပေမယ့် ရေမရှိဘဲသုံးရက်တောင် အသက်မရှင်နိုင်ပါဘူး။ ရေက လူ့ခန္ဓာကိုယ်ရဲ့အရေးကြီး လုပ်ငန်းဆောင်တာတွေမှာ ပါဝင်တယ်ဆိုတာ အံ့အားသင့်စရာတော့ မဟုတ်ပါဘူး။ ရေက ခန္ဓာကိုယ်အပူချိန်ကို ထိန်းနိုင်တယ်၊ အဆိပ်အတောက်နဲ့ စွန့်ပစ်ပစ္စည်းတွေကို ဖယ်ထုတ်နိုင်တယ်၊ အစာခြေစနစ်နဲ့ ဗီတာမင်-သတ္တုဓာတ် တည်ဆောက်ပုံတွေမှာ ပါဝင်လုပ်ဆောင်တယ်၊ အဆစ်တွေကို ချောမွေ့စေတယ်။ ရေကို ပုံမှန်သောက်တာကြောင့် အကျိုးရှိတယ်ဆိုတာ လူတိုင်းသိပေမယ့် ရေအေးသောက်တာနဲ့ ရေနွေးသောက်တာအကြား မတူညီတဲ့ ကောင်းကျိုးတွေကို သိရှိနိုင်ဖို့ ဖော်ပြလိုက်ပါတယ်။

ရေအေးသောက်ခြင်း၏ ကောင်းကျိုး
အခန်းအပူချိန်ထက် ပိုအေးတဲ့ရေကို သောက်လိုက်တဲ့အခါ လန်းဆန်းပြီး ရေငတ်ပြေစေပါတယ်။

– ကယ်လိုရီ ပိုမို လောင်ကျွမ်းစေခြင်း
ရေအေးသောက်တာကြောင့် ခန္ဓာကိုယ်ကို ပုံမှန်အပူချိန်ဖြစ်စေပြီး အပူများများထွက်ရှိကာ ကယ်လိုရီလောင်ကျွမ်းနှုန်း ပိုကောင်းစေပါတယ်။

– ကိုယ်အပူချိန် ကျစေခြင်း
ရေအေးသောက်တာကြောင့် ခန္ဓာကိုယ်ကို အပူလွန်ကဲမှု မဖြစ်အောင် ကာကွယ်ပေးပါတယ်။ အထူးသဖြင့် လေ့ကျင့်ခန်း လုပ်နေတဲ့အခါနဲ့ ရာသီဥတု ပူပြင်းတဲ့အခါတွေမှာ ရေအေးသောက်ပေးရင် ကိုယ်အပူချိန် လျော့ကျစေပြီး ရေဓာတ်ခမ်းခြောက်မှုမဖြစ်အောင် ကာကွယ်ပေးပါတယ်။

– လန်းဆန်းစေခြင်း
အိပ်ငိုက်နေရင်၊ နုံးချည့်နေရင် ရေအေးသောက်လိုက်ပါ၊ ရေအေးသောက်တာကြောင့် နှလုံးခုန်နှုန်းမြန်ပြီး အဒရီနယ်လင်အဆင့် မြင့်တက်ကာ လန်းဆန်းသွားစေပါတယ်။

– စိတ်ခံစားမှု ကောင်းမွန်ခြင်း
ရခဲမုန့်စားတာကြောင့် စိတ်ခံစားမှုနဲ့ဆိုင်တဲ့ ဦးနှောက်အစိတ်အပိုင်းကို လှုံ့ဆော်ပေးနိုင်ပါတယ်။ ရေအေးသောက်ရင်လည်း စိတ်ကိုလှုံ့ဆော်ပေးပြီး စိတ်တက်ကြွ လန်းဆန်းစေပါတယ်။

ရေနွေးသောက်ခြင်း၏ ကောင်းကျိုး
ရေနွေးသောက်တာကြောင့် အစာကြေစေပြီး အနာကျက်နှုန်း ကောင်းမွန်စေပါတယ်။ ရေအေးထက် ရေနွေးကို ပိုသောက်သင့်ကြောင်း လေ့လာသူတွေက ဆိုပါတယ်။

– ကိုက်ခဲနာကျင်မှု သက်သာခြင်း
ခေါင်းကိုက်တာ၊ ဗိုက်အောင့်တာ၊ ရာသီလာစဉ် ကိုက်ခဲတာ စတဲ့ ဝေဒနာတွေအတွက် ရေနွေးသောက်ရုံနဲ့ အကိုက်အခဲ ပျောက်စေနိုင်ပါတယ်။ ရေနွေးသောက်တာကြောင့် ခန္ဓာကိုယ်မှာအနာကျက်ပြီး တည်ငြိမ်တဲ့အစွမ်း ချက်ချင်းရရှိကာ အာရုံကြောနဲ့ ကြွက်သားတွေကို အနားရသွားစေပါတယ်။

– အရွယ်မတိုင်မီ အိုမင်းမှုကို တွန်းလှန်ပေးနိုင်ခြင်း
ရေနွေးသောက်တာက ရေအေးသောက်တာ ထက်ပိုပြီး ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေ ပြေစေပါတယ်။ အဲဒီအတွက် အသားအရေက ပိုနူးညံ့ပြီး ပိုတောက်ပလာပါတယ်၊ ကော်လာဂျင်နဲ့ အီလက်စတင်ထုတ် အားပိုကောင်းလာပြီး အရေးကြောင်းတွေ သိသိသာသာ လျော့ပါး သွားပါတော့တယ်။

– အူလှုပ်ရှားမှု ကောင်းမွန်ပြီး ဝမ်းမှန်မှန်သွားခြင်း

ရေနွေးသောက်တာကြောင့် အစာတွေကို ခြေဖျက်ကာ အူလမ်းကြောင်းကတစ်ဆင့် ချောချောမွေ့မွေ့ ဖြတ်သန်းသွားနိုင် စေပါတယ်။ ရေနွေးသောက်တာကြောင့် ဝမ်းချုပ်တာကို သက်သာစေပြီး လေပွတာ၊ လေထတာနဲ့ ဗိုက်အောင့်တာတို့ မဖြစ်စေပါဘူး။

– အစာကြေညက်အား ပိုကောင်းခြင်း
အစာစားချိန်နဲ့ စားပြီးနောက် ရေအေးသောက်တာဟာ အစာထဲကအဆီတွေကို မာသွားစေပြီး အစာကြေနိုင်ဖို့ ခက်သွားပါတယ်။ ရေနွေးသောက်တာက အစာကြေညက်အားအတွက် ကောင်းမွန်ပြီး အစာတွေကို ကောင်းကောင်း ချေဖျက်နိုင်ကာ အာဟာရဓာတ်ကို ကောင်းကောင်း စုပ်ယူနိုင်မှာ ဖြစ်ပါတယ်။

(Ref;HD)

Most Popular

Healthy Life Ad
To Top