Healthy Life Ad
Health Tips

ကျောင်းနှင့်အလုပ်တွင် နေ့ခင်းဘက် အိပ်မငိုက်ဘဲ နိုးကြားတက်ကြွနေစေမည့် နည်းလမ်းရှစ်သွယ်

၊ ငွေကြယ်စင်ယံ ၊

ပညာသင်ယူလေ့လာနေတဲ့ ကျောင်းသား၊ ကျောင်းသူတွေနဲ့ လုပ်ငန်းခွင်က ဝန်ထမ်းတွေဟာ မနက်ခင်းမှာ စွမ်းအင်ရှိပြီး တက်ကြွနေတတ် ကြပါတယ်။ ဒါပေမဲ့ နေ့လယ်စာစားပြီး ကျောင်းတက်ရချိန် ဒါမှမဟုတ် အလုပ်လုပ်ရချိန်မှာ သင်စားသုံးတဲ့ နေ့ လယ်စာ၊ ရေဓာတ်ပြည့်ဝမှုနဲ့ ကွန်ပျူတာ ဒါမှမဟုတ် စာအုပ်ကြည့်ချိန်တွေပေါ် မူတည်ပြီး ပင်ပန်းနွမ်းနယ်တာနဲ့ အိပ်ငိုက်တာတို့ ဖြစ်တတ်ပါတယ်။

(၁) နေ့လယ်စာအတွက် ကျန်းမာရေးနှင့်ညီညွတ်သော အစာကို ရွေးချယ်ပါ
နေ့လယ်စာမှာ ထမင်း၊ ပေါင်မုန့်စတဲ့ ကာဗိုဟိုက်ဒရိတ်ကို များများစားတာကြောင့် အိပ်ငိုက်စေပါတယ်။ နေ့လယ်စာမှာ ကာဗိုဟိုက်ဒရိတ်အစား ပရိုတင်းများများပါတဲ့ အစာ (ဥပမာ- ပဲအမျိုးမျိုး၊ အဆီနည်းအသား စတာတွေ) စားပေးပါ။

(၂) လှုပ်ရှားမှု လုပ်ပါ
လေ့ကျင့်ခန်းကို နေ့စဉ်လုပ်နေကျ အလေ့အကျင့်ထဲ ထည့်သွင်းလုပ်ဆောင်ပါ။ စာသင်ချိန် တစ်ချိန်နဲ့တစ်ချိန်ကြား ဒါမှမဟုတ် အလုပ်လုပ်ချိန် တစ်နာရီကြာပြီးတိုင်း လမ်းထလျှောက်ပေးပါ။ ဒါမှမဟုတ် ထိုင်ခုံမှာထိုင်ရင်း ဆွဲဆန့်လေ့ကျင့်ခန်း လုပ်ပေးပါ။ နိုးကြားလန်းဆန်းစေမှာ ဖြစ်ပါတယ်။

(၃) ရေများများ သောက်ပါ
ရေများများသောက်တာကြောင့် အလုပ်ဒါမှမဟုတ် ကျောင်းမှာ တက်ကြွလန်းဆန်း နေစေပါတယ်။ ရေဓာတ်ခမ်းခြောက်တာကြောင့် ခန္ဓာကိုယ်ကို နုံးချည့်နေစေပါတယ်။ ခန္ဓာကိုယ်က ဆုံးရှုံးသွားတဲ့ရေဓာတ်ကို ပြန်လည်ဖြည့်တင်း ပေးတာကြောင့် မြန်မြန် အနာကျက်စေပြီး စိတ်တက်ကြွ လန်းဆန်းစေပါတယ်။

(၄) ညနေလေးနာရီ ထိုးပြီးချိန်၌ ကဖင်းဓာတ်ကို ရှောင်ပါ
ညနေလေးနာရီကျော်ရင် ကော်ဖီမသောက်ပါနဲ့။ ညဘက်အိပ်ရေး ပျက်စေနိုင်လို့ပါ။ ညဘက်ကောင်းကောင်း အိပ်မပျော်ရင် နောက်တစ်နေ့မှာ ပင်ပန်းနွမ်းနယ်ပြီး အာရုံစူးစိုက်မှုကို ထိခိုက်စေနိုင်ပါတယ်။

(၅) လက်ဖက်ရည် သောက်ပါ
နေ့ခင်းမှာ ကော်ဖီထက် လက်ဖက်ရည်သောက်တာက ကျန်းမာရေးနဲ့ ပိုညီညွတ်ပါတယ်။ လက်ဖက်ရည်သောက်တာကြောင့် နေ့ခင်းမှာသင့်ကို လန်းဆန်းတက်ကြွ နေစေပါတယ်။

(၆) အနားပေးချိန်ကို အသုံးချပါ
နေ့ခင်းကျောင်းမှာ သင်ခန်းစာလေ့လာတဲ့အခါ ဖြစ်ဖြစ်၊ အလုပ်လုပ်တဲ့အခါ ဖြစ်ဖြစ် အချိန်ခဏတာ အနားပေးလေ့ ရှိပါတယ်။ အဲဒီအချိန်မှာ ဆုဒိုကုကစားတာမျိုး လုပ်ဆောင်ပေးရင် ဦးနှောက်ကို လှုံ့ဆော်ပေးပြီး စိတ်အပန်းပြေ စေပါတယ်။

(၇) ပြောင်းလဲ လုပ်ဆောင်ပါ
အလုပ်လုပ်ချိန် ဒါမှမဟုတ် သင်ခန်းစာလေ့လာချိန် တစ်နာရီကြာတာနဲ့ ခန္ဓာကိုယ်ကို အကြောဆွဲဆန့်တဲ့ လေ့ကျင့်ခန်း လုပ်ပေးပါ၊ အညောင်းဖြေ ပေးပါ။ ဒါဆိုရင် စိတ်လန်းဆန်းသွားပြီး နောက်တစ်ချိန် အလုပ်လုပ်ဖို့၊ သင်ခန်းစာလေ့လာဖို့ အဆင်သင့် ဖြစ်သွားပါတယ်။

(၈) အိပ်ရေးဝ၀ အိပ်စက်ပါ
တစ်နေ့တာ အလုပ်ပြီးဆုံးချိန်၊ ကျောင်းဆင်းချိန်မှာ အိပ်ချိန်အလုံအလောက် ရယူတာက တစ်နေ့လုံး စွမ်းအင်ရှိနေ စေပါတယ်။ အထူးသဖြင့် အိပ်ချိန်နဲ့နိုးချိန်ကို ပုံမှန်အတိုင်းရှိနေအောင် ကြိုးစားနေထိုင်ပါ။

(Ref;HD)

Most Popular

Healthy Life Ad
To Top