Healthy Life Ad
Health Tips

မမျှော်လင့်ဘဲ ကျန်းမာရေး ကောင်းသွားစေသည့် အမှတ်တမဲ့ အပြုအမူများ

၊ စူး (ဆေးဝါးတက္ကသိုလ်) ၊

ညအိပ်တဲ့အခါ ခြေစွပ်ဝတ်တာ၊ သီချင်းဆိုတာ စတဲ့ အမှတ်မထင်လုပ်လိုက်တဲ့ အပြုအမူတွေက ကျန်းမာရေး ကောင်းမွန်သွားစေတာကို အံ့သြဖွယ်ရာ တွေ့ရှိခဲ့ရပါတယ်။

(၁) တီဗီအစီအစဉ်ကို ထပ်တလဲလဲ ပြန်ကြည့်တာက စိတ်စွမ်းအားတိုးစေနိုင်

ဘာဖဲလိုးတက္ကသိုလ်ရဲ့ သိပ္ပံပညာရှင်တွေက ကိုယ်ကြိုက်တဲ့ တီဗီအစီအစဉ်တစ်ခုကို ထပ်ခါတလဲလဲ ကြည့်တာက စွမ်းအင်တိုးစေတယ်လို့ ဆိုပါတယ်။ အကြောင်းကတော့ အနှစ်သက်ဆုံး ဇာတ်ဆောင်တွေနဲ့ သွယ်ဝိုက်တဲ့နည်းနဲ့ ထိတွေ့ဆက်ဆံမှု ရှိတာကြောင့် စွမ်းအင်တိုးရတာဖြစ်တယ်လို့ သုတေသီတွေက ဆိုပါတယ်။

(၂) အဖွဲ့လိုက်သီချင်းဆိုတာက အအေးမိဝေဒနာ မရအောင် ကာကွယ်နိုင်

အဖွဲ့လိုက် သီချင်းဆိုသူတွေကို လေ့လာခဲ့တဲ့အခါ သူတိုရဲ့ တံတွေးထဲမှာ တွေ့ရတဲ့ ပဋိပစ္စည်း IgAအဆင့်ကို မြင့်တက်နေတာကို တွေ့ရတယ်လို့ သိရပါတယ်။ IgAက ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်ပိုးမဝင်အောင် တွန်းလှန်ပေးနိုင်စွမ်းရှိပါတယ်။ လေ့လာမှုတွေအရ အဖွဲ့လိုက်သီချင်းဆိုတာကြောင့် စိတ်ဖိစီးမှုဟော်မုန်း ကော်တီစောအဆင့်လျော့ကျပြီး စိတ်ခံစားချက်ကို ပိုမိုကောင်းမွန်စေကာ ကိုယ်ခံအားစနစ်ကို မြင့်တက်စေကြောင်း သိရပါတယ်။

(၃) မိတ်ဆွေသူငယ်ချင်းတွေနဲ့တွေ့ဆုံတာက နာကျင်မှုကို ခံနိုင်ရည်ရှိစေနိုင်

စစ်မှန်တဲ့ မိတ်ဆွေသူငယ်ချင်းတွေနဲ့ တွေ့ဆုံပေါင်းဖော်ကာ အူလှိုက်သည်းလှိုက် ရယ်မောပျော်ရွှင်တာကြောင့် ဦးနှောက်ထဲမှာ စိတ်ခံစားချက်ကောင်းစေတဲ့ အန်ဒေါ်ဖင်ဓာတ်ကို အထွက်တိုးစေပါတယ်။ ဒါကြောင့် နာကျင်မှုကို ခံနိုင်ရည်မြင့်မားစေတာဖြစ်ပါတယ်။

(၄) ပီကေဝါးတာက မှတ်ဉာဏ်ကိုကောင်းစေနိုင်

ဗြိတိန်လေ့လာသူတွေက လူတွေကိုအစီအစဉ်တကျမရှိတဲ့ ကိန်းဂဏန်းစာရင်းနဲ့ ဝါကျတချို့ကိုနား ထောင်စေပြီး ပြန်ပြောပြခိုင်းတဲ့အခါ ပီကေဝါးထားတဲ့ အဖွဲ့ဟာ ပီကေမဝါးထားသူတွေထက် ပိုတိကျပြီး တုံ့ပြန်ချိန် ပိုမြန်ဆန်တာကို တွေ့ရပါတယ်။ ပီကေဝါးတာကမှတ်ဉာဏ်၊ တက်ကြွမှု၊ အာရုံစူးစိုက်နိုင်စွမ်း၊ ဉာဏ်ရည်စတာတွေနဲ့ဆိုင်တဲ့ တွေးခေါ်မြော်မြင်မှုဆိုင်ရာ လုပ်ငန်းဆောင်တာတွေကို သိသိသာသာ ကောင်းမွန်စေတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

(၅) နံရံပေါ်က တီဗီကြည့်တာက လည်ပင်းနဲ့ခါး နာကျင်မှုဝေဒနာ သက်သာစေနိုင်

ခေါင်းနဲ့ မျက်စိအထက်မှာ တပ်ဆင်ထားတဲ့ နံရံပေါ်ကတီဗီကို ကြည့်တာကြောင့် ခါးနောက်ကျော ကြွက်သားတွေပေါ်ကျရောက်တဲ့ ဖိအားသက်ရောက်မှုကို လျော့ကျစေပါတယ်။ ဦးခေါင်းကို ငုံ့ကြည့်ရတဲ့ အနေအထားမှာထက် ဦးခေါင်းမော့ကြည့်ရတဲ့အနေ အထားကြွက်သားတွေကို ပိုအားကောင်းစေပါတယ်။

(၆) ရေခဲရေ ငုံတာက ရန်ပွဲတစ်ခုမှာ မျှမျှတတ စဉ်းစားတတ်စေနိုင်

ကော်ဖီအေး၊ ရေခဲစိမ်သစ်သီးစုံဖျော်ရည် စတာတွေကို သောက်သုံးတာကြောင့် ရန်ပွဲတစ်ခု၊ အခြေ အနေတင်းမာမှုတစ်ခုမှာ ကိုယ်ဘယ်လိုခံစားရတယ် ဆိုတာကိုပဲ မကြည့်ဘဲနဲ့ တခြားဘက်ကိုပါ မျှမျှတတ စဉ်းစားတတ်ပါတယ်။ အဲဒီအခါ ဘာကိုမဆို ပြေပြေလည်လည် ညှိနှိုင်းဖြေရှင်းသွားတတ်ပါတယ်။

(၇) ခြေအိတ်စွပ်ပြီး အိပ်ရာဝင်တာက အိမ်ထောင်မှုသုခတိုးစေနိုင်

ဒတ်ချ်လိင်မှုဆိုင်ရာ လေ့လာသူတွေက အိမ်ထောင်သည်တွေကို လေ့လာခဲ့တဲ့အခါ ခြေအိတ်ဝတ်ပြီး လိင်ဆက်ဆံတာကြောင့် ခင်ပွန်းတွေသာမက ဇနီးသည်တွေပါ ဆန္ဒပြီးမြောက်မှု ရရှိတယ်လို့ တွေ့ ရပါတယ်။ အများအားဖြင့် အမျိုးသမီးတွေ ဆန္ဒပြီးမြောက်မှုမရှိတာက ခြေထောက်တွေ အေးနေလို့ဖြစ်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ ခြေအိတ်ဝတ်ပြီး အိပ်စက်အနားယူတာက ကြောက်ရွံ့မှုနဲ့ ပူပင်သောကတို့နဲ့ ဆိုင်တဲ့ ဦးနှောက်အပိုင်း တည်ငြိမ်သွားပြီး သွေးလှည့်ပတ်မှု ကောင်းမွန်စေတဲ့အတွက် ၈၀ ရာခိုင်နှုန်းအထိ ဆန္ဒပြီးမြောက်မှု ရရှိစေတာဖြစ်တယ်လို့ လေ့လာမှုအရ သိရပါတယ်။

(၈) ဘူဖေးထည့်ရာတွင် မုန့်ဗန်းသုံးခြင်းဖြင့် ကျန်းမာရေးနှင့်အညီ စားဖြစ်စေနိုင်

ကောလိပ်ကျောင်းတွေနဲ့ လုပ်ငန်းခွင်တချို့က ဘူဖေးဆိုင်တွေမှာ မုန့်ဗန်းမသုံးတဲ့အတွက် အစာအ လေအလွင့်ဖြစ်နှုန်း နည်းတယ်လို့ဆိုကာ မုန့်ဗန်းတွေကို မထားတော့ပါဘူး။ တကယ်တော့ မုန့်ဗန်းနဲ့ ထည့်တဲ့အခါ စားသုံးသူတွေက ဟင်းရွက်သုပ်တွေကို ပိုထည့်ဖြစ်ပြီး ကျန်းမာရေးနဲ့ ပိုညီညွတ်စွာ စားသုံး ဖြစ်တယ်လို့ လေ့လာမှုရလဒ်အရ သိရပါတယ်။

(Ref;RD)

Most Popular

Healthy Life Ad
To Top