———၊ ငွေကြယ်စင်ယံ ၊——— ခြင်ကိုက်တာဟာ တကယ်ကို စိတ်မသက်မသာ ဖြစ်စရာကောင်းတဲ့ အခြေအနေပါ။ ခြင်ကိုက်တဲ့နေရာကို သင့်အနေနဲ့ လက်နဲ့ကုတ်ခြစ်လိုက်မယ်ဆိုရင် အရေပြားပေါက်ပြဲသွားပြီး ကူးစက်ပိုးဝင်နိုင်ခြေ ရှိပါတယ်။ ဒါကြောင့် ခြင်ကိုက်တာကြောင့် ကူးစက်ပိုးမဝင်အောင် ကာကွယ်သင့်တဲ့ အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။ နည်းလမ်း (၁)...
—–၊ ပါမောက္ခဦးကိုကို(ဆီးချိုနှင့် အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။ ၊—– Q. တလောက ဆင်ခြေထောက်ရောဂါ ကာကွယ်ဆေးတွေ တိုက်ပါတယ်ဆရာ၊ ကျွန်မတို့မိသားစုမှာ တစ်ဦးက မသောက်လိုက်ရပါဘူး။ ကာကွယ်ဆေးသောက်တာအပြင် ဆင်ခြေထောက်ရောဂါမဖြစ်အောင် တခြားဘယ်လိုနည်းနဲ့ ကာကွယ်နိုင်ပါသလဲ ဆရာ။ KyuKyu(FB) A. ဆင်ခြေထောက်ရောဂါက...
မေး ။ သွေးလွန်တုပ်ကွေးနဲ့ ပတ်သက်ပြီး သိထားသင့်တဲ့အချက်တွေကို ပြောပြပေးပါ ဆရာ။ ပါမောက္ခဦးကိုကို(ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး) မှ ပြန်လည်ဖြေကြားပေးပါသည် ။ ဖြေ ။ သွေးလွန်တုပ်ကွေးကတော့ ခြင်ကျားကိုက်လို့ ဖြစ်တာပါ။ ကလေးတွေ သွေးလွန်တုပ်ကွေး ဖြစ်ရင် အသက်အန္တရာယ် ရှိပါတယ်။...
ဒေါက်တာကျော်စွာဦး (ရောင်ခြည်သစ်ကုသိုလ်ဖြစ်ဆေးခန်း တာဝန်ခံနှင့် တွေ့ဆုံဆွေးနွေးခြင်း) မေး. ဆင်တုပ်ကွေးရောဂါက ဘာကြောင့်ဖြစ်ရတာပါလဲ ဆရာ။ ဖြေ. ရောဂါပိုးပါတဲ့ ဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ ခြင်ကိုက်လို့ ဖြစ်ရတာပါ။ ဆင်တုပ်ကွေးဖြစ်စေတဲ့ ခြင်က သွေးလွန်တုပ်ကွေး ဖြစ်စေတဲ့ခြင်နဲ့ မျိုးစိပ်တူလို့ နေ့ခင်းဘက်ကိုက်တဲ့ခြင်တွေဖြစ်ပါတယ်။ မနက်လင်းချိန်ကနေ ညနေအထိ...
ပါမောက္ခဒေါက်တာမြတ်စန္ဒာကျော် (အရေပြားအထူးကုဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း) မေး. ခြင်ကိုက်ရင် အရေပြားမှာ ဘယ်လိုပြောင်းလဲတတ်ပါသလဲ ဆရာမ။ ဖြေ. ခြင်ကိုက်တဲ့အခါ အရေပြားက ဓာတ်မတည့်မှုဖြစ်ပြီး ရောင်လာတတ်ပါတယ်။ မိနစ်ပိုင်းအတွင်း ခြင်ကိုက်တဲ့အရေပြားမှာ အနီဖုလေးတွေ၊ အရည်ကြည်ဖုလေးတွေ တွေ့နိုင်ပါတယ်။ အရေပြားမှာ အနီပြင်၊ အနီဖု၊ ရည်ကြည်ဖု၊...
လူအများစုဝေးနေချိန်မှာ ခြင်တွေက ဘယ်သူ့ကို ပိုပြီးကိုက်တတ်သလဲ၊ ခြင်ပြေးစေတဲ့ ဆေးတွေကို ဘာကြောင့် သူတို့မုန်းရသလဲဆိုတဲ့ အချက်တွေကို သိထားသင့်ပါတယ်။ ဒါမှသာ ခြင်အကိုက်မခံရအောင် ရှောင်လွှဲနိုင်မှာဖြစ်ပြီး ခြင်ကြောင့် ရရှိတတ်တဲ့ ရောဂါဝေဒနာတွေ ကင်းဝေးမှာဖြစ်ပါတယ်။ – ဘီယာသောက်ထားလျှင် ဘီယာသောက်ထားတဲ့အခါ အရေပြားဓာတုဗေဒစနစ် ပြောင်းလဲသွားတဲ့အတွက်...
စူး ( ဆေးဝါးတက္ကသိုလ် ) အိပ်မောကျနေချိန်မှာ ခြင်အကိုက်မခံရစေဖို့ အောက်ပါနည်းလမ်းတွေကို လိုက်နာသင့်ပါတယ်။ (၁) ညအိပ်ဝတ်စုံ ဘောင်းဘီရှည်၊ အင်္ကျီလက်ရှည် ဝတ်အိပ်ပါ အရေပြားကို ဖုံးအုပ်မှု နည်းလေလေ ခြင်အကိုက်ခံရနိုင်လေလေဖြစ်တဲ့အတွက် အိပ်မယ်ဆိုရင် ညအိပ်ဝတ်စုံ လက်ရှည်အင်္ကျီနဲ့ ဘောင်းဘီရှည်ကို ဝတ်ဆင်ပါ။...