ဒေါက်တာဒေါ်ဝင်းဝင်းမြင့်(အာဟာရဆိုင်ရာ အထူးကု ဆရာဝန်ကြီး)
မေး ။ ။ ကျွန်တော်က မနက်စာကိုထမင်း၊ ဟင်းစုံလင်အောင်တစ်နပ်စားပြီး ညစာကိုငါးနာရီလောက်မှာ တစ်ခါစားပါတယ်။ အဲဒီလိုစားတာက ကျန်းမာရေးနဲ့ ညီညွတ်ပါသလား ခင်ဗျ။
ကိုထွန်း၊ လှိုင်မြို့နယ်။
ဖြေ ။ ။ ဒီလိုမျိုး စားတာက မနက်စာနဲ့ ညစာစားချိန်ကြားထဲမှာ အချိန်ကဟလွန်းနေတယ်။ ဖြစ်နိုင်ရင် နည်းနည်းနဲ့ ခဏခဏစားတာက အကောင်းဆုံးပါပဲ။ မနက်ကို တစ်ခါစားတယ်၊ ညနေ ငါးနာရီလောက်မရောက်ဘဲနဲ့ နေ့လယ်လောက်မှာ အဆာပြေအဖြစ် သစ်သီးလေးတွေစားပေးတာမျိုး လုပ်သင့်တယ်။ တကယ်တမ်းကျတော့ ထမင်းကို တစ်နေ့မှာ သုံးကြိမ်စားမယ့်အစား အဲဒီပမာဏကိုပဲ ခြောက်ကြိမ်ခွဲစား တာမျိုးလုပ်တာက ကျန်းမာရေးနဲ့ ပိုညီညွတ်ပါတယ်။ အဲဒီလိုစားရင် အစာစားပြီးတိုင်း ခန္ဓာကိုယ်ထဲက အင်ဆူလင်ကထွက်နေတယ်။ အဲဒီလိုထွက်နေတော့ ဆီးချိုရောဂါဖြစ်နိုင်ခြေက အတော်လေးနည်းသွားပါတယ်။
Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။