၊ လရိပ်မေ ၊
သင် မတ်တပ်ရပ်တဲ့အခါ၊ ထိုင်တဲ့အခါ ကိုယ်နေဟန်က စမတ်ကျနေမှ ခါးနာဝေဒနာ၊ ဇက်ကြောတက်ဝေဒနာတွေ ကင်းစင်နေမှာပါ။ ဒါကြောင့် သင့်ကိုယ်နေဟန် မှန်၊ မမှန်ကို အောက်ပါအတိုင်း အလွယ်စစ်ဆေး ကြည့်လိုက်ပါ။
– နံရံတစ်ခုကို ကျောမှီကာ မတ်မတ်ရပ်ပေးပါ။
– ခြေဖနောင့်တွေကို နံရံနဲ့ ခြောက်လက်မအကွာမှာ ထားပေးပါ။ သင့်တင်ပါးနဲ့ ပခုံးက နံရံနဲ့ ထိနေသင့်ပါတယ်။
ဒီအနေအထားမှာ သင့်လည်ပင်း၊ ကျောနဲ့ နံရံကြား အကွာအဝေးက နှစ်လက်မအောက်ပဲ ရှိသင့်ပါတယ်။ တကယ်လို့ လည်ပင်း ဒါမှမဟုတ် ကျောနဲ့နံရံကြား အကွာအဝေးက သိပ်များနေရင် သင့်ကိုယ်နေဟန်က မမှန်တော့ဘဲ ကျောရိုးက ကောက်နေပြီ ဖြစ်ပါတယ်။
(Ref;HD)