Healthy Life Ad
Child

သင့်မေးစေ့ကို ကြည့်ပြီး သင့်အကြောင်း ပြောပြမယ်

သင့်မေးစေ့ပုံစံကို ကြည့်ပြီး သင့်အကြောင်းကို
ပြောပြပေးပါမယ်။

၊ ငွေကြယ်စင်ယံ ၊
m5
– သင့်မေးစေ့က လေးထောင့်ဆိုလျှင်
သင်က ခေါင်းမာသူပါ ဘာကိုပဲလုပ်လုပ် အဆုံးစွန်အထိ ရပ်တည်တတ်ပြီး ခေါင်းမာသူပါ။ မေးစေ့လေးထောင့် ကျသူတွေက ရန်လိုတတ် ပါတယ်။ စကားချိုချို မပြောတတ်တာကြောင့် တခြားသူတွေရဲ့ ချစ်ခြင်းမေတ္တာကို ရယူနိုင်ဖို့ ခက်ခဲတတ်ပါတယ်။ မာနကြီးသူပါ။
m4
– သင့်မေးစေ့က ကျဉ်းလျှင်
သင်က ထက်မြက်သူပါ မေးစေ့ ကျဉ်းတယ်ဆိုရင် ဉာဏ်ကောင်းပြီး ထက်မြက်သူပါ။ ဒါပေမဲ့ တခြားသူကို ပြစ်တင်ဝေဖန်တတ်ပြီး ကိုယ့်ကိုယ်ကိုယ် ဆင်ခြင် သုံးသပ်နိုင်စွမ်းက နည်းတတ်ပါတယ်။
m3
– သင့်မေးစေ့က ချွန်ထွက်နေလျှင်
သင်က ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိသူပါ သင့်ကို ဘေးတိုက်ကြည့်လို့ မေးစေ့က ချွန်ထွက်နေတယ်ဆိုရင် ဒါက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိပြီး အလုပ်ကြိုးစားကြောင်းပြသနေတာပါ။ နှလုံးသားက နွေးထွေးပေမယ့် အပြင်ပန်းကြည့်ရင်တော့ အေးတိအေးစက်နိုင်လှပါတယ်။
m2
– သင့်မေးစေ့က လုံးဝိုင်းနေလျှင်
သင်က အကောင်းမြင်တတ်သူပါ မေးစေ့ လုံးလုံး ဝိုင်းဝိုင်းလေး ပိုင်ဆိုင်ရင် စိတ်ခံစားလွယ်ပြီး အကောင်းမြင် တတ်သူပါ။ ငယ်ရွယ်ချိန်မှာ အလုပ်ကြိုးစားရင် အသက်ကြီးချိန်မှာ ပျော်ပျော်ရွှင်ရွှင် နေသွားနိုင်မယ်လို့ ယုံကြည်သူလည်း ဖြစ်ပါတယ်။
m1
– သင့်မေးစေ့က ရှည်လျှင်
သင်က သစ္စာရှိသူပါ မေးစေ့ရှည်ရှည် ပိုင်ဆိုင်သူတွေက သစ္စာရှိပြီး စိုးရိမ်ပူပင်မှု မဖြစ်တတ်ပါဘူး။ တစ်ပါးသူနဲ့ အလွယ်တကူ မိတ်ဖွဲ့တတ်ပါတယ်။ ဒါ့အပြင် သားမြေး မြစ်တွေနဲ့ ပျော်ရွှင်တဲ့မိသားစု တည်ဆောက်လိုပြီး ငြိမ်းချမ်းတဲ့ ဘဝကို လိုလားသူလည်း ဖြစ်ပါတယ်။

Most Popular

Healthy Life Ad
To Top