Healthy Life Ad
Health Tips

နားရက်ယူပါ . . နားပါ

၊ လရိပ်မေ ၊

အလုပ်ကနေ နားရက်ယူတာက သင့်အတွက် ပြီးပြည့်စုံတဲ့ ပျော်ရွှင်မှုကို ရစေရုံသာမက အလုပ်ပြန်ဝင်တဲ့အခါမှာလည်း အလုပ်တွင်ကျယ် စေပါတယ်။ နိုင်ငံခြားတိုင်းပြည်တွေမှာ ဆိုရင် တစ်နှစ်မှာ နားရက် ဘယ်လောက်ဆိုပြီး သီးသန့် သတ်မှတ်ထားပြီး မဖြစ်မနေ နားရက်ယူရပါတယ်။ အဲဒီအချိန်တွေမှာ ခရီးထွက်တာ၊ မိသားစုကို အချိန်ပေးတာ စတာတွေ ပြုလုပ်လေ့ ရှိကြပါတယ်။

– ခန္ဓာကိုယ် ကျန်းမာစေခြင်း
နားရက်ယူပြီး စိတ်ရောကိုယ်ပါ အပန်းဖြေလိုက်ရတာကြောင့် စွမ်းဆောင်ရည် ပိုမိုမြင့်တက် လာစေပါတယ်။ ဒါ့အပြင် ကျန်းမာရေးကိုလည်း
ပိုကောင်းမွန် စေပါတယ်။

– အမြင်သစ် ရလာခြင်း
အားလပ်ရက်မှာ ခရီးထွက်တာ၊ မိတ်ဆွေ သူငယ်ချင်းတွေနဲ့ တွေ့ဆုံတာတွေကြောင့် ပိုကောင်းတဲ့ အမြင်သစ်တွေ ရရှိလာပြီး ရည်မှန်းချက်ကို အရောက်လှမ်းနိုင်မယ့် တွန်းအားသစ်တွေ ရရှိလာပါတယ်။

– စိတ်ငြိမ်းချမ်းခြင်း
ဒီနေ့ ဘာလုပ်ရမယ်၊ ဘယ်သူနဲ့ တွေ့ရမယ်၊ ဘာတွေပြီးအောင် ဆောင်ရွက်ရမယ် စတဲ့ ဖိအားများလှတဲ့ အချိန်ဇယားကနေ လွတ်ငြိမ်းခွင့်
ရတဲ့ နားရက်လေးမှာ စိတ်ရောကိုယ်ပါ တည်ငြိမ်အေးချမ်း နေပါတယ်။

Most Popular

Healthy Life Ad
To Top