၊ မီမိုး (ဆေးဝါးတက္ကသိုလ်) ၊
ပြောင်းဖူးမှာ ကယ်လိုရီပါဝင်မှုများပြီး ဗီတာမင် ဘီအုပ်စုပါဝင်မှု မြင့်မားပါတယ်။ ပြောင်းဖူးစားတာကြောင့် လိုအပ်တဲ့ သတ္တုဓာတ်တွေရရှိစေပြီး အင်တီအောက်ဆီးဒင့်အစွမ်း ရှိပါတယ်။ အိုမီဂါ ၃ ဖက်တီးအက်စစ်ပါဝင်တဲ့အတွက် မကောင်းတဲ့ ကိုလက်စထရော(LDL)ကို လျော့ကျစေပါတယ်။
-ပါဝင်ပစ္စည်းများ
(၁) ပြောင်းဖူး တစ်ဖူး (ပြုတ်ပြီး လှီးထားပါ)
(၂) ခရမ်းချဉ်သီး အနေတော်တစ်လုံး
(၃) ကြက်သွန်နီ တစ်ဥ (ပါးပါးလှီးထားပါ)
(၄) ဒိန်ချဉ် ခွက်ရဲ့ သုံးပုံတစ်ပုံ
(၅) ပင်စိမ်း လက်ဖက်စားဇွန်း တစ်ဝက်
(၆) ဆားနဲ့ ငရုတ်ကောင်း
-ပြုလုပ်နည်း
ပါဝင်ပစ္စည်းအားလုံးကိုရောပြီး နယ်ပေးပါ။
(Ref;HD)