Healthy Life Ad
Health Tips

ထူထဲသန်စွမ်း လှပသော ဆံကေသာပိုင်ရှင် ဖြစ်လိုလျှင်

၊ ငွေကြယ်စင်ယံ ၊

စိတ်ဖိစီးမှုများတာ၊ ကြမ်းတမ်းတဲ့ ဆံပင်လိမ်း ပစ္စည်းတွေ သုံးတာနဲ့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစာ စားတာတွေကြောင့် ဆံပင်တွေ ပါးတတ် ပါတယ်။ ဆံပင်ကျွတ်နှုန်း များပြီး ဆံပင်ကျဲပါး လာတယ်လို့ သတိပြုမိတာနဲ့ အောက်ပါ သဘာဝ ပစ္စည်းတွေနဲ့ ဖြေရှင်းနိုင်ပါတယ်။

(၁) ကြက်ဥ၊ ဘဲဥ
ပရိုတင်းဓာတ် ပါဝင်တဲ့ ကြက်ဥ၊ ဘဲဥကို ဦးရေပြားနဲ့ ဆံပင်သားအနှံ့ သုတ်လိမ်းပေးရင် ဆံပင်ထူထဲ သန်စွမ်းနေပါလိမ့်မယ်။ ကြက်ဥတစ်လုံး – နှစ်လုံးကို ခွဲပြီး စိုစွတ်နေတဲ့ ဦးရေပြားနဲ့ ဆံပင်သားပေါ် သုတ်လိမ်းကာ နှိပ်ပေးပါ။ ၁၀ မိနစ်ကြာမှာ
ခေါင်းလျှော်ရမှာ ဖြစ်ပါတယ်။

(၂) ရှားစောင်းလက်ပပ်
ရှားစောင်းလက်ပပ်ကို အလွယ်တကူ ရနိုင်ပါတယ်။ ရှားစောင်းလက်ပပ် အနှစ်သားကို သန့်ရှင်းတဲ့ ဦးရေပြားပေါ် သုတ်လိမ်းကာ နှိပ်ပေးပါ။ မိနစ် ၃၀ ကြာမှ ကြက်သီးနွေးရေနဲ့ ဆေးကြောပေးရမှာ
ဖြစ်ပါတယ်။

(၃) ထောပတ်သီး
ထောပတ်သီး အလတ်စားတစ်လုံးကို ကြိတ်ပြီး ဦးရေပြားပေါ် လိမ်းကာ နှိပ်ပေးပါ။ တစ်နာရီကြာမှ ခေါင်းလျှော်လိုက်ပါ။

(၄) လိမ္မော်ရည်
ဦးရေပြားအနှံ့ လတ်လတ်ဆတ်ဆတ် ညှစ်ထားတဲ့ လိမ္မော်ရည် လောင်းချလိုက်တာကြောင့် ဆံပင်သားမှာ ဗီတာမင်စီနဲ့ အင်တီအောက်ဆီးဒင့် ရရှိကာ ဆံပင်သား ထူထဲ သန်စွမ်းစေပါတယ်။

(၅) သံလွင်ဆီ
သံလွင်ဆီက ဆံပင်ပါးသူတွေအတွက် အသုံးတည့်တဲ့ ဆီပါ။ ရေမချိုးခင် တစ်နာရီအလိုမှာ ဦးရေပြားအနှံ့ သံလွင်ဆီ သုတ်လိမ်းထားလိုက်ပါ။ သံလွင်ဆီ ကင်းစင်ဖို့ ကောင်းကောင်း ခေါင်းလျှော်ဖို့တော့ လိုပါတယ်။ သံလွင်ဆီ ဈေးကြီးရင် အုန်းဆီအစားထိုး သုံးပါ။

(၆) ငှက်ပျောသီး
ကြိတ်ချေထားတဲ့ ငှက်ပျောသီးမှည့်နဲ့ သံလွင်ဆီကို
ရောပြီး ဦးရေပြားနဲ့ ဆံပင်သားအနှံ့ သုတ်လိမ်း လိုက်ပါ။ တစ်နာရီကြာမှ ခေါင်းလျှော်လိုက်ရင် ဆံပင်ထူထဲ သန်စွမ်းနေမှာ ဖြစ်ပါတယ်။

(၇) နရွဲသီး
အုန်းဆီ ထမင်းစားဇွန်း နှစ်ဇွန်းနဲ့ နရွဲသီးခြောက် ထမင်းစားဇွန်း တစ်ဇွန်းကို ရောပြီး ဆူပွက်အောင် ပြုတ်ကာ အိပ်ရာမဝင်ခင် ဆံပင်ပေါ် သုတ်လိမ်း
ပေးပါ။ အိပ်ရာနိုးမှ ရှမ်ပူနဲ့ ခေါင်းလျှော်လိုက်ရမှာ ဖြစ်ပါတယ်။

(Ref;HD)

Most Popular

Healthy Life Ad
To Top