Healthy Life Ad
Life Style

သင့်ရာသီခွင်က သင့်ကျန်းမာရေးအခြေအနေကို ပြောပြနေပါတယ်

၊ သဒ္ဒါထက် ၊

မွေးဖွားတဲ့ နေ့ရက်ပေါ် မူတည်ပြီး ပြောင်းလဲသွားတဲ့ ရာသီခွင်အလိုက် သင့်ခန္ဓာကိုယ်ရဲ့ ဘယ်အစိတ်အပိုင်းက ထိခိုက်လွယ်ပြီး အထူးဂရုစိုက်ပေးဖို့ လိုတယ်ဆိုတာကို သိထားသင့်ပါတယ်။

သင်က မိဿရာသီဖွားဖြစ်လျှင်
ဒီရာသီဖွားတွေဟာ ဦးခေါင်းကို ဂရုစိုက်သင့်ပါတယ်။ တခြား ရာသီဖွားတွေထက် ခေါင်းကိုက် တာကိုပိုဖြစ်စေနိုင်တာကြောင့်ပါ။ ဦးခေါင်းပိုင်း ဆိုင်ရာကျန်းမာဖို့အတွက် လတ်ဆတ်တဲ့ လေကောင်း လေသန့်ကို ရှူရှိုက်ပေးဖို့နဲ့ အသက်ဝ၀ရှူဖို့ အရေးကြီးပါတယ်။

သင်က ပြိဿရာသီဖွားဖြစ်လျှင်
ဒီရာသီဖွားတွေကတော့ လည်ချောင်းကို ဂရုစိုက်သင့်ပါတယ်။ လည်ချောင်းနာတာ အဖြစ်များလို့ပါ။ လည်ချောင်းနာသက်သာစေမယ့် ငုံဆေးကို ဆောင်ထားသင့်ပြီး ဘေးပတ်ဝန်းကျင်က လူတစ်ဦး ချောင်းဆိုးတဲ့အခါနဲ့ နှာချေတဲ့အခါတွေမှာ အသက်မရှူမိအောင် ခဏထိန်းထားပေးရပါမယ်။

သင်က မေထုံရာသီဖွားဖြစ်လျှင်
ဒီရာသီဖွားတွေကတော့ ပခုံးနဲ့ အဆုတ်ကို ဂရုစိုက်သင့်ပါတယ်။ ခန္ဓာကိုယ်အပေါ်ပိုင်းနဲ့ ရင် ဘတ်ပိုင်းနေရာတွေမှာ တင်းအားသက်ရောက်နေ တတ်တာကြောင့် ခန္ဓာကိုယ်ကို ပျော့ပျောင်းသန်စွမ်း စေနိုင်တဲ့ လေ့ကျင့်ခန်းတွေ လုပ်တာက အကောင်းဆုံးဖြစ်ပါတယ်။ တရားထိုင်ပေးတာဟာ မေထုံရာ သီဖွားတွေကို စိတ်အေးချမ်းမှုရရှိစေပါတယ်။

သင်က ကရကုဋ်ရာသီဖွား ဖြစ်လျှင်
ဒီရာသီဖွားတွေကတော့ရင်သားနဲ့ အစာအိမ်ကို ဂရုစိုက်ဖို့ လိုပြီး အစားအသောက်မှားလိုက်တာနဲ့ အစာအိမ်က မအီမသာဖြစ်တတ်ပါတယ်။ ကာဗိုဟိုက် ဒရိတ်တွေကို များများစားတာ၊ သကြားပါတဲ့အစာတွေကို များများ စားတာတွေကို ရှောင်ပါ။ မျှတတဲ့အာဟာရကို စားပြီး လေ့ကျင့်ခန်းလုပ်ပေးပါ။

သင်က သိဟ်ရာသီဖွား ဖြစ်လျှင်
ဒီရာသီဖွားတွေဟာ နှလုံးနဲ့ နောက်ကျောရိုး တွေကိုဂရုစိုက်သင့်ပြီး အဆီများတဲ့အစာတွေနဲ့ ကို လက်စထရောများလွန်းတဲ့ အစာတွေကိုရှောင်ရပါမယ်။ အကြောလျှော့တဲ့ လေ့ကျင့်ခန်းတွေကို များများလုပ်ပေးပြီး ကျောရိုးမကြီးအားကောင်းနေအောင် လုပ်ဆောင်ပေးရပါမယ်။

သင်က ကန်ရာသီဖွားဖြစ်လျှင်
ဒီရာသီဖွားတွေဟာ အစာခြေစနစ်ကို ဂရုစိုက်သင့်ပါတယ်။ တချို့အစားအစာတွေကို စားမိတာနဲ့တင် အစာခြေစနစ်ကို ထိခိုက်စေနိုင်တာကြောင့်ပါ။ အမျှင်ဓာတ်ပါဝင်မှုများတဲ့ ဟင်းသီးဟင်းရွက်၊ သစ်သီးကို စားသင့်ပြီး တစ်ကြိမ်စားရင် အစာနည်း နည်းပဲ စားရပါမယ်။

သင်က တူရာသီဖွားဖြစ်လျှင်
ဒီရာသီဖွားတွေဟာ ကျောက်ကပ်ကို ဂရုစိုက်သင့်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်ရဲ့ ဆီးစွန့်ထုတ် စနစ်ကို အလေးထားပေးရပါမယ်။ ရေဓာတ် ပါဝင်မှုများတဲ့ ဟင်းသီးဟင်းရွက်တွေ၊ သစ်သီးဝလံတွေစားပြီး ရေများများသောက် ပေးရပါမယ်။ ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ်နဲ့ ပန်းဂေါ်ဖီပွင့်တွေထဲမှာ ရေပါဝင်မှု များပါတယ်။

သင်က ဗြိစ္ဆာရာသီဖွား ဖြစ်လျှင်
ဒီရာသီဖွားတွေဟာ မျိုးပွားအင်္ဂါနဲ့ အစာခြေ စနစ်အောက်ပိုင်းကို ဂရုစိုက်သင့်ပါတယ်။ အနီရောင်အသား၊ အရက်စတာတွေကို များများ မစားသောက်သင့်ပါဘူး။

သင်က ဓနုရာသီဖွားဖြစ်လျှင်
ဒီရာသီဖွားတွေကတော့ တင်ပါး၊ ပေါင်နဲ့ အသည်းကို ဂရုစိုက်သင့်ပါတယ်။ ခရီးသွားရတာကို သဘောကျတတ်တာကြောင့် ခရီးသွားတဲ့အခါမှာ လှေကားတွေကို သတိထားသင့်ပါတယ်။ ချော်ကျနိုင်ခြေ များလို့ပါ။ အရာရာကို အလွန်အကျွံမလုပ် ဆောင်သင့်ပါ။

သင်က မကရရာသီဖွားဖြစ်လျှင်
ဒီရာသီဖွားတွေဟာ ဒူးတွေနဲ့ အဆစ်တွေကို ဂရုစိုက်သင့်ပါတယ်။ ဒါကြောင့် ငါးကြေးဆီဖြည့်စွက် ဆေးစားပြီး အဆစ်တွေရဲ့ လှုပ်ရှားနိုင် စွမ်းကောင်းအောင် လုပ်ပေးပါ။ ကိုယ်အလေးချိန်ကို ထိန်းရပါမယ်။

သင်က ကုမ်ရာသီဖွားဖြစ်လျှင်
ဒီရာသီဖွားတွေဟာ ကျန်းမာရေးကောင်းဖို့အတွက် သွေးလှည့်ပတ်မှုစနစ်ကို အလေးထားဖို့ လို ပါတယ်။ လေ့ကျင့်ခန်းကို ပုံမှန်လုပ်ပေးပါ။ နှစ်စဉ် ဆေးစစ်ဆေးမှု ခံယူပေးပါ။ ကိုလက်စထရောလျော့ နည်းတဲ့ အစားအစာကို စားပေးပါ။

သင်က မိန်ရာသီဖွားဖြစ်လျှင်
ဒီရာသီဖွားတွေကတော့ ခြေထောက်နဲ့ သားနံ ရည်စနစ်ကို အလေးထားသင့်ပါတယ်။ ခြေထောက် ကျန်းမာရေးအတွက် သင့်တော်တဲ့ ဖိနပ်ကို ရွေးချယ်ပါ။ သားငံရည်စနစ်ကျန်းမာစေဖို့ ကိုယ်ခံစွမ်းအား စနစ်ကို ကောင်းမွန်အောင် ထိန်းထားပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top