Healthy Life Ad
Health Tips

၀မ်းချုပ်ခြင်းအတွက် သဘာဝ ကုထုံး

၊ စူး (ဆေးဝါးတက္ကသိုလ်) ၊

ဝမ်းချုပ်တာကြောင့် လေပွတာနဲ့ ဗိုက်အောင့်တာတွေ ဖြစ်စေနိုင်ပါတယ်။ ဝမ်းချုပ်ရင် အစာအိမ် အူလမ်းကြောင်းစနစ်မှာ ကျန်းမာရေး ပြဿနာ ဖြစ်စေနိုင်ပြီး ကြာလာရင် လိပ်ခေါင်း ဖြစ်တာ၊ စအိုကွဲတာ အစရှိတဲ့ ဝေဒနာတွေအထိ ဖြစ်တတ်ပါတယ်။ ဒါကြောင့် နေ့စဉ် ဝမ်းမှန်မှန် သွားစေဖို့ သဘာဝ ကုထုံးတွေကို သုံးသင့်ပါတယ်။

– အမျှင်ဓာတ် မှီဝဲခြင်း

အစာထဲက ရတဲ့ အမျှင်ဓာတ်တွေက အူမကြီးမှာ ရေစုပ်ယူမှု ကောင်းစေပြီး ဝမ်းမှန်မှန် သွားစေပါတယ်။ ဒါကြောင့် အမျှင်ဓာတ် ပါဝင်မှုများတဲ့ ပန်းသီး၊ ပန်းဂေါ်ဖီစိမ်း၊ နာနတ်သီး၊ စတော်ဘယ်ရီသီး အစရှိတဲ့ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေကို စားပေးရင် ဝမ်းမှန် စေပါတယ်။

– အကျိုးပြု ဘက်တီးရီးယား မှီဝဲခြင်း

ဒိန်ချဉ်၊ အချဉ်ဖောက်ထားတဲ့ အစာ စတာတွေထဲမှာ အကျိုးပြု ဘက်တီးရီးယား ပါတဲ့အတွက် အစာခြေလမ်းကြောင်း စနစ်ကို အကျိုးပြုစေပြီး အူလှုပ်ရှားမှု ကောင်းကာ အစာ ကြေစေပါတယ်။ ဝမ်းလည်းမှန်မှန် သွားစေပါ တယ်။

– နွားနို့ သောက်ခြင်း

တချို့သူတွေက နွားနို့ မှန်မှန် သောက်တာကြောင့် ဝမ်းမှန်စေသလို တချို့ လူတွေမှာတော့ နွားနို့ထဲမှာ ပါတဲ့ လက်တို့စ်နဲ့ မတည့်တာကြောင့် ဝမ်းချုပ် ရတတ်ပါတယ်။

– လေ့ကျင့်ခန်း လုပ်ခြင်း

လေ့ကျင့်ခန်း လုပ်တာကြောင့် ဝမ်းမချုပ်အောင် ကာကွယ်နိုင်ပါတယ်။ တစ်နေ့လုံး စားပွဲပေါ် ထိုင်ပြီး အလုပ်လုပ်တာကြောင့် အူတွေကို ငြိမ်စေတဲ့အတွက် ဝမ်းချုပ်ရတာပါ။ လှုပ်ရှားမှု လုပ်ရင် အူကြွက်သားတွေကို လှုပ်ရှားစေပြီး ဝမ်းသွားစေပါတယ်။

– ကြက်သီးနွေးရေထဲ ဆောင့်ကြောင့်ထိုင်ခြင်း

ကြက်သီးနွေးရေ ထည့်ထားတဲ့ ရေစိမ်ကန်ထဲ ဆောင့်ကြောင့် ထိုင်ပေးရင် အစာဟောင်းအိမ်ကို ပျော့ပျောင်းစေပြီး အူလှုပ်ရှားမှု ကောင်းစေပါတယ်။ အဲဒီအခါ ဝမ်းသွားချင်စိတ် ဖြစ်စေပါတယ်။

– ကော်ဖီ သောက်ခြင်း

မနက်ခင်းမှာ နှပ်ထားတဲ့ ကော်ဖီတစ်ခွက် သောက် တာကြောင့် စွမ်းအင် တိုးစေပြီး အစာခြေလမ်းကြောင်း စနစ်ကို သိသိသာသာ အားကောင်းစေပါတယ်။ ကော်ဖီတစ်ခွက် သောက် တာကြောင့် အူလှုပ်ရှားမှု ကောင်းပေမယ့် ကော်ဖီသောက်တာ များရင်တော့ ဝမ်းချုပ် စေနိုင်ပါတယ်။

(Ref;HD)

Most Popular

Healthy Life Ad
To Top