Healthy Life Ad
Life Style

သင်အကြိုက်ဆုံး ဖိနပ်အမျိုးအစားက သင့်အကြောင်းပြောပြနေပါတယ်

၊ ကိုထက် ၊

ဖိနပ်ဆိုတာ အမျိုးသမီးတွေအတွက် အရေးကြီးတဲ့ အလှအပ အဆင်တန်ဆာတစ်ခုဆိုလည်း မမှားပါဘူး။ သင်အကြိုက်နှစ်သက်ဆုံး ရွေးချယ်ထားတဲ့ ဖိနပ်အမျိုးအစားကိုကြည့်ပြီး သင်ရဲ့စိတ်နေသဘောထားကို ခန့်မှန်းပြောဆိုနိုင်ပါတယ်။ အောက်ပါဖိနပ်အမျိုးအစားတွေထဲက သင်အကြိုက်ဆုံးအမျိုးအစား တစ်မျိုးကိုရွေးပြီး ဘယ်လိုစိတ်နေစိတ်ထားတွေရှိတတ်တယ်ဆိုတာကို ဖတ်ကြည့်နိုင်ပါတယ်။


– သင်က ခြေညှပ်ဖိနပ်ပါးကို အကြိုက်ဆုံးဆိုလျှင် မိမိကိုယ်ကိုယ် ယုံကြည်မှုရှိသူပါ
မိန်းကလေးအများစုကတော့ ဖိနပ်ပါးစီးရတာကို သိပ်ပြီးသဘောမကျတတ်ကြပါဘူး။ ဒါပေမဲ့ ဒီလို ခြေညှပ်ဖိနပ်ပါးလေးတွေ စီးရတာကိုပဲ နှစ်သက်တယ်ဆိုသူတွေဟာ အများအားဖြင့် ရိုးရိုးရှင်းရှင်းဘဝကို ပိုမိုခုံမင်တတ်သူတွေပဲဖြစ်ကြပါတယ်။ အသုံးအဖြုန်းနည်းသူတွေဖြစ်ကြပြီး မိမိကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိတတ်ကြပါတယ်။ အပေါင်းအသင်း ဝင်ဆန့်သူတွေဖြစ်သလို မာနကင်းပြီး ကြင်နာတတ်တဲ့ နှလုံးသားပိုင်ရှင်တွေလည်း ဖြစ်တတ်ကြပါတယ်။ ခရီးသွားရတာကို ဝါသနာပါပြီး အမြဲလို ရွှင်လန်းတက်ကြွစွာနေတတ်သူပါ။


– သင်က ဒေါက်နိမ့်ဖိနပ်ကို အကြိုက်ဆုံးဆိုလျှင် ပျော်ပျော်ရွှင်ရွှင်နေတတ်သူပါ
အလယ်အလတ် အနေတော်ဒေါက်ဖိနပ်တွေ စီးရတာကိုသာ နှစ်သက်သူတွေကတော့ ဘဝကို သက်သောင့်သက်သာ ဖြတ်သန်းလိုသူတွေဖြစ်ကြပါတယ်။ သွက်လက်ဖျတ်လတ်ကြသူတွေဖြစ်ပြီး အရာရာကို အကောင်းဘက်က ကြည့်ပေးတတ်ကြပါတယ်။ အပေါင်းအသင်း လုပ်ဖော်ကိုင်ဖက်တွေအပေါ်မှာ ဖော်ဖော်ရွေရွေ ဆက်ဆံတတ်သူတွေဖြစ်ပြီး နွေးထွေးကြသူတွေပါ။ ပျော်ပျော်နေတတ်သူတွေများပါတယ်။ ရှည် ရှည်ဝေးဝေး သိပ်မစဉ်းစားဘဲ လက်ရှိအခြေအနေကိုသာ ရှေးရှုတတ်သူတွေဖြစ်ကြပါတယ်။


– သင်က ဖိနပ်အပါးကို အကြိုက်ဆုံးဆိုလျှင် သနားကြင်နာတတ်သူပါ
ဒေါက်မပါတဲ့ လေဒီရှူးလိုမျိုး ဖိနပ်အပါးတွေကို သဘောကျအနှစ်သက်ဆုံးဆိုသူတွေဟာ သူတစ်ပါးအပေါ် အလွန်ကြင်နာသနားတတ်သူတွေဖြစ်ကြပါတယ်။ သူတစ်ပါးကိုကူညီရတာ၊ ဂရုစိုက်စောင့်ရှောက်ရတာကို သဘောကျနှစ်သက်ပျော်ရွှင်နေကြသူတွေပါ။ ရိုးရှင်းစွာနေရတာ သဘောကျကြပါတယ်။ မိသားစုအပေါ် ယုယမြတ်နိုးပြီး သူငယ်ချင်းတွေရော မောင်နှမမိသားစုကပါ သင့်ကိုလေးစားချစ်ခင်တတ်ကြပါတယ်။ စိတ် ကူးယဉ်ဆန်တတ်ကြပြီး ခံစားလွယ်သူတွေလည်း ဖြစ်ကြပါတယ်။


– သင်က ကြိုးသိုင်းဖိနပ်ကို အကြိုက်ဆုံးဆိုလျှင် ပတ်ဝန်းကျင်အပေါ် သံယောဇဉ်ကြီးသူပါ
ကြိုးသိုင်းဖိနပ် ဒီဇိုင်းပုံစံတွေကို သဘောကျသူတွေက ပေးကမ်းရက်ရောတတ်သူတွေ ဖြစ်ကြပါတယ်။ အတွေးအခေါ် အမြော်အမြင်ရှိပြီး စကားပြောချိုသာကြပါတယ်။ မိသားစုနဲ့ အပေါင်းအသင်းတွေအပေါ် သံယောဇဉ်ကြီးသူတွေဖြစ်ကြပါတယ်။ အခင်မင်ဆုံး သူငယ်ချင်းတွေနဲ့သာ ပိုမိုတွဲလေ့ရှိပြီး သူငယ်ချင်းအပေါင်းအသင်းသစ်တွေရဖို့ သိပ်စိတ်မဝင်စားပါဘူး။ အနုအရွလေးတွေ ကဗျာဆန်ဆန်လေးတွေကို သဘောကျကြပါတယ်။


– သင်က ဒေါက်မြင့်ဖိနပ်ကို အကြိုက်ဆုံးဆိုလျှင် ဘေးစကားတွေကို နားမယောင်တတ်သူပါ
ဒေါက်မြင့်မြင့်နဲ့ဖိနပ်တွေကို သဘောအကျဆုံးသူတွေဟာ လူကြားထဲမှာ ထင်ပေါ်နေတဲ့သူ ဖြစ်ချင်ကြသူတွေများပါတယ်။ အောင်မြင်လိုစိတ်လည်း ပြင်းထန်တတ်ကြပါတယ်။ မိမိကိုယ်ကိုယ်ယုံကြည်မှု အပြည့်ရှိပြီး အလုပ်ကြိုးစားသူတွေပါ။ လုပ်ရိုးလုပ်စဉ်တွေ၊ ထပ်တလဲလဲ လုပ်နေရတာတွေကို လုံးဝမလုပ် ချင်သူတွေပဲဖြစ်ကြပါတယ်။ တခြားသူတွေရဲ့ ဝေဖန်မှုတွေ၊ ဘေးစကားတွေကို အာရုံလုံးဝမထားပဲ ကိုယ့်လျှောက်တဲ့လမ်းကိုသာ သေသေချာချာ ပြတ်ပြတ်သားသား လျှောက်လှမ်းတတ်သူတွေ ဖြစ်ကြပါတယ်။


– သင်က အားကစားဖိနပ်ကို အကြိုက်ဆုံးဆိုလျှင် ပွင့်ပွင့်လင်းလင်းနေတတ်သူပါ
မိန်းကလေးဖြစ်ပေမယ့် အားကစားဖိနပ်စီးရတာကိုသာ သဘောကျဆုံးသူတွေက ဟန်မဆောင်တတ်သူတွေဖြစ်ကြပါတယ်။ စိတ်ထဲရှိတဲ့အတိုင်း ပွင့်ပွင့်လင်းလင်း ပြောတတ်တဲ့အတွက် တစ်ခါတလေ နားလည်ရခက်တဲ့သူ ဖြစ်နေတတ်ပါတယ်။ ဇွဲကောင်းသူတွေဖြစ်ပြီး အရာရာကို လက်တွေ့စမ်းသပ်ချင်စိတ် ရှိကြသူတွေပါ။ အခက်အခဲတွေတွေ့လည်း အလွယ်တကူ နောက်မဆုတ်တတ်ကြပါဘူး။ တီထွင်နိုင်စွမ်းလည်း ရှိကြပါတယ်။ မိမိကိုယ်ကိုယ် တန်ဖိုးထားသူတွေလည်း ဖြစ်ပါတယ်။


– သင်က လည်ရှည်ဘွတ်ဖိနပ်ကို အကြိုက်ဆုံးဆိုလျှင် စူးစမ်းလိုစိတ်ရှိသူပါ
စတိုင်ကျတဲ့ လည်ရှည်ဘွတ်ဖိနပ်လို ဖိနပ်အမျိုးအစားကို သဘောအကျဆုံးဆိုသူတွေဟာ စူးစမ်းလိုစိတ်ရှိသူတွေ ဖြစ်ပါတယ်။ အမြဲလို ရွှင်လန်းတက်ကြွစွာနေတတ်သူပါ။ မိတ်ဆွေအပေါင်းအသင်းတွေက သင့်ကို အမြဲကြိုဆိုနေတတ်ကြပါတယ်။ ပွင့်ပွင့်လင်းလင်းနဲ့ ပျော်ပျော်နေတတ်ကြပါတယ်။ ဆန်းဆန်းပြားပြားတွေကို သဘောကျလေ့ရှိပြီး တန်ဖိုးကြီးတာ ခေတ်မီတာတွေကို ပိုသဘောကျတတ်သူပါ။ ခရီးသွားရတာကို သဘောကျတတ်ကြပြီး အသစ်အသစ်တွေရှာဖွေရတာကို ပျော်နေတတ်သူပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top